ကိုဗစ် ၁၉ ဟာ ဒုတိယအကြိမ် ပြန်ဝင်လာနိုင်ကြောင်း ပညာရှင်များ သုံးသပ်ထား
|ရှေ့လာမယ့်နှစ်တွေမှာလည်း Covid-19 ဟာ ပြန်လည်ထကြွလာဖွယ်ရှိတယ်လို့ မှန်းဆထားတဲ့ ဆန်းစစ်မှုတစ်ခုမှာ သိပ္ပံပညာရှင်တွေကတော့ ကိုယ်ကာယချင်း ခပ်ခွာခွာနေရေးစည်းမျဉ်းကို ၂၀၂၂ခုနှစ်အထိ ကြိုကြားပြဌာန်းပေးဖို့ လိုအပ်နိုင်တယ်လို့သတိပေးထားကြပါတယ်။Science ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ စာတန်းအရတော့ တစ်ကြိမ်တည်းပိတ်သိမ်းရုံနဲ့ ကူးစက်ရောဂါကို လုံးဝထိန်းချုပ်နိုင်ဖို့ မလုံလောက်ပဲ တကယ်လို့ ဆက်လက်ကန့်သတ်မထားဘူးဆိုရင် ဒုတိယအကြိမ်ကူးစက်မှုဟာ လက်ရှိဖြစ်နေတာထက်ကို ပိုပြီး
ကြီးမားပြင်းထန်နိုင်တယ်လို့ ကောက်ချက်ချထားပါတယ်။ကာကွယ်ဆေးရော၊ ထိရောက်တဲ့ကုသမှုပါ မရှိသေးတဲ့အချိန်မှာတော့ ပြန်လည်ထကြွမှုဟာ ၂၀၂၅ခုနှစ်လောက်အထိကို ပြန်ပြန်ဖြစ်နေနိုင်သေးတယ်လို့လည်း ဟောကိန်းထုတ်ထားပါတယ်။“ကူးစက်ခံရတဲ့လူတွေနဲ့ ကူးစက်ခံရလွယ်တဲ့လူတွေဆိုပြီး နှစ်မျိုးနှစ်စားရှိသေးသရွေ့ ကူးစက်မှုက ဆက်ပျံ့ပွားနေဦးမှာပါ။ လူအုပ်လိုက် ကြီးမားတဲ့ ကိုယ်ခံစွမ်းအားကို တွေ့ရသေးသရွေ့တော့ လူများစုကြီးဟာ ကူးစက်ခံရလွယ်နေဦးမှာပဲ”လို့ ဟားဘတ်တက္ကသိုလ် ကူးစက်ရောဂါဌာန
က ပါမောက္ခလည်းဖြစ်၊ တွဲဖက်သုတေသနမှူးလည်းဖြစ်တဲ့ မတ် လစ်ဆစ်က ပြောပါတယ်။“ကူးစက်ရောဂါကို ၂၀၂၀နွေရာသီမှာ ပြီးသွားမယ်လို့ ဟောကိန်းထုတ်တာဟာ ကူးစက်ပျံ့ပွားမှုနဲ့ပတ်သက်လို့ ကျနော်တို့ သိထားတဲ့ အချက်အလက်တွေနဲ့ မကိုက်ညီပါဘူး”လို့လည်း ၎င်းက ပြောကြားပါတယ်။ဆေးရုံတွေက ကိုင်တွယ်နိုင်တဲ့ ပမာဏအတွင်းမှာပဲ အရေအတွက်ကို ထိန်းထားဖို့ဆိုရင် ကိုယ်ကာယချင်းခပ်ခွာခွာနေဖို့ဟာ ကာလအတော်ကြအထိ လိုအပ်နေဦးမှာဖြစ်တယ်လို့ သိပ္ပံပညာရပ်နယ်ပယ်မှာ သဘောတူထား
ကြပါတယ်။မတ်လတုန်းက အစိုးရရဲ့ သိပ္ပံအကြံပေးအုပ်စုက ထုတ်ပြန်လိုက်တဲ့ စာတန်းထဲမှာတော့ ယူကေအနေနဲ့ အထူးကြပ်မက်ကုသရမယ့်အရေအတွက်ကို ကိုင်တွယ်နိုင်တဲ့ပမာဏအတွင်းမှာပဲ ထိန်းထားဖို့ဆိုရင် အနည်းနဲ့အများ ကိုယ်ကာယချင်း ခပ်ခွာခွာနေမှုကို အချိန်အပိုင်းအခြားလိုက် ပြဌာန်းပေးဖို့ လိုအပ်မှာဖြစ်တယ်လို့ အကြံပြုထားပါတယ်။
Source : The Guardian
Zawgyi Version
ေရွ႕လာမယ့္ႏွစ္ေတြမွာလည္း Covid-19 ဟာ ျပန္လည္ထႂကြလာဖြယ္ရွိတယ္လို႔ မွန္းဆထားတဲ့ ဆန္းစစ္မႈတစ္ခုမွာ သိပၸံပညာရွင္ေတြကေတာ့ ကိုယ္ကာယခ်င္း ခပ္ခြာခြာေနေရးစည္းမ်ဥ္းကို ၂၀၂၂ခုႏွစ္အထိ ႀကိဳၾကားျပဌာန္းေပးဖို႔ လိုအပ္ႏိုင္တယ္လို႔သတိေပးထားၾကပါတယ္။Science ဂ်ာနယ္မွာ ပုံႏွိပ္ေဖာ္ျပခဲ့တဲ့ စာတန္းအရေတာ့ တစ္ႀကိမ္တည္းပိတ္သိမ္း႐ုံနဲ႔ ကူးစက္ေရာဂါကို လုံးဝထိန္းခ်ဳပ္ႏိုင္ဖို႔ မလုံေလာက္ပဲ တကယ္လို႔ ဆက္လက္ကန႔္သတ္မထားဘူးဆိုရင္ ဒုတိယအႀကိမ္ကူးစက္မႈဟာ လက္ရွိျဖစ္ေနတာထက္ကို ပိုၿပီး
ႀကီးမားျပင္းထန္ႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ထားပါတယ္။ကာကြယ္ေဆးေရာ၊ ထိေရာက္တဲ့ကုသမႈပါ မရွိေသးတဲ့အခ်ိန္မွာေတာ့ ျပန္လည္ထႂကြမႈဟာ ၂၀၂၅ခုႏွစ္ေလာက္အထိကို ျပန္ျပန္ျဖစ္ေနႏိုင္ေသးတယ္လို႔လည္း ေဟာကိန္းထုတ္ထားပါတယ္။“ကူးစက္ခံရတဲ့လူေတြနဲ႔ ကူးစက္ခံရလြယ္တဲ့လူေတြဆိုၿပီး ႏွစ္မ်ိဳးႏွစ္စားရွိေသးသေ႐ြ႕ ကူးစက္မႈက ဆက္ပ်ံ႕ပြားေနဦးမွာပါ။ လူအုပ္လိုက္ ႀကီးမားတဲ့ ကိုယ္ခံစြမ္းအားကို ေတြ႕ရေသးသေ႐ြ႕ေတာ့ လူမ်ားစုႀကီးဟာ ကူးစက္ခံရလြယ္ေနဦးမွာပဲ”လို႔ ဟားဘတ္တကၠသိုလ္ ကူးစက္ေရာဂါဌာန
က ပါေမာကၡလည္းျဖစ္၊ တြဲဖက္သုေတသနမႉးလည္းျဖစ္တဲ့ မတ္ လစ္ဆစ္က ေျပာပါတယ္။“ကူးစက္ေရာဂါကို ၂၀၂၀ေႏြရာသီမွာ ၿပီးသြားမယ္လို႔ ေဟာကိန္းထုတ္တာဟာ ကူးစက္ပ်ံ႕ပြားမႈနဲ႔ပတ္သက္လို႔ က်ေနာ္တို႔ သိထားတဲ့ အခ်က္အလက္ေတြနဲ႔ မကိုက္ညီပါဘူး”လို႔လည္း ၎က ေျပာၾကားပါတယ္။ေဆး႐ုံေတြက ကိုင္တြယ္ႏိုင္တဲ့ ပမာဏအတြင္းမွာပဲ အေရအတြက္ကို ထိန္းထားဖို႔ဆိုရင္ ကိုယ္ကာယခ်င္းခပ္ခြာခြာေနဖို႔ဟာ ကာလအေတာ္ၾကအထိ လိုအပ္ေနဦးမွာျဖစ္တယ္လို႔ သိပၸံပညာရပ္နယ္ပယ္မွာ သေဘာတူထား
ၾကပါတယ္။မတ္လတုန္းက အစိုးရရဲ႕ သိပၸံအႀကံေပးအုပ္စုက ထုတ္ျပန္လိုက္တဲ့ စာတန္းထဲမွာေတာ့ ယူေကအေနနဲ႔ အထူးၾကပ္မက္ကုသရမယ့္အေရအတြက္ကို ကိုင္တြယ္ႏိုင္တဲ့ပမာဏအတြင္းမွာပဲ ထိန္းထားဖို႔ဆိုရင္ အနည္းနဲ႔အမ်ား ကိုယ္ကာယခ်င္း ခပ္ခြာခြာေနမႈကို အခ်ိန္အပိုင္းအျခားလိုက္ ျပဌာန္းေပးဖို႔ လိုအပ္မွာျဖစ္တယ္လို႔ အႀကံျပဳထားပါတယ္။
Source : The Guardian