ငါးချဉ်၊ ဆူရှီ တွေ ကြိုက်သူတွေ ဖတ်သင့်တဲ့ လူ့ကိုယ်ထဲက တိရိစ္ဆာန်သံကောင်
|“ဆရာရေ.. ကျမလက်ကောက်ဝတ်က အရမ်းယားလို့ ပွတ်နေမိတာ အဲဒီနေရာက သံကောင်သေးသေးလေး အရှင်လေး ထွက်လာလို့” “ဟား” ကိုယ်လည်း အံ့သြယုံသာ။တကယ်တော့ သူအဲဒီနေရာမှာ ကွက်ပြီး ယားနေခဲ့တာ ၁ နှစ်လောက် ရှိပြီ။ ကျနော်လည်း ရွာလည်နေအောင် စဉ်းစား ကုခဲ့တာ မအောင်မြင်။ နောက်တော့ ညည်း Fixed Drug Eruption ဖြစ်မှာပဲ လို့ ကောက်ချက်ချပေးခဲ့မိတာ။ သူကိုယ်တိုင် ကလည်း သူနာပြု ဆရာမ။ အပြင်
ဆေးခန်းမှာ ကျနော်နဲ့ အတူ အလုပ်လုပ်နေသူ။ သူလည်း အမျိုးမျိုး စဉ်းစားပြီး ရှောင်တာ။ ပါရာစီတမောလား ထင်မိကြသေး။နောက်တော့လည်း သူ့ခမျာ ပြန်ပြန်ဖြစ်နေတာ။ ထိုင်းမှာ သင်တန်းသွားတက်တော့မှ Gnathostomi asis (larva migrans profundus) အကြောင်း ဆလိုက်ထိုးသင်တော့မှ လူနာပုံတွေမှာ အားလုံးက ထမီဝတ်ထားကြတာ။ မြန်မာပြည်မှာ မပျောက်လို့ ထိုင်းလာကုတာ တွေရော။ ထိုင်းရောက်နေတဲ့ မြန်မာအလုပ်သမားတွေ
ရော ဖြစ်လိုက်ကြတာ။ ထိုင်းပုံတောင် ခပ် နည်းနည်းရယ်။ ပြန်လာမှ ဆရာမကို သံချဆေး ပေးမိတော့တယ်။ ဆရာမ Albendol ဆေးစသောက်လို့ ၁ ပါတ် နေတော့ သန်ကောင် အရှင် ထွက်လာတော့။ အခုတော့ Sister ဖြစ်သွားပြီ။ နယ်မှာ။cats, dogs, tigers, leopards, lions, mink, opossums, raccoons, poultry, frogs, freshwater fish, snakes or birds တွေမှာ ရှိတဲ့ သံလုံးကောင်က လူကိုယ်ထဲ ရောက်သွား
တာ။ များသောအားဖြင့် အသားအစိမ်း (ငါးချဉ် ဝက်သားချဉ်) စားသူတွေမှာ ဖြစ်တာ။နောက်တစ်ယောက် အသက် ၄၀ လောက်။ ဗိုက်နာလို့ ကျနော်နဲ့ ပြနေဆဲမှာ လေဖြတ်သလို တက်သွားလို့ ဆေးရုံတင် ရတယ်။ စီတီမှာ ဘာမှ မတွေ့ဘူး။ နောက်တော့ ပြန်ကောင်းသွားတယ်။ နောက်လတွေမှာမှ Eosinophilia နဲ့ ယားပြီး ဆေးကုရတာ ၃ လတောင်ကြာတယ်။ (Neurognathostomiasis)ပုံထဲက ကလေးမလေးက ညာ လက်ဖျံနဲ့ လက်မောင်းမှာ နီ
ပူယားယောင် ဖြစ်လိုက် ပျောက်လိုက်နဲ့ ၁ နှစ်ရှိပြီ။ ရှမ်းပြည်က။ မပျောက်တော့လို့ မန်းလေး လာပြတာ။ ပုံမှာလိုပဲ အညို အမည်း စွဲနေပြီ။ သွေးထဲမှာ Eosinophilia နဲ့။သူ့ကို မေးလိုက်တော့ “ငါးချဉ်စားလား” “စားတယ်။ အရမ်းကြိုက်တာ။” “ချက်စားလား။ အစိမ်းစားလား။” “အစိမ်းသုတ်စားတာ” တဲ့။ခုလည်း ဆရာမ တစ်ယောက်ကို ဝလာလာလိုက်တာလို့ နှုတ်ဆက်မိတော့ Allergy ဆိုပြီး Prenisolone သောက်နေရလို့ ပါတဲ့။ ဟာ မှားနေ
ပြီ။ Prednisolone ဆိုတာ ဘာမှ အကြောင်းရှာမတွေ့မှ သက်သာအောင်ပေးတာမျိုး။ ဘယ်နေရာလဲ လို့ မေးတော့ ညာလက်မောင်းရင်းရယ် ညာဖက်ရင်ဘတ် အပေါ်ပိုင်းရယ်ကို ပြတယ်။ဒီလို Localized ဆိုရင် နေရာကွက်ပြီး allergy ဖြစ်တာ မဖြစ်နိုင်ဘူး။ သံချပြီးပြီလားလို့ မေးလိုက်တော့ Albendazole 400 mg HS 3 days သောက်ပြီးပြီတဲ့။မှားပြီ။ ဒါက လူသန်ကောင်မဟုတ်ဘူး။ တိရိစ္ဆာန် သံကောင်။ 400 bd for 3 weeks ၄၂ လုံးတောင်
သောက်ရမှာလို့ ပြောလိုက်ရတယ်။ တနေရာထဲ ကွက်ပြီး ယားလိုက် ယောင်လိုက် ဖြစ်နေရင် Gnathostomiasis စဉ်းစားပါ။ Albendazole 400 twice daily for 21 days ပါ။
Maung Maung Oo
Zawgyi Version
“ဆရာေရ.. က်မလက္ေကာက္ဝတ္က အရမ္းယားလို႔ ပြတ္ေနမိတာ အဲဒီေနရာက သံေကာင္ေသးေသးေလး အရွင္ေလး ထြက္လာလို႔” “ဟား” ကိုယ္လည္း အံ့ၾသယုံသာ။တကယ္ေတာ့ သူအဲဒီေနရာမွာ ကြက္ၿပီး ယားေနခဲ့တာ ၁ ႏွစ္ေလာက္ ရွိၿပီ။ က်ေနာ္လည္း ႐ြာလည္ေနေအာင္ စဥ္းစား ကုခဲ့တာ မေအာင္ျမင္။ ေနာက္ေတာ့ ညည္း Fixed Drug Eruption ျဖစ္မွာပဲ လို႔ ေကာက္ခ်က္ခ်ေပးခဲ့မိတာ။ သူကိုယ္တိုင္ ကလည္း သူနာျပဳ ဆရာမ။ အျပင္
ေဆးခန္းမွာ က်ေနာ္နဲ႔ အတူ အလုပ္လုပ္ေနသူ။ သူလည္း အမ်ိဳးမ်ိဳး စဥ္းစားၿပီး ေရွာင္တာ။ ပါရာစီတေမာလား ထင္မိၾကေသး။ေနာက္ေတာ့လည္း သူ႔ခမ်ာ ျပန္ျပန္ျဖစ္ေနတာ။ ထိုင္းမွာ သင္တန္းသြားတက္ေတာ့မွ Gnathostomi asis (larva migrans profundus) အေၾကာင္း ဆလိုက္ထိုးသင္ေတာ့မွ လူနာပုံေတြမွာ အားလုံးက ထမီဝတ္ထားၾကတာ။ ျမန္မာျပည္မွာ မေပ်ာက္လို႔ ထိုင္းလာကုတာ ေတြေရာ။ ထိုင္းေရာက္ေနတဲ့ ျမန္မာအလုပ္သမားေတြ
ေရာ ျဖစ္လိုက္ၾကတာ။ ထိုင္းပုံေတာင္ ခပ္ နည္းနည္းရယ္။ ျပန္လာမွ ဆရာမကို သံခ်ေဆး ေပးမိေတာ့တယ္။ ဆရာမ Albendol ေဆးစေသာက္လို႔ ၁ ပါတ္ ေနေတာ့ သန္ေကာင္ အရွင္ ထြက္လာေတာ့။ အခုေတာ့ Sister ျဖစ္သြားၿပီ။ နယ္မွာ။cats, dogs, tigers, leopards, lions, mink, opossums, raccoons, poultry, frogs, freshwater fish, snakes or birds ေတြမွာ ရွိတဲ့ သံလုံးေကာင္က လူကိုယ္ထဲ ေရာက္သြား
တာ။ မ်ားေသာအားျဖင့္ အသားအစိမ္း (ငါးခ်ဥ္ ဝက္သားခ်ဥ္) စားသူေတြမွာ ျဖစ္တာ။ေနာက္တစ္ေယာက္ အသက္ ၄၀ ေလာက္။ ဗိုက္နာလို႔ က်ေနာ္နဲ႔ ျပေနဆဲမွာ ေလျဖတ္သလို တက္သြားလို႔ ေဆး႐ုံတင္ ရတယ္။ စီတီမွာ ဘာမွ မေတြ႕ဘူး။ ေနာက္ေတာ့ ျပန္ေကာင္းသြားတယ္။ ေနာက္လေတြမွာမွ Eosinophilia နဲ႔ ယားၿပီး ေဆးကုရတာ ၃ လေတာင္ၾကာတယ္။ (Neurognathostomiasis)ပုံထဲက ကေလးမေလးက ညာ လက္ဖ်ံနဲ႔ လက္ေမာင္းမွာ နီ
ပူယားေယာင္ ျဖစ္လိုက္ ေပ်ာက္လိုက္နဲ႔ ၁ ႏွစ္ရွိၿပီ။ ရွမ္းျပည္က။ မေပ်ာက္ေတာ့လို႔ မန္းေလး လာျပတာ။ ပုံမွာလိုပဲ အညိဳ အမည္း စြဲေနၿပီ။ ေသြးထဲမွာ Eosinophilia နဲ႔။သူ႔ကို ေမးလိုက္ေတာ့ “ငါးခ်ဥ္စားလား” “စားတယ္။ အရမ္းႀကိဳက္တာ။” “ခ်က္စားလား။ အစိမ္းစားလား။” “အစိမ္းသုတ္စားတာ” တဲ့။ခုလည္း ဆရာမ တစ္ေယာက္ကို ဝလာလာလိုက္တာလို႔ ႏႈတ္ဆက္မိေတာ့ Allergy ဆိုၿပီး Prenisolone ေသာက္ေနရလို႔ ပါတဲ့။ ဟာ မွားေန
ၿပီ။ Prednisolone ဆိုတာ ဘာမွ အေၾကာင္းရွာမေတြ႕မွ သက္သာေအာင္ေပးတာမ်ိဳး။ ဘယ္ေနရာလဲ လို႔ ေမးေတာ့ ညာလက္ေမာင္းရင္းရယ္ ညာဖက္ရင္ဘတ္ အေပၚပိုင္းရယ္ကို ျပတယ္။ဒီလို Localized ဆိုရင္ ေနရာကြက္ၿပီး allergy ျဖစ္တာ မျဖစ္ႏိုင္ဘူး။ သံခ်ၿပီးၿပီလားလို႔ ေမးလိုက္ေတာ့ Albendazole 400 mg HS 3 days ေသာက္ၿပီးၿပီတဲ့။မွားၿပီ။ ဒါက လူသန္ေကာင္မဟုတ္ဘူး။ တိရိစာၦန္ သံေကာင္။ 400 bd for 3 weeks ၄၂ လုံးေတာင္
ေသာက္ရမွာလို႔ ေျပာလိုက္ရတယ္။ တေနရာထဲ ကြက္ၿပီး ယားလိုက္ ေယာင္လိုက္ ျဖစ္ေနရင္ Gnathostomiasis စဥ္းစားပါ။ Albendazole 400 twice daily for 21 days ပါ။
Maung Maung Oo