ဒညင်းသီးကြိုက်သူများ သိန်း ၅၀၀ အရင်စုပြီးမှ စားကြပါဗျာ

Sharing is caring!

ဒညင်းသီး အကြောင်း ရေးပါဆိုလို့ ထွေထွေ ထူးထူး မပြောတော့ပါဘူး ဒညင်းသီးကို ရုက္ခဗေဒ အရ ဘယ်လိုခေါ်တယ် ဘယ်မျိူးစိတ်ဆိုတာ လူတိုင်း စိတ်မဝင်စားဘူး စိတ်ဝင်စားတာက ဒညင်းသီး ဘယ်ဈေး ပေါက် လည်းဆို

တာပဲကျွန်တော်တို့ ဆေးရုံ ဆေးခန်းမှာ လူနာတွေ ဆီးပူ ဆီးအောင့် ဆီးနည်း လို့ လာရတဲ့ အချိန် ရာသီ အရ တွက်ဆ တတ်ကြတယ်။ ဆရာဝန် အများစုကဥပမာအရ ပြောရရင် ညလယ် ခေါင်ဆီးနည်း ဆီးပူဆီးအောင့် ဆီး

အရောင်ရင့် ခါးနာ ဆီးစပ်နာ ဆိုရင် အချိန်အားဖြင့် ဂျူလှိုင်လ ဩဂုတ် လ ဆိုရင် သေချာတယ်။ဆရာဝန် ကလည်း မေးရမယ် ဒညင်းသီး စားသေးလားဆိုပီး တစ်ခါတစ်လေ မေးစရ ာမလိုဘူး လူနာ နဲ့ စကားပြောနေရင်း ကို

ဒညင်းသီး အနံ ရနေတတ်တယ်။ တစ်နည်းအားဖြင့် အနံ နဲ့တင် ရောဂါ သိနေပီ လူနာဘယ်လောက် လိမ် တယ် ပြောပြော ဆရာဝန်ကသူလိုချင်တာရောက်အောင် သွားဖို့ပဲ။ ဆေးခန်းမှာဆိုရင် နေ့လယ်ပိုင်း လာတတ်ကြတယ်။

မနက်ပိုင်း ဒညင်းသီး ကို အဝ ထမင်း နဲ့ မြိန်ရည် ရှက်ရည် စားပီး ညနေ စောင်း ကို ခါးနာ ဆီးနည်း ဆီးပူ ဆီးအရောင်ရင့် လာတတ်ကြတယ်။ ဆရာဝန် က လည်း မေးတတ်ရတယ် ဘာလို့လည်း ဆိုရင် လူနာတွေက ဒ ည

င်း သီး စားပီး ဆေးခန်းလာပြရတာမနှစ်မြို့ ကြဘူး ရှက်ကြတယ် သဘောအားဖြင့် ရှက်စရာ အပြစ် တစ်ခု ကျူးလွန်မိသလို လူနာတွေကခံစားကြတယ်။ဒါကရှက်စရာ မဟုတ်ဘူး ပထမ တစ်ခါ မှားတာပဲ လူပဲ မှားမှာပဲ မှားမှန်

သိပြီး ဒုတိယ အကြိမ် စားရင်တော့ အပြစ်ဗျ စားလို့ ကောင်းတာ သိတယ် ထမင်းမြိန်တယ် မလုပ် နဲ့ မြိန်တဲ့ ထမင်း က ခင်ဗျား အသက် ကို နှူတ်ယူသွားလိမ့်မယ် ဒညင်းသီး စားပီး ‌သေတဲ့ မသာ မရှိဘူးလို့ မပြောနဲ့ ဆေးရုံ

လာ ကြည့် ခုလို ရာသီမှာ ဒညင်းသီး ကြောင့် သေတဲ့ မသာရှိတယ်ဆိုတာ စာရင်း ရှိတယ် ပြပေးမယ် လာကြည့်ချေ။ဒညင်းသီး ကြောင့် ဖြစ်တတ်တာ ထွေထွေ ထူးထူး ပြောပြနေစရာ မလိုဘူးထင်တယ် လူတိုင်း သိတယ် ကျေ

ာက် ကပ် ပျက်စီးတယ် ဆိုတာ အဲ့ထက် တိတိကျကျ ပြောမယ် ဆိုရင် ကျောက်ကပ် အတွင်း လုပ်ဆောင်ပုံ သတ္တုဓါတ် မမျှ လို့ သေကြတာချည်းပဲ ဆေးဘယ်လောက်ထိုးထိုး ဆီး မထွက်တဲ့ လူနာလည်းကြုံဖူးသလို တစ်ခြ

မ် းပဲစားတာ ငါကြ ဘာလို့ဖြစ်တာလည်း ဆိုရင် ကိုယ့်ထိုက် နဲ့ ကိုယ်ကံပဲ လူတိုင်း ကျောက်ကပ် လှုပ်ဆောင်ပုံ မတူလို့ပဲ။အလုံး ၅၀ စားပီး ကျောက်ကပ် ပျက်စီး သေတဲ့ မသာ ရှိသလို တစ်ခြမ်းစားပီး သေတဲ့ မသာရှိတယ်

ဆိုတာ သိထားရမယ် နောက်ဆုံး အနှစ်ချူပ် ပြောမယ် ဒညင်းသီး က လူစားရမယ့် အစားစာ မဟုတ်ဘူး အဲ့ကြောင့် ဆေးရုံမှာ ဒညင်းသီး လူနာကို ခွေးစာ အဆိပ် သင့် လို ခေါ်တယ်။အဲ့လောက်ဆို သဘောပေါက်ပီ ထင်တ ယ်

ဒညင်းသီး က ‌လူစာ မဟုတ်ဘူးဆိုတာ ဆရာ တစ်ယောက် ပြောဖူးတာ မှတ်မိသေးတယ် ဒညင်းသီး စားမယ် ‌ဆိုရင် ကျောက်ကပ် အလှူရှင် ကြိုရှာထား ပိုက်ဆံ သိန်း ငါးရာ ကြိုစုထား အဲ့ဆို စားလို့ ရပီ ကဲ ကိုယ်လူတို့

ဒညင်းသီး စားကြပါ။ ကျောက်ကပ် အလှူရှင် ကြိုရှာထားကြပါ။ ပိုက်ဆံ သိန်းငါးရာ စုထား ကြပါ Dog Food Poisoningလူသား အားလုံး ကျန်းမာကြပါစေ မြန်မာ ပြည်ကြီး ကျန်းမာပါစေ။

ဒေါက်တာ ဆူမန်း ခတ်ချိူ ဆေးခန်း ကျွန်းပင်သာ ဆေးခန်း။

Zawgyi Version

ဒညင္းသီး အေၾကာင္း ေရးပါဆိုလို႔ ေထြေထြ ထူးထူး မေျပာေတာ့ပါဘူး ဒညင္းသီးကို ႐ုကၡေဗဒ အရ ဘယ္လိုေခၚတယ္ ဘယ္မ်ိဴးစိတ္ဆိုတာ လူတိုင္း စိတ္မဝင္စားဘူး စိတ္ဝင္စားတာက ဒညင္းသီး ဘယ္ေဈး ေပါက္ လည္းဆို

တာပဲကြၽန္ေတာ္တို႔ ေဆး႐ုံ ေဆးခန္းမွာ လူနာေတြ ဆီးပူ ဆီးေအာင့္ ဆီးနည္း လို႔ လာရတဲ့ အခ်ိန္ ရာသီ အရ တြက္ဆ တတ္ၾကတယ္။ ဆရာဝန္ အမ်ားစုကဥပမာအရ ေျပာရရင္ ညလယ္ ေခါင္ဆီးနည္း ဆီးပူဆီးေအာင့္ ဆီး

အေရာင္ရင့္ ခါးနာ ဆီးစပ္နာ ဆိုရင္ အခ်ိန္အားျဖင့္ ဂ်ဴလႈိင္လ ဩဂုတ္ လ ဆိုရင္ ေသခ်ာတယ္။ဆရာဝန္ ကလည္း ေမးရမယ္ ဒညင္းသီး စားေသးလားဆိုပီး တစ္ခါတစ္ေလ ေမးစရ ာမလိုဘူး လူနာ နဲ႔ စကားေျပာေနရင္း ကို

ဒညင္းသီး အနံ ရေနတတ္တယ္။ တစ္နည္းအားျဖင့္ အနံ နဲ႔တင္ ေရာဂါ သိေနပီ လူနာဘယ္ေလာက္ လိမ္ တယ္ ေျပာေျပာ ဆရာဝန္ကသူလိုခ်င္တာေရာက္ေအာင္ သြားဖို႔ပဲ။ ေဆးခန္းမွာဆိုရင္ ေန႔လယ္ပိုင္း လာတတ္ၾကတယ္။

မနက္ပိုင္း ဒညင္းသီး ကို အဝ ထမင္း နဲ႔ ၿမိန္ရည္ ရွက္ရည္ စားပီး ညေန ေစာင္း ကို ခါးနာ ဆီးနည္း ဆီးပူ ဆီးအေရာင္ရင့္ လာတတ္ၾကတယ္။ ဆရာဝန္ က လည္း ေမးတတ္ရတယ္ ဘာလို႔လည္း ဆိုရင္ လူနာေတြက ဒ ည

င္း သီး စားပီး ေဆးခန္းလာျပရတာမႏွစ္ၿမိဳ႕ ၾကဘူး ရွက္ၾကတယ္ သေဘာအားျဖင့္ ရွက္စရာ အျပစ္ တစ္ခု က်ဴးလြန္မိသလို လူနာေတြကခံစားၾကတယ္။ဒါကရွက္စရာ မဟုတ္ဘူး ပထမ တစ္ခါ မွားတာပဲ လူပဲ မွားမွာပဲ မွားမွန္

သိၿပီး ဒုတိယ အႀကိမ္ စားရင္ေတာ့ အျပစ္ဗ် စားလို႔ ေကာင္းတာ သိတယ္ ထမင္းၿမိန္တယ္ မလုပ္ နဲ႔ ၿမိန္တဲ့ ထမင္း က ခင္ဗ်ား အသက္ ကို ႏႉတ္ယူသြားလိမ့္မယ္ ဒညင္းသီး စားပီး ‌ေသတဲ့ မသာ မရွိဘူးလို႔ မေျပာနဲ႔ ေဆး႐ုံ

လာ ၾကည့္ ခုလို ရာသီမွာ ဒညင္းသီး ေၾကာင့္ ေသတဲ့ မသာရွိတယ္ဆိုတာ စာရင္း ရွိတယ္ ျပေပးမယ္ လာၾကည့္ေခ်။ဒညင္းသီး ေၾကာင့္ ျဖစ္တတ္တာ ေထြေထြ ထူးထူး ေျပာျပေနစရာ မလိုဘူးထင္တယ္ လူတိုင္း သိတယ္ ေက်

ာက္ ကပ္ ပ်က္စီးတယ္ ဆိုတာ အဲ့ထက္ တိတိက်က် ေျပာမယ္ ဆိုရင္ ေက်ာက္ကပ္ အတြင္း လုပ္ေဆာင္ပုံ သတၱဳဓါတ္ မမွ် လို႔ ေသၾကတာခ်ည္းပဲ ေဆးဘယ္ေလာက္ထိုးထိုး ဆီး မထြက္တဲ့ လူနာလည္းႀကဳံဖူးသလို တစ္ျခ

မ္ းပဲစားတာ ငါၾက ဘာလို႔ျဖစ္တာလည္း ဆိုရင္ ကိုယ့္ထိုက္ နဲ႔ ကိုယ္ကံပဲ လူတိုင္း ေက်ာက္ကပ္ လႈပ္ေဆာင္ပုံ မတူလို႔ပဲ။အလုံး ၅၀ စားပီး ေက်ာက္ကပ္ ပ်က္စီး ေသတဲ့ မသာ ရွိသလို တစ္ျခမ္းစားပီး ေသတဲ့ မသာရွိတယ္

ဆိုတာ သိထားရမယ္ ေနာက္ဆုံး အႏွစ္ခ်ဴပ္ ေျပာမယ္ ဒညင္းသီး က လူစားရမယ့္ အစားစာ မဟုတ္ဘူး အဲ့ေၾကာင့္ ေဆး႐ုံမွာ ဒညင္းသီး လူနာကို ေခြးစာ အဆိပ္ သင့္ လို ေခၚတယ္။အဲ့ေလာက္ဆို သေဘာေပါက္ပီ ထင္တ ယ္

ဒညင္းသီး က ‌လူစာ မဟုတ္ဘူးဆိုတာ ဆရာ တစ္ေယာက္ ေျပာဖူးတာ မွတ္မိေသးတယ္ ဒညင္းသီး စားမယ္ ‌ဆိုရင္ ေက်ာက္ကပ္ အလႉရွင္ ႀကိဳရွာထား ပိုက္ဆံ သိန္း ငါးရာ ႀကိဳစုထား အဲ့ဆို စားလို႔ ရပီ ကဲ ကိုယ္လူတို႔

ဒညင္းသီး စားၾကပါ။ ေက်ာက္ကပ္ အလႉရွင္ ႀကိဳရွာထားၾကပါ။ ပိုက္ဆံ သိန္းငါးရာ စုထား ၾကပါ Dog Food Poisoningလူသား အားလုံး က်န္းမာၾကပါေစ ျမန္မာ ျပည္ႀကီး က်န္းမာပါေစ။

ေဒါက္တာ ဆူမန္း ခတ္ခ်ိဴ ေဆးခန္း ကြၽန္းပင္သာ ေဆးခန္း။

Add a Comment

Your email address will not be published. Required fields are marked *