နောက်ဘယ်တော့မှ ဇာတ်ကား ၊ MTV မရိုက်ရဲတော့ပါဘူးလို့ ယုန်လေး တောင်းပန်တဲ့ ရုပ်သံ (ရုပ်သံ)

Sharing is caring!

ရုပ်သံဖိုင်ကို အောက်တွင် တင်ထားပါတယ်။

လတ်တလော ရေပန်းစားပြီး ဝေဖန်မှု တွေ ထောက်ခံမှုတွေမြင့်တက်နေတဲ့ ကိစ္စတစ်ခုကတော့ အဆိုတော် ယုန်လေးရဲ့ မြန်မာပြည်စည်းလုံးကြဖို့ ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။

ဒီသီချင်းနဲ့ ပတ်သတ်ပြီးတော့ ကန့်ကွက်သူတွေ ဆဲဆိုသူတွေ ရှိသလို ၊ အနုပညာကို ကြည့်ရှုခံစားသူတွေလည်းရှိနေပါတယ်။

ဒါပေမယ့် အဆိုတော် ဒါရိုက်တာ ယုန်လေးကတော့ သူ့ရဲ့ MTV ကြောင့် အခုလို မျိုးတွေ စိတ်ဝမ်းကွဲကြတာကို အထူးစိတ်မကောင်းဖြစ်နေတယ်ဆိုတာကို သူ့ရဲ့ ရုပ်သံဖိုင်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

သူဟာ အမေစုကို အားပေးထောက်ခံသူ တစ်ယောက်ဖြစ်ပေမယ့် အခုလိုမျိုး ပြင်းပြင်းထန်ထန် ရိုင်းစိုင်းစွာ တုန့်ပြန်ခံလိုက်ရတာကြောင့် အရမ်းကို ဝမ်းနည်းနေတဲ့ပုံပါပဲ။

ဒါကြောင့် ဘယ်လိုဖြစ်ဖြစ် ဘာကြောင့်ဖြစ်ဖြစ် သူရဲ့ MTV ကို ဖြုတ်ချပေးသွားမယ့်အကြောင်းကို ဝေ့ဝဲနေတဲ့ မျက်ရည်ကြားက အသိပေးလိုက်ပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ။

Zawgyi Version








Add a Comment

Your email address will not be published.