ဒါကိုဖတ်ပြီးမှ သီတဂူဆရာတော်ကြီးကို တိုက်ခိုက်ကြပါ
|အခုတလော အင်တာနက်သုံးရင် မြင်နေရတဲ့ စိတ်ထဲ တော်တော်လေး ကို ဘဝင်မကြဖြစ်မိပါတယ်။ Profile အစစ်နဲ့ရော အတုနဲ့ပါ ဆရာတော်ဘုရားကြီးကို ဆဲဆို မိုက်ရိုင်းနေကြတာဟာ တကယ့်ကို အကုသိုလ်ပါပဲ။
Facebook ကို အပျင်းပြေမသုံးဖို့တောင် အခါခါ စဉ်းစားမိပါတယ်။
သီတဂူ ဆရာတော်ဘုရားကြီးဆိုတော့ ဗုဒ္ဓသာသနာကို ကမ္ဘာ့အလယ်မှာ ဝင့်ထည်အောင် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ပါ။ နိုင်ငံတကာ ဘာသာတရားတွေ ရင်ဘောင်တန်းနိုင်အောင် အမျိုးမျိုးဆောင်ရွက်တော်မူနေသူပါ။
ပစ်မှားမိသူက သူ့အပြစ်နဲ့သူ ခံရမယ်ဆိုတာ မမေ့စေချင်ပါဘူး။
ဆရာတော် ဘုရားကြီးကို မျိုးစုံဝေဖန်တိုက်ခိုက်နေသူတွေကို တစ်ခုပဲ ပြောချင်ပါတယ်။
ဆရာတော် ဘုရားကြီးစစ်ကိုင်းတောင်မှာ ရေလှူတာ အနှစ် ၄၀ ပြည့်ပါပြီ ။ မျက်စိ ဆေးရုံဆိုတာလည်း ဆရာတော် ဘုရားကြီးရဲ့ မေတ္တာတွေပါ။( အများကြီး ကျန်ပါသေးတယ်) ပြောချင်တာက သူ့လို လုပ်နိုင်လားလို့ မေးတာ မဟုတ်ပါဘူး။ ဆရာတော် ဘုရားကြီးက ပြည်တွင်းပြည်ပ မှာ သာသနာတော်အတွက် ခွန်အားကြီးကြီးနဲ့ အလုပ်လုပ်နေတဲ့ ဆရာတော် ဖြစ်တယ်ဆိုတာကို မြင်စေချင်တာပါ။
ကွန်မြူနစ် နိုင်ငံ ၊ လူမျိုးကြီး နိုင်ငံဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာတောင် ဆရာတော်ဘုရားကြီးက ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခွင့်ရအောင် စွမ်းဆောင်သူဆိုတာလည်း မမေ့စေချင်ပါဘူး။
ဒါတွေ လုပ်ခဲ့တာ လုပ်နေတာတွေ ကြောင့် ဆရာတော် ဘုရားကြီးကို ကြောက်လန့်ပြီး မဆဲဆို မတိုက်ခိုက်ကြပါနဲ့။ ဆရာတော် ဘုရားကြီးက ရွေးကောက်ပွဲ ဝင်အရွေးခံမယ့် သူလည်း မဟုတ်ပါဘူး။
အမျိုး ၊ ဘာသာ ၊ သာသနာအတွက် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်နေတဲ့ သူဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်။