ကရင်ဆရာကြီး ပြောပြတဲ့ ရင်ကြပ်ပန်းနာ လက်တွေ့ပျောက်ဆေး
|ပန်းနာရင်ကြပ် ရှိသူတွေ အတွက် ဆေးနည်းကောင်းလေး ကို ပြန်လည်မျှဝေပေးပါရစေ
ဤဆေးနည်းမှာ ကရင်ဆေးဆရာတစ်ဦးထံမှ ရှိသောဆေးနည်းဖြစ်၏။အကြောင်းမသိလျှင် ရယ်စရာဖြစ်သော်လည်းသုံးစွဲရာ၌မူကား တကယ်စွမ်းသောဆေးနည်းဖြစ်ပေသည်။
ချိန်ခွင်အလွယ်တကူမရှိသောအရပ်ဒေသများတွင်ဖော်စပ်သောဆေးဖြစ်သဖြင့်အချိန်အတွယ်ကားအတိအကျမပါပေသို့သော် ခန့်မှန်း၍အညီအမျှချိန်ယူနိုင်ပါသည်။
(မှတ်ချက်= ချိန်ခွင်ရှိရာအရပ်၌ဖြစ်မူကား အညီအမျှချိန်တွယ်ယူ၍ဖော်စပ်နိုင်ပါသည် )အနည်းငယ်မျှ အပိုအလိုရှိသော်လည်း ရပါသည် အရေးကြီးလှသည်မဟုတ်ပါပေ
ဆေးဖော်ရန်မှာ
ကြက်သွန်နီ ဥ ကြီးကြီး ၅ ဥ
ပုဇွန်ထုပ်အကြီး ၅ ထုပ်
ထန်းလျှက်ခဲအကြီး ၅ ခဲ
တို့လိုအပ်ပါသည်
ချက်နည်းမှာ
ကြက်သွန်နီဥနှင့် ပုဇွန်ထုပ် တို့ကို သန့်ရှင်းအောင်ပြုပြင်ဆေးကြောပြီး နုပ်နုပ်စဉ်းရပါမည်အိုးတစ်လုံးတွင်ထန်းလျှက်ကိုထည့်၍ကျိုပြီးအရည်ဖြစ်လျှင်ကြက်သွန်နှင့်ပုဇွန်စဉ်းပြီးသားကိုထည့်၍မွှေရပါမည်။ ဆားအနည်းငယ် သင်ရုံထည့်ပါ။
မတူးမခြစ်ရအောင် မီးနွေးနွေးဖြင့်မွှေပါ ။ပုဇွန်ကျက်လောက်သောအချိန်တွင်ချ၍ အအေးခံထားပါ
ဆေးစားနည်းမှာ
ဆေးစားမည့်ဝေဒနာရှင်အား ဆေးကျွေးမည့်နေ့တွင်အစာမကျွေးပဲထားပြီး အထက်ပါဆေးတစ်အိုးချက်ကို တစ်ထိုင်တည်းနှင့် ကုန်အောင်စားစေရပါမည်။ အကယ်၍ တစ်ထိုင်ထဲနှင့် ကုန်အောင်မစားနိုင်ခဲ့သော် အခြားအစားအစာ မကျွေးပဲ ထိုဆေးကိုသာ နား၍ နား၍ ကုန်အောင်စားစေရပါမည် ရေနွေးကြမ်းနှင်လည်းသောက်နိုင်ပါသည်။
နှစ်ပေါင်းများစွာစွဲကပ်လာခဲ့သော ပန်းနာရင်ကျပ်ရောဂါကြီးများဒိဋ္ဌပျောက်ပါသည် အော့အန်ခြင်း ဝမ်းသွားခြင်းအလျင်းမရှိပါ ။အန်ချင်သလိုလို ဝမ်းသွားချင်သလိုလိုတော့ဖြစ်တတ်ပါသည်။
အသက် ၆၀ ကျော် အဘိုးကြီးတစ်ဥိးနှင့် အဘွားကြီးတစ်ဦးတို့အား စာရေးသူ ကိုယ်တိုင်ကျွေးဖူးရာ အဘိုးကြီးကကောက်ညှင်ပေါက်းနှင့် ကျွဲနို့ကို မစားခဲ့ရတာ နှစ်ပေါင်းကြာပြီ ယခုမှပဲ အားရပါးရစားနိုင်တော့သည် ဟုပြောပါသည်
အဘွားကြီးက မူကား ရင်ကျပ်ချိန်မှာ ကျပ်မလာတော့လည်း ရင်ထဲကလေတွေ တက်လိုက်ဆင်းလိုက် ဖြစ်နေတယ် ဟု ပြောပါသည် ။
ကရင်ဆေးဟူ၍အထင်သေး၍မရ။
နည်းပေးသော ကရင်ဆေးဆရာကြီးအား များစွာပင်ကျေးဇူးတင်မိပါသည်။
ထန်လျှက်ခဲ နှင့် ပုဇွန် ကြက်သွန်တို့မှာ မဆီမဆိုင်ဖြစ်သောကြောင့် စာရေးသူကိုယ်တိုင်ပင်ဆေးနည်းကိုရခါစက မယုံကြည်ခဲ့ပေ။ကိုယ်တိုင်ကုသပေး၍ ပျောက်ကင်းသည်ကို တွေ့သောအခါမှသာ ယုံကြည်မိပါတော့သည်။
ယုံကြည်သည့်အလျောက် မိဘပြည်သူများ ပန်းနာရင်ရင်ကျပ်အတွက် စိတ်မညစ်ရလေအောင် လျင်မြန်စွာ သုံးစွဲကြည့်ပါဟု တိုက်တွန်းရင်း
လေးစားစွာဖြင့်
ဆရာဦးသိန်းလွင်(အစိုးရဆေးခန်းမှုးဟောင်း)
ဆရာဦးသိန်းလွင် ရေးသားပြုစုသော အိမ်တွင်းသမားတော်ကျမ်း နှင့်လက်တွေ့မြန်မာဆေးစွမ်းကောင်းများ(1991.Jun .29.ရက်နေ့ထုတ်)
စာအုပ်မှ ကူးယူမျှဝေပါသည်
KoNaing(Mdy)
Dr.မင်းမင်းထက်သာ ရေးသားထားသော Post ကိုလဲ လိုအပ်သောနေရာက တူရာကို ဖတ်နိုင်စေဘို့ ထပ်မံဖြည့်စွက်ပေးလိုက်ပါသည်ခင်ဗျာ
ကျနော်က လက်ထောက် ဆရာဝန်ဘဝပေါ့ ။ ဧရာဝတီတိုင်း ထဲက လပွတ္တာမှာပေါ့။ဖြစ်ချင်တော့ ဘရုတ်ဗရက် ခေတ်ပျက်ပြီးစကာလဆိုရမဲ့၈၉/၉၀ကာလပေါ့။ ဆေးရုံမှာ မိုးရေပုလင်းနဲ့အရက်ပျံတောင်မရှိတဲ့ကာပေါ့
ပိုဆိုတာ ဆေးရုံအုပ်ကြီးက အထက်က လူကြီးတွေအမျက်တော်ရှ နယ်နှင်ဒဏ်ပေးလိုက်သလို ပင်စင်ယူခါနီးလေးကပ်ပြီး ရောက်နေတာ။{အင်ဆရာဝန်ကြီးလဲ ၉၄ခုနှစ်မှာ ဆုံးသွားပါပြီ}
ရှိတဲ့ဆေးတွေထိုးကြ တိုက်ကြ လူငယ်လေအတွက်မျှော်လင်ချက်ကနတ္ထိ လူတွေက တနေ့လုပ်မှတနေ့စားမိသားစုတွေဗိန္ဓော လိုကုသခြင်ပေမဲ့မဖြစ်ဖူးလေ ရင်ထဲမကောင်းဘူး။ကိုယ်ကလည်းရောက်တာ၁လတောင်မပြည့်သေးဘူး
တနေ့ လှေဆိပ်ဖက်လျောက်သွားတာပေါ့ ဖြစ်ချင်တော့ (ပုဇွန်တုတ်ကြီးတွေ လှေပေါ်ကချရောင်းနေတာတွေ့တော့ ၁ပိသာ ၁၀၀၀တဲ့ငင်ဈေးကြီးထှာ(အဲ့ဒီ ၉၀ခုနှစ်ကာလ)ပေါ့နော့် ဒါနဲ့၁ပိသာဝယ်တော့ ၆ကောင်ဘဲရတယ် ဖတ်နဲ့ထုပ်ပေးတာယူပြီးအိမ်ပြန်လါတယ်။လူငယ်လေးကို ဆေးကျမ်တစ်ခုထဲက [ကရင်ဆေးဆရာကြီးနည်းနဲ့ဆေးကုမလိုပေါ့}
၁။ပုဇွန်တုတ်ကြီး ၅ကောင်
၂။ကြက်သွန်နီဥကြီး၅လုးံ
၃။ထန်းလျက်ခဲကြီး ၅ လုးံနဲ့ ဆားလေး
သင်ရုံထည်အပီအပြင်ချက်တာပေါ့။သိတယ်မဟုတ်လား တိုက်ရင်းနွယ်ဖွါးဆေးဆရာတွေ ဟာ ဓါတ်စာနဲ့ကုတော့ အချိန်အတွယ်အလေးချိန်မတိကျဖူးအကုန်ဆတူခန့်မှန်းပြီးဆေးစပ်တာလေ အဲ့လိုချက်ပြီး တဆင့်ခိူင့်လေးထဲထည့် ဇွန်းတစ်ချောင်းပါယူလာပြီး ရင်ကြပ်မောငုတ်တုတ်ခေါင်းအုန်းလေးဆင့် မျက်တွင်းဟောက်ပက် ဖြူလျော်လျော် ကလေးငယ်ကို ခတ်တည်တည်နဲ့ကိုယ်တိုင် ခွံကျွေး တာပေါ့ ဘယ်လါတစ်ခါထဲ ကုန်မလဲပေါ့နော်
နာရီလေးခြားလိုက် ခိူင့်ကလေးကျနော်နားနေခန်းထဲ ပြန်ယူသွားလိုက် *ခိုးကျွေးလိုက်နဲ့* မနက်၁၀နာရီကကျွေးတာညနေ၃နာရီမှပုဇွန်တုတ်ကြီး ၅ကောင်ကုန်ရော့ကျွေးပြီးတာနဲ့ ကျနော်မှာ ဘုရာတ ဂုဏ်တော်တွေ တတ်သမျှမှတ်တမျှ ပွစိပွစိနဲ့ ရွတ်လိုက်ရတာအမော အင် ထန်းလျက်ပါတော့ ရင်ကြပ် သလိပ်ဆို့သေမှာစိုးလို့လေ ဂုဏ်တော်ပေါင်းစုံပဋ္ဌာန်းဘယ်နှစ်ခေါက်မသိ တောင်ကျွန်း မြှောက်ကျွန်းအရှေကျွန်းအနောက်ကျွန်းသံဗုဒ္ဓေဂါထာတွေပါ ရသမျှအကုန်ရွတ် ဒီကလေးသေရင် ကျနော်ဘဝပျက်ပေါ့။
ဘာဖြစ်ဖြစ် စိတ်ထဲမှာ ကုသပေးချင်တဲ့စိတ် နောက်တစ်ခါ ဗိန္ဓောဆေးပညာအရ (အပူပန်းနာရင်ကြပ်လက္ခဏာ တွေတွေ့နေရတာ ကြောင့် နောက်ပြီး ဒီဆေးနည်းနဲ့ လက်တွေ့၁၀ယောက်ထက်မနည်း ကုသပေးခဲ့ဘူးတယ် အတော်ထူးခြားပြီး ၆ယောက်လေါက်အရှင်းပျောက်သွားဖူးတယ် ပျောက်တဲ့လူနာတွေဟာ အပူပန်းနာရင်ကြပ်သမား ၅ယောက်ရှိပြီး အအေးပန်းနာသမားက ၁ယောက်ဘဲပျောက်တယ် ကျန်အအေးပန်းနာသမားကို တိုင်ရင်ဆေး၂၄ဆေးကူတိုက်မှပျောက်ဖူးတာ ။
ဒါကြောင့် လည်း မနေနိုင်မထိုင်နိင်ကုသပေးဖြစ်ခဲ့တာပါ။ ကရင်တိုင်းရင်းဆေးဆရာကြီးရဲ့ ကရင် ရိုးရာ ဆေးပညာပါဘဲ။ ဒီဆရာကြီးအကြောင်းရေးသားထားတဲ့ စာတိုပေစအရ သမားစဉ်မိူး ရိုးဘဲလို့သိရတယ်။ ဒီဆေးနည်းလေးကို [ဆရာကြီးဦးသိန်းလွင် ရေးတဲ့**အိမ်တွင်းသမားတော်ဆေးကျမ်းငယ်လေးနဲ့ ၈၅ခုနှစ်ကထုတ်တဲ့ သမားတော်စာစောင် တွေမှ ဖတ်မှတ်ခဲ့ဘူးတာကစပြီး{အစာလည်းဆေး ဆေးလည်းအစာ}ဆိုတဲ့အတိုင်းသဘောကျပြီး လက်တွေ့ကုသ ဘူးတာလေးပါ။ ။
Dr.မင်းမင်းထက်သာ
ပန္းနာရင္ၾကပ္ ရွိသူေတြ အတြက္ ေဆးနည္းေကာင္းေလး ကို ျပန္လည္မွ်ေဝေပးပါရေစ
ဤေဆးနည္းမွာ ကရင္ေဆးဆရာတစ္ဦးထံမွ ရွိေသာေဆးနည္းျဖစ္၏။အေၾကာင္းမသိလွ်င္ ရယ္စရာျဖစ္ေသာ္လည္းသုံးစြဲရာ၌မူကား တကယ္စြမ္းေသာေဆးနည္းျဖစ္ေပသည္။
ခ်ိန္ခြင္အလြယ္တကူမရွိေသာအရပ္ေဒသမ်ားတြင္ေဖာ္စပ္ေသာေဆးျဖစ္သျဖင့္အခ်ိန္အတြယ္ကားအတိအက်မပါေပသို႔ေသာ္ ခန႔္မွန္း၍အညီအမွ်ခ်ိန္ယူႏိုင္ပါသည္။
(မွတ္ခ်က္= ခ်ိန္ခြင္ရွိရာအရပ္၌ျဖစ္မူကား အညီအမွ်ခ်ိန္တြယ္ယူ၍ေဖာ္စပ္ႏိုင္ပါသည္ )အနည္းငယ္မွ် အပိုအလိုရွိေသာ္လည္း ရပါသည္ အေရးႀကီးလွသည္မဟုတ္ပါေပ
ေဆးေဖာ္ရန္မွာ
ၾကက္သြန္နီ ဥ ႀကီးႀကီး ၅ ဥ
ပုဇြန္ထုပ္အႀကီး ၅ ထုပ္
ထန္းလွ်က္ခဲအႀကီး ၅ ခဲ
တို႔လိုအပ္ပါသည္
ခ်က္နည္းမွာ
ၾကက္သြန္နီဥႏွင့္ ပုဇြန္ထုပ္ တို႔ကို သန႔္ရွင္းေအာင္ျပဳျပင္ေဆးေၾကာၿပီး ႏုပ္ႏုပ္စဥ္းရပါမည္အိုးတစ္လုံးတြင္ထန္းလွ်က္ကိုထည့္၍က်ိဳၿပီးအရည္ျဖစ္လွ်င္ၾကက္သြန္ႏွင့္ပုဇြန္စဥ္းၿပီးသားကိုထည့္၍ေမႊရပါမည္။ ဆားအနည္းငယ္ သင္႐ုံထည့္ပါ။
မတူးမျခစ္ရေအာင္ မီးေႏြးေႏြးျဖင့္ေမႊပါ ။ပုဇြန္က်က္ေလာက္ေသာအခ်ိန္တြင္ခ်၍ အေအးခံထားပါ
ေဆးစားနည္းမွာ
ေဆးစားမည့္ေဝဒနာရွင္အား ေဆးေကြၽးမည့္ေန႔တြင္အစာမေကြၽးပဲထားၿပီး အထက္ပါေဆးတစ္အိုးခ်က္ကို တစ္ထိုင္တည္းႏွင့္ ကုန္ေအာင္စားေစရပါမည္။ အကယ္၍ တစ္ထိုင္ထဲႏွင့္ ကုန္ေအာင္မစားႏိုင္ခဲ့ေသာ္ အျခားအစားအစာ မေကြၽးပဲ ထိုေဆးကိုသာ နား၍ နား၍ ကုန္ေအာင္စားေစရပါမည္ ေရေႏြးၾကမ္းႏွင္လည္းေသာက္ႏိုင္ပါသည္။
ႏွစ္ေပါင္းမ်ားစြာစြဲကပ္လာခဲ့ေသာ ပန္းနာရင္က်ပ္ေရာဂါႀကီးမ်ားဒိ႒ေပ်ာက္ပါသည္ ေအာ့အန္ျခင္း ဝမ္းသြားျခင္းအလ်င္းမရွိပါ ။အန္ခ်င္သလိုလို ဝမ္းသြားခ်င္သလိုလိုေတာ့ျဖစ္တတ္ပါသည္။
အသက္ ၆၀ ေက်ာ္ အဘိုးႀကီးတစ္ဥိးႏွင့္ အဘြားႀကီးတစ္ဦးတို႔အား စာေရးသူ ကိုယ္တိုင္ေကြၽးဖူးရာ အဘိုးႀကီးကေကာက္ညႇင္ေပါက္းႏွင့္ ကြၽဲႏို႔ကို မစားခဲ့ရတာ ႏွစ္ေပါင္းၾကာၿပီ ယခုမွပဲ အားရပါးရစားႏိုင္ေတာ့သည္ ဟုေျပာပါသည္
အဘြားႀကီးက မူကား ရင္က်ပ္ခ်ိန္မွာ က်ပ္မလာေတာ့လည္း ရင္ထဲကေလေတြ တက္လိုက္ဆင္းလိုက္ ျဖစ္ေနတယ္ ဟု ေျပာပါသည္ ။
ကရင္ေဆးဟူ၍အထင္ေသး၍မရ။
နည္းေပးေသာ ကရင္ေဆးဆရာႀကီးအား မ်ားစြာပင္ေက်းဇူးတင္မိပါသည္။
ထန္လွ်က္ခဲ ႏွင့္ ပုဇြန္ ၾကက္သြန္တို႔မွာ မဆီမဆိုင္ျဖစ္ေသာေၾကာင့္ စာေရးသူကိုယ္တိုင္ပင္ေဆးနည္းကိုရခါစက မယုံၾကည္ခဲ့ေပ။ကိုယ္တိုင္ကုသေပး၍ ေပ်ာက္ကင္းသည္ကို ေတြ႕ေသာအခါမွသာ ယုံၾကည္မိပါေတာ့သည္။
ယုံၾကည္သည့္အေလ်ာက္ မိဘျပည္သူမ်ား ပန္းနာရင္ရင္က်ပ္အတြက္ စိတ္မညစ္ရေလေအာင္ လ်င္ျမန္စြာ သုံးစြဲၾကည့္ပါဟု တိုက္တြန္းရင္း
ေလးစားစြာျဖင့္
ဆရာဦးသိန္းလြင္(အစိုးရေဆးခန္းမႈးေဟာင္း)
ဆရာဦးသိန္းလြင္ ေရးသားျပဳစုေသာ အိမ္တြင္းသမားေတာ္က်မ္း ႏွင့္လက္ေတြ႕ျမန္မာေဆးစြမ္းေကာင္းမ်ား(1991.Jun .29.ရက္ေန႔ထုတ္)
စာအုပ္မွ ကူးယူမွ်ေဝပါသည္
KoNaing(Mdy)
Dr.မင္းမင္းထက္သာ ေရးသားထားေသာ Post ကိုလဲ လိုအပ္ေသာေနရာက တူရာကို ဖတ္ႏိုင္ေစဘို႔ ထပ္မံျဖည့္စြက္ေပးလိုက္ပါသည္ခင္ဗ်ာ
က်ေနာ္က လက္ေထာက္ ဆရာဝန္ဘဝေပါ့ ။ ဧရာဝတီတိုင္း ထဲက လပြတၱာမွာေပါ့။ျဖစ္ခ်င္ေတာ့ ဘ႐ုတ္ဗရက္ ေခတ္ပ်က္ၿပီးစကာလဆိုရမဲ့၈၉/၉၀ကာလေပါ့။ ေဆး႐ုံမွာ မိုးေရပုလင္းနဲ႔အရက္ပ်ံေတာင္မရွိတဲ့ကာေပါ့
ပိုဆိုတာ ေဆး႐ုံအုပ္ႀကီးက အထက္က လူႀကီးေတြအမ်က္ေတာ္ရွ နယ္ႏွင္ဒဏ္ေပးလိုက္သလို ပင္စင္ယူခါနီးေလးကပ္ၿပီး ေရာက္ေနတာ။{အင္ဆရာဝန္ႀကီးလဲ ၉၄ခုႏွစ္မွာ ဆုံးသြားပါၿပီ}
ရွိတဲ့ေဆးေတြထိုးၾက တိုက္ၾက လူငယ္ေလအတြက္ေမွ်ာ္လင္ခ်က္ကနတၳိ လူေတြက တေန႔လုပ္မွတေန႔စားမိသားစုေတြဗိေႏၶာ လိုကုသျခင္ေပမဲ့မျဖစ္ဖူးေလ ရင္ထဲမေကာင္းဘူး။ကိုယ္ကလည္းေရာက္တာ၁လေတာင္မျပည့္ေသးဘူး
တေန႔ ေလွဆိပ္ဖက္ေလ်ာက္သြားတာေပါ့ ျဖစ္ခ်င္ေတာ့ (ပုဇြန္တုတ္ႀကီးေတြ ေလွေပၚကခ်ေရာင္းေနတာေတြ႕ေတာ့ ၁ပိသာ ၁၀၀၀တဲ့ငင္ေဈးႀကီးထွာ(အဲ့ဒီ ၉၀ခုႏွစ္ကာလ)ေပါ့ေနာ့္ ဒါနဲ႔၁ပိသာဝယ္ေတာ့ ၆ေကာင္ဘဲရတယ္ ဖတ္နဲ႔ထုပ္ေပးတာယူၿပီးအိမ္ျပန္လါတယ္။လူငယ္ေလးကို ေဆးက်မ္တစ္ခုထဲက [ကရင္ေဆးဆရာႀကီးနည္းနဲ႔ေဆးကုမလိုေပါ့}
၁။ပုဇြန္တုတ္ႀကီး ၅ေကာင္
၂။ၾကက္သြန္နီဥႀကီး၅လုးံ
၃။ထန္းလ်က္ခဲႀကီး ၅ လုးံနဲ႔ ဆားေလး
သင္႐ုံထည္အပီအျပင္ခ်က္တာေပါ့။သိတယ္မဟုတ္လား တိုက္ရင္းႏြယ္ဖြါးေဆးဆရာေတြ ဟာ ဓါတ္စာနဲ႔ကုေတာ့ အခ်ိန္အတြယ္အေလးခ်ိန္မတိက်ဖူးအကုန္ဆတူခန႔္မွန္းၿပီးေဆးစပ္တာေလ အဲ့လိုခ်က္ၿပီး တဆင့္ခိူင့္ေလးထဲထည့္ ဇြန္းတစ္ေခ်ာင္းပါယူလာၿပီး ရင္ၾကပ္ေမာငုတ္တုတ္ေခါင္းအုန္းေလးဆင့္ မ်က္တြင္းေဟာက္ပက္ ျဖဴေလ်ာ္ေလ်ာ္ ကေလးငယ္ကို ခတ္တည္တည္နဲ႔ကိုယ္တိုင္ ခြံေကြၽး တာေပါ့ ဘယ္လါတစ္ခါထဲ ကုန္မလဲေပါ့ေနာ္
နာရီေလးျခားလိုက္ ခိူင့္ကေလးက်ေနာ္နားေနခန္းထဲ ျပန္ယူသြားလိုက္ *ခိုးေကြၽးလိုက္နဲ႔* မနက္၁၀နာရီကေကြၽးတာညေန၃နာရီမွပုဇြန္တုတ္ႀကီး ၅ေကာင္ကုန္ေရာ့ေကြၽးၿပီးတာနဲ႔ က်ေနာ္မွာ ဘုရာတ ဂုဏ္ေတာ္ေတြ တတ္သမွ်မွတ္တမွ် ပြစိပြစိနဲ႔ ႐ြတ္လိုက္ရတာအေမာ အင္ ထန္းလ်က္ပါေတာ့ ရင္ၾကပ္ သလိပ္ဆို႔ေသမွာစိုးလို႔ေလ ဂုဏ္ေတာ္ေပါင္းစုံပ႒ာန္းဘယ္ႏွစ္ေခါက္မသိ ေတာင္ကြၽန္း ေျမႇာက္ကြၽန္းအေရွကြၽန္းအေနာက္ကြၽန္းသံဗုေဒၶဂါထာေတြပါ ရသမွ်အကုန္႐ြတ္ ဒီကေလးေသရင္ က်ေနာ္ဘဝပ်က္ေပါ့။
ဘာျဖစ္ျဖစ္ စိတ္ထဲမွာ ကုသေပးခ်င္တဲ့စိတ္ ေနာက္တစ္ခါ ဗိေႏၶာေဆးပညာအရ (အပူပန္းနာရင္ၾကပ္လကၡဏာ ေတြေတြ႕ေနရတာ ေၾကာင့္ ေနာက္ၿပီး ဒီေဆးနည္းနဲ႔ လက္ေတြ႕၁၀ေယာက္ထက္မနည္း ကုသေပးခဲ့ဘူးတယ္ အေတာ္ထူးျခားၿပီး ၆ေယာက္ေလါက္အရွင္းေပ်ာက္သြားဖူးတယ္ ေပ်ာက္တဲ့လူနာေတြဟာ အပူပန္းနာရင္ၾကပ္သမား ၅ေယာက္ရွိၿပီး အေအးပန္းနာသမားက ၁ေယာက္ဘဲေပ်ာက္တယ္ က်န္အေအးပန္းနာသမားကို တိုင္ရင္ေဆး၂၄ေဆးကူတိုက္မွေပ်ာက္ဖူးတာ ။
ဒါေၾကာင့္ လည္း မေနႏိုင္မထိုင္နိင္ကုသေပးျဖစ္ခဲ့တာပါ။ ကရင္တိုင္းရင္းေဆးဆရာႀကီးရဲ႕ ကရင္ ႐ိုးရာ ေဆးပညာပါဘဲ။ ဒီဆရာႀကီးအေၾကာင္းေရးသားထားတဲ့ စာတိုေပစအရ သမားစဥ္မိူး ႐ိုးဘဲလို႔သိရတယ္။ ဒီေဆးနည္းေလးကို [ဆရာႀကီးဦးသိန္းလြင္ ေရးတဲ့**အိမ္တြင္းသမားေတာ္ေဆးက်မ္းငယ္ေလးနဲ႔ ၈၅ခုႏွစ္ကထုတ္တဲ့ သမားေတာ္စာေစာင္ ေတြမွ ဖတ္မွတ္ခဲ့ဘူးတာကစၿပီး{အစာလည္းေဆး ေဆးလည္းအစာ}ဆိုတဲ့အတိုင္းသေဘာက်ၿပီး လက္ေတြ႕ကုသ ဘူးတာေလးပါ။ ။
Dr.မင္းမင္းထက္သာ