အသည်းအဆီဖုံးတာကို ၁၀ ရက်အတွင်းပျောက်ခဲ့သူ၏ကိုယ်တွေ့ဆေးနည်း
|ယခုတလော အဖြစ်များနေသော ရောဂါမှာ အသည်းအဆီဖုံးရောဂါ ဖြစ်သည်။ နေ့စဉ် စားသောက်နေသော အစားအသောက်များက အဆီအဆိမ့်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊အအိပ်အနေ လွန်ကဲခြင်း တို့ကြောင့် အ
သ ည်း အဆီဖုံးရောဂါ ဖြစ်ရသည်။အများအားဖြင့် အဝလွန်သူ၊ လမ်းလျှောက်နည်းသူ၊ ဇိမ်ခံလွန်းသူ လူတန်းစားတို့ အဖြစ်များ၏။တစ်နေ့တွင် စာရေးသူ၏ ဆေးဆိုင်သို့ အသည်းအားဆေး Livolin (လစ်ဗိုလင်) လာ ရောက်
ဝယ်ယူသူ တဦးက-ကျွန်တော့်မိန်းမ အသည်းအဆီဖုံးရောဂါ ဖြစ်နေတာကြာပြီ ဆရာရယ်၊သူက လမ်းလျှောက်ပါဆိုရင်လည်း မလျှောက်၊ နေ့ခင်း ထမင်းစားပြီးလည်း အိပ်၊ စားတော့လည်း ဝက်သားအဆီတို့၊ ငါးမြင်းဗိုက် သားတို့
ထောပတ်ထမင်းတို့ မဖြစ်ခံနိုင်တော့မလား။ခုတော့ အသည်းပါရဂူကို လုပ်ကျွေးနေရပြီသူက ဆေးဝယ်ရင်းဖြင့် ဇနီးဖြစ်သူ အသည်းအဆီဖုံး ရောဂါသည်အကြောင်း ရင်ဖွင့်နေသည်။သူ့ရင်ဖွင့်သံကို ကြား၍ ထင်သည်၊ စာရေး သူ၏
ခေါင်းရင်းအိမ်မှ ဦးကျော်သန်းက စာရေးသူ၏ဆိုင်ဘက်သို့ ကူးလာပြီး-ကဲ-နောင်ကြီးမိန်းမ အသည်းအဆီဖုံးရောဂါဖြစ်တာ ဘာမှမပူနဲ့၊ဆေးနည်းပေးလိုက်မယ်၊ ခင်ဗျား သေသေချာချာ မှတ်ထား။အသည်းအူ လဲလူ-တဲ့၊ အသည်း
ရောဂါနဲ့ ပတ်သက်သမျှကို လဲလူပင် ပဉ္စငါးပါးက နိုင်နင်းတယ်။ အသည်းရောင်၊ အသည်းအဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက်ဘာမဆို သောက်လို့ရတယ်။ဆေးနည်းကလည်းခက်ခက်ခဲခဲမဟုတ်ဘူး၊ လဲလူမြစ်ရရင် အမြစ်၊
မရရင်လည်း လဲလူရွက် လက်တဆုပ်စာကို ရေစင်စင်ဆေး၊ ပြီးတော့ အဲဒီ လဲလူရွက်ကို ဟင်းချိုချက်သောက်၊ ပြုတ်တို့၊ငါးရံ့နဲ့ ဟင်းချက်စား။ အရွက်လက်တဆုပ်ကို သုံးခွက်တခွက်တင် ကျိုသောက်ပေးပါ။ အသည်းအူ လဲလူ-ဆို
တဲ့ စကားအတိုင်း အသည်းရောဂါတင်မကဘဲ အစာအိမ်၊ အူသိမ်၊ အူမတွေမှာ ဖြစ်တဲ့ရောဂါတွေပါ ပျောက်ကင်း သက်သာတယ်။ကျွန်တော့်သူငယ်ချင်း အင်းစိန် ပေါက်တောရပ်ကွက်က ကိုမင်းနိုင်ဆိုရင် အသည်းကင်ဆာဖြစ်တာ
တောင် သက်သာတယ်။ မိတ်ဆွေ ယုံယုံကြည်ကြည် သုံးပေတော့။ဦးကျော်သန်းပြောပြသော ဆေးနည်းကို အသည်းအားဆေး လာဝယ်သူက သေချာစွာ လိုက်လံမှတ်သားနေပါသည်။ ပြီးမှ သူသိလိုသော လဲလူ အကြောင်းကို ဦး
ကျော်သန်းကိုမေးကြည့်လိုက်ပါသည်။ဒါနဲ့ လဲလူက ဘယ်မှာ ရှာရမှာလဲ၊ ကျွန်တော်လည်း လဲလူရွက်ကို တခါမှ မမြင်ဖူးဘူး။လဲလူပင်က အထက်အညာဒေသမှာတော့ ပေါတယ်။ရေစကြိုနယ်မှာ ဆို ရင် လဲလူဖို၊ လဲလူမ -လို့တောင်
အဖိုပင် အမပင်ရှိတယ်။ ဧရာဝတီတိုင်း ကျိုက်လတ်ဘက်မှာလည်း ပေါတယ်။ ရန်ကုန်နဲ့ အနီးဆုံးပြောရမယ် ဆိုရင်တော့ လှည်းကူးမြို့နယ်ထဲကငါးဆူတောင်ဘက်မှာ ရှိတယ်။တခါတခါလည်း အင်းစိန် တညင်း ကုန်း ဘူတာဈေး
မှာ ကုန်စိမ်းရောင်းတဲ့ ဟင်းရွက်သည်တွေဆီမှာ ပါလာတတ်တယ်။ မေးဝယ်လို့ရတယ်။ ကြိုတင်မှာထားလို့လဲ ရတယ်။တကယ်ထက်တယ်၊ ပြောမယုံ ကြုံဖူးမှသိ ဆိုသလျို သုံးကြည့်ရင် သိလိမ့်မယ်။ထို ဆေး ဝယ်သူ ပြန်သွားပြီး
နှစ်ရက် သုံးရက်ခန့်အကြာတွင် တညင်းကုန်းဘူတာဈေးမှ လဲလူရွက်များရ၍ သူ့ဇနီးဖြစ်သူ စားသုံးနေကြောင်း သိရပါသည်။၁၀-ရက်ခန့်အကြာတွင် ဆေးဝယ်လာသူသည် အပူငြိမ်းဆေး လာဝယ်ရင်းဖြင့် သူ့ ဇနီးသည် ခံစားနေ
ရသော အသည်းအဆီဖုံးရောဂါဝေဒနာ သက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း အားရဝမ်းသာ ပြောပါသည်။ဆေးနည်းဒါနပြုသော ဦးကျော်သန်းကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောရင်း စာရေးသူ ပီတိဖြစ်နေမိပါတော့သည်။
Kyaw Yimon (HTD)
Zawgyi Version
ယခုတေလာ အျဖစ္မ်ားေနေသာ ေရာဂါမွာ အသည္းအဆီဖုံးေရာဂါ ျဖစ္သည္။ ေန႔စဥ္ စားေသာက္ေနေသာ အစားအေသာက္မ်ားက အဆီအဆိမ့္မ်ားျခင္း၊ ကိုယ္လက္လႈပ္ရွားမႈ နည္းျခင္း၊အအိပ္အေန လြန္ကဲျခင္း တို႔ေၾကာင့္ အ
သ ည္း အဆီဖုံးေရာဂါ ျဖစ္ရသည္။အမ်ားအားျဖင့္ အဝလြန္သူ၊ လမ္းေလွ်ာက္နည္းသူ၊ ဇိမ္ခံလြန္းသူ လူတန္းစားတို႔ အျဖစ္မ်ား၏။တစ္ေန႔တြင္ စာေရးသူ၏ ေဆးဆိုင္သို႔ အသည္းအားေဆး Livolin (လစ္ဗိုလင္) လာ ေရာက္
ဝယ္ယူသူ တဦးက-ကြၽန္ေတာ့္မိန္းမ အသည္းအဆီဖုံးေရာဂါ ျဖစ္ေနတာၾကာၿပီ ဆရာရယ္၊သူက လမ္းေလွ်ာက္ပါဆိုရင္လည္း မေလွ်ာက္၊ ေန႔ခင္း ထမင္းစားၿပီးလည္း အိပ္၊ စားေတာ့လည္း ဝက္သားအဆီတို႔၊ ငါးျမင္းဗိုက္ သားတို႔
ေထာပတ္ထမင္းတို႔ မျဖစ္ခံႏိုင္ေတာ့မလား။ခုေတာ့ အသည္းပါရဂူကို လုပ္ေကြၽးေနရၿပီသူက ေဆးဝယ္ရင္းျဖင့္ ဇနီးျဖစ္သူ အသည္းအဆီဖုံး ေရာဂါသည္အေၾကာင္း ရင္ဖြင့္ေနသည္။သူ႔ရင္ဖြင့္သံကို ၾကား၍ ထင္သည္၊ စာေရး သူ၏
ေခါင္းရင္းအိမ္မွ ဦးေက်ာ္သန္းက စာေရးသူ၏ဆိုင္ဘက္သို႔ ကူးလာၿပီး-ကဲ-ေနာင္ႀကီးမိန္းမ အသည္းအဆီဖုံးေရာဂါျဖစ္တာ ဘာမွမပူနဲ႔၊ေဆးနည္းေပးလိုက္မယ္၊ ခင္ဗ်ား ေသေသခ်ာခ်ာ မွတ္ထား။ အသည္းအူ လဲလူ-တဲ့၊ အသည္း
ေရာဂါနဲ႔ ပတ္သက္သမွ်ကို လဲလူပင္ ပၪၥငါးပါးက ႏိုင္နင္းတယ္။ အသည္းေရာင္၊ အသည္းအဆီဖုံး၊ အသည္းႀကီး၊ အသည္းေျခာက္ ဘာမဆို ေသာက္လို႔ရတယ္။ေဆးနည္းကလည္း ခက္ခက္ခဲခဲမဟုတ္ဘူး၊ လဲလူျမစ္ရရင္ အျမစ္၊
မရရင္လည္း လဲလူ႐ြက္ လက္တဆုပ္စာကို ေရစင္စင္ေဆး၊ ၿပီးေတာ့ အဲဒီ လဲလူ႐ြက္ကို ဟင္းခ်ိဳခ်က္ေသာက္၊ ျပဳတ္တို႔၊ငါးရံ႕နဲ႔ ဟင္းခ်က္စား။ အ႐ြက္လက္တဆုပ္ကို သုံးခြက္တခြက္တင္ က်ိဳေသာက္ေပးပါ။ အသည္းအူ လဲလူ-ဆို
တဲ့ စကားအတိုင္း အသည္းေရာဂါတင္မကဘဲ အစာအိမ္၊ အူသိမ္၊ အူမေတြမွာ ျဖစ္တဲ့ေရာဂါေတြပါ ေပ်ာက္ကင္း သက္သာတယ္။ကြၽန္ေတာ့္သူငယ္ခ်င္း အင္းစိန္ ေပါက္ေတာရပ္ကြက္က ကိုမင္းႏိုင္ဆိုရင္ အသည္းကင္ဆာျဖစ္တာ
ေတာင္ သက္သာတယ္။ မိတ္ေဆြ ယုံယုံၾကည္ၾကည္ သုံးေပေတာ့။ဦးေက်ာ္သန္းေျပာျပေသာ ေဆးနည္းကို အသည္းအားေဆး လာဝယ္သူက ေသခ်ာစြာ လိုက္လံမွတ္သားေနပါသည္။ ၿပီးမွ သူသိလိုေသာ လဲလူ အေၾကာင္းကို ဦး
ေက်ာ္သန္းကိုေမးၾကည့္လိုက္ပါသည္။ဒါနဲ႔ လဲလူက ဘယ္မွာ ရွာရမွာလဲ၊ ကြၽန္ေတာ္လည္း လဲလူ႐ြက္ကို တခါမွ မျမင္ဖူးဘူး။လဲလူပင္က အထက္အညာေဒသမွာေတာ့ ေပါတယ္။ေရစႀကိဳနယ္မွာ ဆို ရင္ လဲလူဖို၊ လဲလူမ -လို႔ေတာင္
အဖိုပင္ အမပင္ရွိတယ္။ ဧရာဝတီတိုင္း က်ိဳက္လတ္ဘက္မွာလည္း ေပါတယ္။ ရန္ကုန္နဲ႔ အနီးဆုံးေျပာရမယ္ ဆိုရင္ေတာ့ လွည္းကူးၿမိဳ႕နယ္ထဲက ငါးဆူေတာင္ဘက္မွာ ရွိတယ္။တခါတခါလည္း အင္းစိန္ တညင္း ကုန္း ဘူတာေဈး
မွာ ကုန္စိမ္းေရာင္းတဲ့ ဟင္း႐ြက္သည္ေတြဆီမွာ ပါလာတတ္တယ္။ ေမးဝယ္လို႔ရတယ္။ ႀကိဳတင္မွာထားလို႔လဲ ရတယ္။တကယ္ထက္တယ္၊ ေျပာမယုံ ႀကဳံဖူးမွသိ ဆိုသလ်ိဳ သုံးၾကည့္ရင္ သိလိမ့္မယ္။ထို ေဆး ဝယ္သူ ျပန္သြားၿပီး
ႏွစ္ရက္ သုံးရက္ခန႔္အၾကာတြင္ တညင္းကုန္းဘူတာေဈးမွ လဲလူ႐ြက္မ်ားရ၍ သူ႔ဇနီးျဖစ္သူ စားသုံးေနေၾကာင္း သိရပါသည္။၁၀-ရက္ခန႔္အၾကာတြင္ ေဆးဝယ္လာသူသည္ အပူၿငိမ္းေဆး လာဝယ္ရင္းျဖင့္ သူ႔ ဇနီးသည္ ခံစားေနရ
ေသာ အသည္းအဆီဖုံးေရာဂါေဝဒနာ သက္သာေပ်ာက္ကင္းသြားၿပီျဖစ္ေၾကာင္း အားရဝမ္းသာ ေျပာပါသည္။ေဆးနည္းဒါနျပဳေသာ ဦးေက်ာ္သန္းကိုလည္း ေက်းဇူးတင္ပါေၾကာင္း ေျပာရင္း စာေရးသူ ပီတိျဖစ္ေနမိပါေတာ့သည္။
Kyaw Yimon (HTD)