ဝန်ထမ်းအငြိမ်းစားများအတွက် နေစရာ မပူရတော့ပါ

Sharing is caring!

ပြည်သူများနေထိုင်ရေး မခက်ခဲစေရေးအတွက် နိုင်ငံတော်အစိုးရက အငှားအိမ်ရာစီမံကိန်းစတင်ကို စတင်အကောင်အထည် ဖော်ရန် ယနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပန္နက်ချပေးလိုက်ပြီဖြစ်သည်။ရန်ကုန်၊မန္တ လေး၊နေပြည်တော်တို့တွင်အခန်းပေါင်း၁၀၀၀၀ကျော်ဆောက်မည်ဖြစ်ပြီး ယနေ့ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပန္နက်ချလိုက်သည့်စီမံကိန်းက အိမ်ခန်းပေါင်း ၆၀၀၀ကျော် တည်ဆောက်မည့်စီမံကိန်းဖြစ်သည်ဟု သိရ

သည်။အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကာ ဆောက်လုပ်ရေးဆိုင်ရာ အသင်း ၃ခုက ပံ့ပိုးကူညီခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဆိုင်ရာ အသင်း ၃ခုတာဝန်ရှိသူများက Myanmar Harpကိုပြောသည်။“နေပြည်တော်မှာက အခန်း၇၀၀ကျော်၊မန္တလေးမှာက အခန်း၃၀၀၀ကျော်ဆက်လက်တည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်၊ကိုဗစ်ကာလမှာပြည်သူတွေ အလုပ်အကိုင်ရရှိဖို့၊စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်

တိုးတက်ဖို့ ၊ပြည်သူတွေ နေထိုင်ရေးအဆင်ပြေစေဖို့ အစိုးရက ဆောင်ရွက်ပေးတဲ့ အစီအစဉ်တစ်ခုပါ”ဟု ဆောက်လုပ်ရေးဆိုင်ရာ အသင်း၁သင်းမှ တာဝန်ရှိသူက ပြောပြသည်။ယင်းအငှားအိမ်ရာသည် ဝင်ငွေနည်းပြည်သူများ၊အငြိမ်းစားဝန်ထမ်းများ၊ဝန်ထမ်းများအတွက်ဖြစ်သည်ဟုသိရသည်။

ယခုသတင်းကို Myanmar Harp ထံမှ ပြန်လည်ဖော်ပြပါသည်

Add a Comment

Your email address will not be published. Required fields are marked *