ရန် ကုန်-မန္တလေး လမ်းဟော င်း ရေကျော်လို့ ကားအစီးရေ‌ ရာ နဲ့ချီပိတ်မိေ န

Sharing is caring!

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်မြို့နယ်တွေမှာ ဩဂုတ် ၃ ရက်နေ့မနက် ကစတင်ပြီးမိုး အဆက်မပြတ်ရွာသွန်းနေတာကြောင့် အုတ်တွင်းမြို့နယ်ထဲက ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ပေါ်မှာ ရေကျော်ပြီး ကားစီးရေ ရာနှင့်ချီပြီးပိတ်မိနေတယ်လို့အုတ်တွင်းမြို့န

ယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ပြောပြပါတယ်။“နှစ်နေရာလောက်ရေကျော်နေတယ်။တောင်ကျရေကများတော့အခုဆိုနှစ်ဖက်ပိတ်မိနေတဲ့ ကားတွေအတော်များနေပြီ မီးသတ်ရယ်တပ်မတော်သားတွေရယ် ရှင်းလင်းကူညီဖို့သွားနေတယ်”

လို့ ဦးဌေးလွင်ကပြောပါတယ်။အုတ်တွင်းမြို့နယ်ရန်ကုန်မန္တလေးကားလမ်းဟောင်း‌ပေါ်ရှိဆွဲလွဲ‌ချောင်းကျေးရွာနှင့်ဂွေးတောက်ခင်ကျေးရွာကြားမှာတစ်နေရာ၊အုတ်ဖိုကျေးရွာနဲ့ညောင်ခြေထောက်ကျေးရွာကြားမှာတစ်နေရာစုစုပေါင်းနှစ်နေရာမှာရေကျော်နေတာဖြစ်ပြီးမိုးရေနှင့်ေ

တာင်ကျရေများကြောင့်အုတ်တွင်းမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းဗောဓိကုန်းကျေးရွာနားမှာလည်းရေကျော်မှုဖြစ်ပွားနေရတယ်လို့ သိရပါတယ်။တောင်ငူမြို့နယ်အနောက်ဘက်အမြန်လမ်းနံဘေးရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများကိုဝါဆိုလပြည့်နေ့သွားရောက်ဖူးမျှော်နေသူ

များရဲ့ကားဆိုင်ကယ်တွေည်းပန်းဘဲချောင်းရေတိုးတာကြောင့်လမ်းမှာပိတ်မိနေလို့ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့သွားရောက်ကူညီပေးနေရတယ်လို့ ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ဩဂုတ် လ ၃ ရက်နေ့ကနေ ၈ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုန်ေ

လအလွန်အားကောင်းပြီး မုန်းတိုင်းဖြစ်ပေါ်နိုင်လို့ ပဲခူးတိုင်းရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းအပါအဝင်တိုင်းနဲ့ပြည်နယ်အချို့မှာနေရာအနှံအပြားမိုးထစ်ချုံးရွာနိုင်ပြီးဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်ကျား မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနှင့်ဇ‌လဗေဒညွန်ကြားမှုး

ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်မန္တလေး

Zawgyi Version









Add a Comment

Your email address will not be published. Required fields are marked *