ရန်ကုန် ရောက်ရင် ဒီလိုလူတွေကို အထူးသတိထားပါ (ကိုယ်တွေ့)

Sharing is caring!

ကိုယ်တွေ့ဖြစ်ရပ် အများသိအောင် Share ပေးကြပါ..လုပ်စားဂိုဏ်းများအကြောင်း သိစေရန်….အရင်ကတည်းက လူနဲနဲပျက်ပြီးကားနဲနဲရှင်းတဲ့နေရာတွေမှာ ဒီလိုလူတွေ ဂိုဏ်းဖွဲ့ပြီး လုပ်စားနေကြပါတယ်။

လက်ရှိ #ကိုဗစ်ကာလ မှာနေ့လည်ပိုင်းတောင် လူရောကားပါ ရှင်းတဲ့နေရာ တော်တော်များလာတော့ ဒီလိုလုပ်စားဂိုဏ်းတွေအတွက် ခွင့်ပိုကောင်းလာတယ် ဆိုရပါမယ်။

ကျနော်က ဗဟန်းမှာနေတာပါ.. မေ- ..ရက်နေ့က အိမ်အပြန် မှန်းခြေ နေ့လယ်ပိုင်းပဲ ရှိပါသေးတယ်။ ရွှေဂုံတိုင် ဂုံးကျော်တံတားအောက်ကနေ SSCဘက်ကိုသွားတဲ့ လမ်းက နဲနဲလေးတော့ ကျဉ်းတယ်။

ဒါနဲ့ တံတားအောက်ခြေမှာ ဘောလုံးကန်တဲ့လူငယ်လေးတွေလည်း ရှိပါတယ်။

အဲ့ဒီနားလည်းရောက်တော့ ဓါတ်ပုံ ထဲကလူက ကျနော့်ကားဘက်ကြည့်မှန်ကို တံတောင်နဲ့ တအားရိုက်ချိုးပြိး(ပုံပါအတိုင်း) ကျနော်ကပဲ သူ့ကိုကားနဲ့ တိုက်မိသလိုဖြစ်ပြီး အဲ့ဒီမှာ လူလိမ့်ပြီး အော်တော့တာပဲဗျာ ။

ကျနော်လည်း ကားကိုချက်ချင်းရပ်ပြီး အဲ့ဒီလူနားသွားတော့ မလှမ်းမကမ်းမှာ စောင့်နေတဲ့ လူ၃ ယောက်ချက်ချင်းပြေးလာပြီး လုပ်ကြပါအုံး , ဘယ်လိုလုပ်တာ ဘယ်လိုလုပ်တာ အော်ပြောပြီး ဆေးခန်းသွားမယ်ချည်း လုပ်တော့တာပဲ ။

ကျနော်လည်း ရုတ်တရက် ကြောင်ပြီး ဘောလုံးကန်နေကြတဲ့ လူငယ်တွေကလည်း အခင်းဖြစ်နေရာကို ကားတိုက်ပြီဟေ့ဆိုပြီး အော်ပြေးလာကြတယ်။

ဒါနဲ့ပဲကျနော်လည်း အဲ့ဒီလုပ်စားသူကို ကျနော်ကားပေါ်ခေါ်တင်ဖို့ လုပ်ပါတော့တယ်။ အဲ့ဒီအချိန်မှာ အဲ့ဒီအခင်းဖြစ်နားအိမ်က လူတစ်ယောက် ထွက်လာပြီး ကမန်းကတန်း အကိုရဲစခန်းပဲသွားပါ လို့လှမ်းပြောလိုက်သာကြားလိုက်တယ်။

ကျနော်လည်း အဲ့ဒီနားက ဆေးခန်းကိုသွားတော့ ဆေးခန်းက ယာဉ်တိုက်မှုဖြစ်တဲ့ကိစ္စကြောင့် ဆေးရုံကြီးပဲသွားဖို့ တိုက်တွန်းပါတယ်။

ကျနော်တို့လည်း ဆေးခန်းက ပြန်အထွက်မိတ်ဆွေတစ်ယောက် ( ဖြစ်ဖြစ်ချင်းသတင်းပို့လိုက်တဲ့ ကျနော်ဖုန်းဆက်ထားတဲ့မိတ်ဆွေတစ်ယောက် )က ကျနော့်အနားလာပြီး အကိုကြီးလိုက်ခဲ့ဆိုပြီး သူပဲ ကားတတ်မောင်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မောင်းလာခဲ့လိုက်တယ်။

လုပ်စားတဲ့သူက ချက်ချင်းရိပ်မိပြီး အကိုတို့က ဆေးခန်းမှ မဟုတ်တာဆိုပြိး ကြောင်သွားတယ်။ ရပ်/ကျေးရုံးရောက်တော့ ရပ်ကွက်လူကြီးတွေတစ်ချို့နဲ့ ရဲစခန်းသွားကြပါတယ်။

ရဲစခန်းရောက်တော့ စခန်းမှူးက နဲနဲမေးပြီ ခင်ဗျား မျက်နှာကို ရင်းနှီးနေသလိုပဲဆိုပြီး Mask ချွတ်ခိုင်းလိုက်မှ.. ဟ ဒီကောင်က ဟိုတစ်နေ့က Honda Insigh ကားနဲ့တိုက်မိပြီး လျောကြေး တောင်းထားတဲ့ ကောင်ပဲ လို့ပြောလိုက် တော့မှ ကျနော်စိတ်ထဲ အတော်အံအားသင့် သွားခဲ့ပါတယ်။

ကျနော်ကိုတော့ ရဲစခန်းက အချက်အလက် တစ်ချို့ယူပြီး ပြန်ခိုင်းလိုက်ပါတယ်။ကျန်တာတွေတော့ ဥပဒေအတိုင်းပဲ သွားမယ်လို့ မျှော်လင့်ပါတယ်။

Soe Moe

Zawgyi Version

ကိုယ္ေတြ႕ျဖစ္ရပ္ အမ်ားသိေအာင္ Share ေပးၾကပါ..လုပ္စားဂိုဏ္းမ်ားအေၾကာင္း သိေစရန္….အရင္ကတည္းက လူနဲနဲပ်က္ၿပီးကားနဲနဲရွင္းတဲ့ေနရာေတြမွာ ဒီလိုလူေတြ ဂိုဏ္းဖြဲ႕ၿပီး လုပ္စားေနၾကပါတယ္။

လက္ရွိ #ကိုဗစ္ကာလ မွာေန႔လည္ပိုင္းေတာင္ လူေရာကားပါ ရွင္းတဲ့ေနရာ ေတာ္ေတာ္မ်ားလာေတာ့ ဒီလိုလုပ္စားဂိုဏ္းေတြအတြက္ ခြင့္ပိုေကာင္းလာတယ္ ဆိုရပါမယ္။က်ေနာ္က ဗဟန္းမွာေနတာပါ.. ေမ- ..ရက္ေန႔က အိမ္အျပန္ မွန္းေျခ ေန႔လယ္ပိုင္းပဲ ရွိပါေသးတယ္။ ေ႐ႊဂုံတိုင္ ဂုံးေက်ာ္တံတားေအာက္ကေန SSCဘက္ကိုသြားတဲ့ လမ္းက နဲနဲေလးေတာ့ က်ဥ္းတယ္။

ဒါနဲ႔ တံတားေအာက္ေျခမွာ ေဘာလုံးကန္တဲ့လူငယ္ေလးေတြလည္း ရွိပါတယ္။ အဲ့ဒီနားလည္းေရာက္ေတာ့ ဓါတ္ပုံ ထဲကလူက က်ေနာ့္ကားဘက္ၾကည့္မွန္ကို တံေတာင္နဲ႔ တအား႐ိုက္ခ်ိဳးၿပိး(ပုံပါအတိုင္း) က်ေနာ္ကပဲ သူ႔ကိုကားနဲ႔ တိုက္မိသလိုျဖစ္ၿပီး အဲ့ဒီမွာ လူလိမ့္ၿပီး ေအာ္ေတာ့တာပဲဗ်ာ ။

က်ေနာ္လည္း ကားကိုခ်က္ခ်င္းရပ္ၿပီး အဲ့ဒီလူနားသြားေတာ့ မလွမ္းမကမ္းမွာ ေစာင့္ေနတဲ့ လူ၃ ေယာက္ခ်က္ခ်င္းေျပးလာၿပီး လုပ္ၾကပါအုံး , ဘယ္လိုလုပ္တာ ဘယ္လိုလုပ္တာ ေအာ္ေျပာၿပီး ေဆးခန္းသြားမယ္ခ်ည္း လုပ္ေတာ့တာပဲ ။

က်ေနာ္လည္း ႐ုတ္တရက္ ေၾကာင္ၿပီး ေဘာလုံးကန္ေနၾကတဲ့ လူငယ္ေတြကလည္း အခင္းျဖစ္ေနရာကို ကားတိုက္ၿပီေဟ့ဆိုၿပီး ေအာ္ေျပးလာၾကတယ္။ဒါနဲ႔ပဲက်ေနာ္လည္း အဲ့ဒီလုပ္စားသူကို က်ေနာ္ကားေပၚေခၚတင္ဖို႔ လုပ္ပါေတာ့တယ္။

အဲ့ဒီအခ်ိန္မွာ အဲ့ဒီအခင္းျဖစ္နားအိမ္က လူတစ္ေယာက္ ထြက္လာၿပီး ကမန္းကတန္း အကိုရဲစခန္းပဲသြားပါ လို႔လွမ္းေျပာလိုက္သာၾကားလိုက္တယ္။

က်ေနာ္လည္း အဲ့ဒီနားက ေဆးခန္းကိုသြားေတာ့ ေဆးခန္းက ယာဥ္တိုက္မႈျဖစ္တဲ့ကိစၥေၾကာင့္ ေဆး႐ုံႀကီးပဲသြားဖို႔ တိုက္တြန္းပါတယ္။

က်ေနာ္တို႔လည္း ေဆးခန္းက ျပန္အထြက္မိတ္ေဆြတစ္ေယာက္ ( ျဖစ္ျဖစ္ခ်င္းသတင္းပို႔လိုက္တဲ့ က်ေနာ္ဖုန္းဆက္ထားတဲ့မိတ္ေဆြတစ္ေယာက္ )က က်ေနာ့္အနားလာၿပီး အကိုႀကီးလိုက္ခဲ့ဆိုၿပီး သူပဲ ကားတတ္ေမာင္းၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေမာင္းလာခဲ့လိုက္တယ္။

လုပ္စားတဲ့သူက ခ်က္ခ်င္းရိပ္မိၿပီး အကိုတို႔က ေဆးခန္းမွ မဟုတ္တာဆိုၿပိး ေၾကာင္သြားတယ္။ ရပ္/ေက်း႐ုံးေရာက္ေတာ့ ရပ္ကြက္လူႀကီးေတြတစ္ခ်ိဳ႕နဲ႔ ရဲစခန္းသြားၾကပါတယ္။

ရဲစခန္းေရာက္ေတာ့ စခန္းမႉးက နဲနဲေမးၿပီ ခင္ဗ်ား မ်က္ႏွာကို ရင္းႏွီးေနသလိုပဲဆိုၿပီး Mask ခြၽတ္ခိုင္းလိုက္မွ.. ဟ ဒီေကာင္က ဟိုတစ္ေန႔က Honda Insigh ကားနဲ႔တိုက္မိၿပီး ေလ်ာေၾကး ေတာင္းထားတဲ့ ေကာင္ပဲ လို႔ေျပာလိုက္ ေတာ့မွ က်ေနာ္စိတ္ထဲ အေတာ္အံအားသင့္ သြားခဲ့ပါတယ္။

က်ေနာ္ကိုေတာ့ ရဲစခန္းက အခ်က္အလက္ တစ္ခ်ိဳ႕ယူၿပီး ျပန္ခိုင္းလိုက္ပါတယ္။က်န္တာေတြေတာ့ ဥပေဒအတိုင္းပဲ သြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Soe Moe

Add a Comment

Your email address will not be published. Required fields are marked *