အခွန်တွေ လျော့လို့ ကားများ ဈေးကြတော့မည်

Sharing is caring!

ကျနော်တို့နိုင်ငံက အခွန်ကောက်ခံမှုတွေ နှုန်းထားတွေများတဲ့အတွက် ကားဝယ်စီးနိုင်ကျပေမယ့် အမည်ပေါက်ပြောင်းဖို့ ရွံနေကြတယ်။ ဒါကြောင့် အမည်ပေါက်မဟုတ်ပဲ စီးနေကျတဲ့ အိမ်စီးကားတွေ ဒုနဲ့ဒေးပါ။သြဂုတ် ၁ရက်မှ စတင်ပြီး မော်တော်ယာဉ်တင်သွင်းမှုများကို အကောက်ခွန် ဖြေလျှော့ခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်အရ သိရပါတယ်။စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ဇူလိုင် ၁၉ ရက်ပါ

အမိန့်ကြော်ငြာစာအရ လူစီးမော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ 2000 CC နှင့်အောက်ကို လက်ရှိ အကောက်ခွန်နှုန်း ၃ဝရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့လည်းကောင်း၊အင်ဂျင်ပါဝါ 2001 CCနှင့်အထက်ကို လက်ရှိကောက်ခွန်နှုန်း ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ SKD စနစ်ဖြင့် တင်သွင်းသော မော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ 2000 CC နှင့်အောက်ကို လက်ရှိ အကောက်ခွန်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၀ ရာခိုင်နှုန်းသို့းကောင်း၊

အင်ဂျင်ပါဝါ 2001 CCနှင့်အထက်ကို လက်ရှိ အကောက်ခွန်နှုန်း ၂၀ ရာခိုင်နှုန်းမှ ၅ရာခိုင်နှုန်းသို့လည်းကောင်း ဖြေလျှော့ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။အကောက်ခွန်နှုန်းထားများနှင့် ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက MACCS ဌာနခွဲ Help Desk Section နှင့် ဆက်ဆံရေးဌာနစိတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရပါတယ်။

Credit

Zawgyi Version




Credit

Add a Comment

Your email address will not be published. Required fields are marked *