ယုန်လေးကို အရေးယူနိုင်ဖို့အတွက် ယနေ့ မှာ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးထိုင်ဆုံးဖြတ်မည်

Sharing is caring!

ရုပ်ရှင်အစည်းအရုံးက ထုတ်ပယ်မယ်ဆိုတာ သတင်းအမှားပါတဲ့။ ယုန်လေးကို ရုပ်ရှင်အစည်းအရုံးကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြိုင်က အခုလို ပြောပြလာပါတယ်။ သရုပ်ဆောင်၊ ဒါရိုက်တာ၊ အဆိုတော် ယုန်လေးကို ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပယ်လိုက်ပြီဆိုတဲ့ သတင်းဟာ သြဂုတ်လ (၅) ရက်နေ့ ညက လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ ဒီသတင်းဟာ

အမှားတစ်ခုသာဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့မှ ဦးဝင်းမြိုင်က Duwun ကနေ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့ပါတယ်။“ ဒီကိစ္စအပေါ် မူတည်ပြီးတော့ အကုန်လုံး ဆွေးနွေးနေကြပါတယ်။ ကိုယုန်လေးကို အစည်းအရုံးက ထုတ်ပယ်မယ်ဆိုတာက သတင်းအမှားတွေပါ။ ဒီကိစ္စအတွက် ဘာမှ လုပ်လို့မရသေးပါဘူး။ သူ့ကိုလည်း ဒီအတိုင်းထုတ်ပယ်လို့ မရသေးဘူး။ အမှုဆောင် အစည်းအဝေးဆိုတာ လုပ်ရဦးမယ် ဒါတွေကို

တင်ပြပြီးတော့မှ ဘာလုပ်သင့်တယ်ဆိုတာတွေကို အကုန်လုံးရဲ့ သဘောတူညီမှုနဲ့ ထုတ်ပြန်လို့ရမှာပါ။ အခုထွက်နေတဲ့ သတင်းတွေက အမှားတွေပါ။ ကောလာဟလ ထွက်နေကြတာပါ” လို့ သူက ဆိုပါတယ်။“ ငါတို့ အားလုံးရဲ့ မြေ” MTV ထဲမှာ ဦးဝင်းမြိုင်က စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။ ဦးဝင်းမြိုင်ဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကြီးရဲ့ အမှုဆောင် တစ်ယောက်အနေနဲ့ Covid ကာလ

အတွင်းမှာ ယင်း MTV ရိုက်ကူးခဲ့မှု အပေါ် ပရိသတ်များစွာတို့က ဝေဖန်နေကြပါတယ်။ ဒီ ဝေဖန်မှုတွေ အပေါ် ဦးဝင်းမြိုင်က အခုလို ပြောပြခဲ့ပါတယ်။“ ရိုက်ကူးရေးလုပ်တုန်းကလည်း Covid ကာလဆိုပေမယ့် အစည်းအရုံးအနေနဲ့ ခွင့်ပြုတယ်လို့လည်း မဟုတ်ဘူး၊ ခွင့်မပြုဘူးလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ရိုက်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်မှုတွေ အတိုင်း လိုက်နာပြီးတော့ရိုက်။ ရိုက်

တဲ့ အချိန်မှာလည်း အကုန်လုံး Mask တွေ တပ်တယ်။ လက်တွေ ဆေးကြပါတယ်။ ဒီ MTV ကို ဇူလိုင် လဆန်းတုန်းက ရိုက်ခဲ့တာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ာပါတယ်ဦးဝင်းမြိုင်ကိုတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တစ်ဦးအဖြစ် ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူကို ပရိသတ်တွေ အများဆုံး သတိထားမိခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကတော့ မင်းသား၊ မင်းသမီးတွေရဲ့ အဖေ ၊ ဦးလေး၊ အိမ်ထိန်း

တော်၊ ရပ်ကွက်ဥက္ကဌ စတဲ့ ကာရိုက်တာတွေနဲ့ ပရိသတ်တွေ သိခဲ့တာပါ။ လက်ရှိမှာလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်တွေကိုလည်း ထမ်းဆောင်နေတာဖြစ်သလို၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။

ဓူဝံ

Zawgyi Version

႐ုပ္ရွင္အစည္းအ႐ုံးက ထုတ္ပယ္မယ္ဆိုတာ သတင္းအမွားပါတဲ့။ ယုန္ေလးကို ႐ုပ္ရွင္အစည္းအ႐ုံးကေန ထုတ္ပယ္လိုက္တယ္ဆိုတဲ့ သတင္းေတြ အေပၚ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးအမႈေဆာင္အဖြဲ႕ဝင္ ဦးဝင္းၿမိဳင္က အခုလို ေျပာျပလာပါတယ္။ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ၊ အဆိုေတာ္ ယုန္ေလးကို ႐ုပ္ရွင္အစည္းအ႐ုံးမွ ထုတ္ပယ္လိုက္ၿပီဆိုတဲ့ သတင္းဟာ ၾသဂုတ္လ (၅) ရက္ေန႔ ညက လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ ျပန႔္ႏွံ႔ခဲ့ပါတယ္။ ဒီသတင္းဟာ

အမွားတစ္ခုသာျဖစ္ေၾကာင္း ႐ုပ္ရွင္အစည္းအ႐ုံး အမႈေဆာင္အဖြဲ႕မွ ဦးဝင္းၿမိဳင္က Duwun ကေန ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းရာမွာ အခုလို ေျဖဆိုခဲ့ပါတယ္။“ ဒီကိစၥအေပၚ မူတည္ၿပီးေတာ့ အကုန္လုံး ေဆြးေႏြးေနၾကပါတယ္။ ကိုယုန္ေလးကို အစည္းအ႐ုံးက ထုတ္ပယ္မယ္ဆိုတာက သတင္းအမွားေတြပါ။ ဒီကိစၥအတြက္ ဘာမွ လုပ္လို႔မရေသးပါဘူး။ သူ႔ကိုလည္း ဒီအတိုင္းထုတ္ပယ္လို႔ မရေသးဘူး။ အမႈေဆာင္ အစည္းအေဝးဆိုတာ လုပ္ရဦးမယ္ ဒါေတြကို

တင္ျပၿပီးေတာ့မွ ဘာလုပ္သင့္တယ္ဆိုတာေတြကို အကုန္လုံးရဲ႕ သေဘာတူညီမႈနဲ႔ ထုတ္ျပန္လို႔ရမွာပါ။ အခုထြက္ေနတဲ့ သတင္းေတြက အမွားေတြပါ။ ေကာလာဟလ ထြက္ေနၾကတာပါ” လို႔ သူက ဆိုပါတယ္။“ ငါတို႔ အားလုံးရဲ႕ ေျမ” MTV ထဲမွာ ဦးဝင္းၿမိဳင္က စီးပြားေရး လုပ္ငန္းရွင္တစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားတာကိုလည္း ေတြ႕ရပါတယ္။ ဦးဝင္းၿမိဳင္ဟာ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးႀကီးရဲ႕ အမႈေဆာင္ တစ္ေယာက္အေနနဲ႔ Covid ကာလ

အတြင္းမွာ ယင္း MTV ႐ိုက္ကူးခဲ့မႈ အေပၚ ပရိသတ္မ်ားစြာတို႔က ေဝဖန္ေနၾကပါတယ္။ ဒီ ေဝဖန္မႈေတြ အေပၚ ဦးဝင္းၿမိဳင္က အခုလို ေျပာျပခဲ့ပါတယ္။“ ႐ိုက္ကူးေရးလုပ္တုန္းကလည္း Covid ကာလဆိုေပမယ့္ အစည္းအ႐ုံးအေနနဲ႔ ခြင့္ျပဳတယ္လို႔လည္း မဟုတ္ဘူး၊ ခြင့္မျပဳဘူးလည္း မဟုတ္ဘူး။ ကိုယ့္ဘာသာကိုယ္ တာဝန္ယူမႈ၊ တာဝန္ခံမႈနဲ႔ ႐ိုက္၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လမ္းၫႊန္မႈေတြ အတိုင္း လိုက္နာၿပီးေတာ့႐ိုက္။ ႐ိုက္

တဲ့ အခ်ိန္မွာလည္း အကုန္လုံး Mask ေတြ တပ္တယ္။ လက္ေတြ ေဆးၾကပါတယ္။ ဒီ MTV ကို ဇူလိုင္ လဆန္းတုန္းက ႐ိုက္ခဲ့တာပါ” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ာပါတယ္ဦးဝင္းၿမိဳင္ကိုေတာ့ ဇာတ္ပို႔ဇာတ္ရံ သ႐ုပ္ေဆာင္ တစ္ဦးအျဖစ္ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာျဖစ္ပါတယ္။ သူကို ပရိသတ္ေတြ အမ်ားဆုံး သတိထားမိခဲ့တဲ့ ဇာတ္ဝင္ခန္းေတြကေတာ့ မင္းသား၊ မင္းသမီးေတြရဲ႕ အေဖ ၊ ဦးေလး၊ အိမ္ထိန္း

ေတာ္၊ ရပ္ကြက္ဥကၠဌ စတဲ့ ကာ႐ိုက္တာေတြနဲ႔ ပရိသတ္ေတြ သိခဲ့တာပါ။ လက္ရွိမွာလည္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက တာဝန္ေတြကိုလည္း ထမ္းေဆာင္ေနတာျဖစ္သလို၊ ႐ုပ္ရွင္ဇာတ္ကားေတြလည္း ႐ိုက္ကူးေနတာ ေတြ႕ရပါတယ္။

ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *