မူလတန်းနှင့် အလယ်တန်းများ ကျောင်းပြန်ဖွင့်မည့်ရက်ကို ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်

Sharing is caring!

အခြေခံပညာ အလယ်တန်း နှင့် မူလတန်း အဆင့် ကျောင်းပြန်ဖွင့်မည့်ရက်ကို ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်မရဘဲ ၊ကိုဗစ်ဗဟိုကော်မတီ၏ ညွှန်ကြားချက် ရမှာသာ ထုတ်ပြန်ပေးသွားမည်ဟု သိရယခုအချိန်သည် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်မရဘဲ ၊ကိုဗစ်ဗဟိုကော်မတီ၏ ညွှန်ကြားချက် အတိုင်းလုပ်ဆောင်ရကြောင်း၊ ညွှန်ကြားချက်ရပါကကျောင်း ဖွင့်မည့်ရက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိ မြန်မာ တနိုင်ငံလုံးတွင် အထက်တန်း

ကျောင်း ၆၀၀၀ကျော်ရှိသည့်အနက် ကိုဗစ်ကာလ သတ်မှတ်ချက် ဖြစ်သည့် အချက် ၈၀ လုံးကို ပြင်ဆင်ထားနိုင်သော အေ အဆင့်ရှိ ကျောင်းပေါင်း ၃၇၀၀ ကျော်ကို စတင်ဖွင့်လှစ်ပေးထားကြောင်း၊ ကျန်ကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး စစ်ဆေ းမှုများလုပ်ဆောင်နေ‌ကြောင်း သိရသည်။ခုအထက်တန်းတွေဖွင့်တယ် ပြီးမှ အလယ်တန်းတွေဖွင့်ဖို့စီစဉ်မယ်၊ပြီးမှ မူလတန်းတွေ ဆက်ဖွင့်ဖို့ တဆင့်ချင်းစီ သွားရမှာဖြစ်တယ်၊အတိကျ မပြောနိုင်သေးဘူး၊ ကိုဗစ် ဗဟိုကော်မတီက ညွှန်ကြားချက် ကိုလိုက်နာရ

တာပါ ” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောသည်အထက်တန်းကျောင်း ၇၀၀၀ ကျော်လုံး ပြန်လည်ဖွင့်လှစ်နိုင်ပြီးမှသာ အခြေခံပညာအဆင့် မူလတန်းနှင့် အလယ်တန်းကျောင်းမျကို ပြန်ဖွင့်ရန် စီစဉ်သွားမည်ဖြစ်ဟု အခြေ ခံပညာ ဦးစီးဌာနမှ သိရသည်။“အခြေ ခံပညာ မူလတန်းတွေ၊ အလယ်တန်းတွေပြန်ဖွင့်ရက်ကတော့အတိအကျမသိရသေးဘူး၊ သေချာတာကတော့ခုအထက်တန်းကျောင်း၇၀၀၀ကျော်ကို ဆရာတို့ စစ်နေတယ်၊နောက်ဆုံး အထက်တန်းကျောင်းတွေ

အကုန်လုံးဖွင့်သွားပြီဆိုတော့မှ အခြေအနေ တစ်လ စောင့်ကြည့်မယ်၊ ပြီးတော့မှ အလယ်တန်းတွေကို စစ်ဆေးဖို့စီစဉ်ပါဆိုပြီး ရှိပါတယ်” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပင် ပြောသည်အထက်တန်း ကျောင်းအားလုံးပြန်လည်ဖွင့်လှစ်နိုင်ပြီးအခြေအနေ အဆင်ပြေမှုရှိမရှိကို တစ် လအနည်းဆုံးစောင့်ကြည့်မည်ဖြစ်ကြောင်း၊ အခြေနေကောင်းမွန်မှသာ အလယ်တန်းကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။

Crd : TheFifthWave

Zawgyi Version

အေျခခံပညာ အလယ္တန္း ႏွင့္ မူလတန္း အဆင့္ ေက်ာင္းျပန္ဖြင့္မည့္ရက္ကို ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္မရဘဲ ၊ကိုဗစ္ဗဟိုေကာ္မတီ၏ ၫႊန္ၾကားခ်က္ ရမွာသာ ထုတ္ျပန္ေပးသြားမည္ဟု သိရယခုအခ်ိန္သည္ ကိုဗစ္ကပ္ေရာဂါျဖစ္ပြားေနသည့္ ကာလျဖစ္သည့္အတြက္ ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္မရဘဲ ၊ကိုဗစ္ဗဟိုေကာ္မတီ၏ ၫႊန္ၾကားခ်က္ အတိုင္းလုပ္ေဆာင္ရေၾကာင္း၊ ၫႊန္ၾကားခ်က္ရပါကေက်ာင္း ဖြင့္မည့္ရက္ကို ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။လက္ရွိ ျမန္မာ တႏိုင္ငံလုံးတြင္ အထက္တန္း

ေက်ာင္း ၆၀၀၀ေက်ာ္ရွိသည့္အနက္ ကိုဗစ္ကာလ သတ္မွတ္ခ်က္ ျဖစ္သည့္ အခ်က္ ၈၀ လုံးကို ျပင္ဆင္ထားႏိုင္ေသာ ေအ အဆင့္ရွိ ေက်ာင္းေပါင္း ၃၇၀၀ ေက်ာ္ကို စတင္ဖြင့္လွစ္ေပးထားေၾကာင္း၊ က်န္ေက်ာင္းမ်ားကိုလည္း ဆက္လက္ဖြင့္လွစ္ႏိုင္ေရး စစ္ေဆ းမႈမ်ားလုပ္ေဆာင္ေန‌ေၾကာင္း သိရသည္။ခုအထက္တန္းေတြဖြင့္တယ္ ၿပီးမွ အလယ္တန္းေတြဖြင့္ဖို႔စီစဥ္မယ္၊ၿပီးမွ မူလတန္းေတြ ဆက္ဖြင့္ဖို႔ တဆင့္ခ်င္းစီ သြားရမွာျဖစ္တယ္၊အတိက် မေျပာႏိုင္ေသးဘူး၊ ကိုဗစ္ ဗဟိုေကာ္မတီက ၫႊန္ၾကားခ်က္ ကိုလိုက္နာရ

တာပါ ” ဟု အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္း က ေျပာသည္အထက္တန္းေက်ာင္း ၇၀၀၀ ေက်ာ္လုံး ျပန္လည္ဖြင့္လွစ္ႏိုင္ၿပီးမွသာ အေျခခံပညာအဆင့္ မူလတန္းႏွင့္ အလယ္တန္းေက်ာင္းမ်ကို ျပန္ဖြင့္ရန္ စီစဥ္သြားမည္ျဖစ္ဟု အေျခ ခံပညာ ဦးစီးဌာနမွ သိရသည္။“အေျခ ခံပညာ မူလတန္းေတြ၊ အလယ္တန္းေတြျပန္ဖြင့္ရက္ကေတာ့အတိအက်မသိရေသးဘူး၊ ေသခ်ာတာကေတာ့ခုအထက္တန္းေက်ာင္း၇၀၀၀ေက်ာ္ကို ဆရာတို႔ စစ္ေနတယ္၊ေနာက္ဆုံး အထက္တန္းေက်ာင္းေတြ

အကုန္လုံးဖြင့္သြားၿပီဆိုေတာ့မွ အေျခအေန တစ္လ ေစာင့္ၾကည့္မယ္၊ ၿပီးေတာ့မွ အလယ္တန္းေတြကို စစ္ေဆးဖို႔စီစဥ္ပါဆိုၿပီး ရွိပါတယ္” ဟု အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကပင္ ေျပာသည္အထက္တန္း ေက်ာင္းအားလုံးျပန္လည္ဖြင့္လွစ္ႏိုင္ၿပီးအေျခအေန အဆင္ေျပမႈရွိမရွိကို တစ္ လအနည္းဆုံးေစာင့္ၾကည့္မည္ျဖစ္ေၾကာင္း၊ အေျခေနေကာင္းမြန္မွသာ အလယ္တန္းကို က်န္းမာေရးစည္းကမ္းခ်က္မ်ားႏွင့္အညီ ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္မည္ျဖစ္သည္။

Crd : TheFifthWave

Add a Comment

Your email address will not be published. Required fields are marked *