ကားဈေးတွေကျပြိဆိုတော့ဘယ်လိုကားမျိုးကို ဘယ်အချိန်ဝယ်သင့်လဲဆိုတာ..

Sharing is caring!

ကဲ ကားဈေးတွေတော့ ကျပါပြီ

၁။ ဘယ်လောက် ကျမလဲ…။၂။ ဘယ်လိုကားမျိုးရွေးချယ်ဝယ်သင့်သလဲ…။၃။ ဘယ်တော့လောက် ဝယ်သင့်သလဲ…။၄။ ဈေးထပ်ကျဖို့ရှိသေးလား ဆိုတာ သုံသပ်ပေးထားပါတယ်။

၁။ အခွန်ကျတာတွေက (ဆိပ်ကမ်းခွန် ၁၀% နဲ့ ကညနခွန် တစ်ဝက်လျှော့တာ) ဆိုတော့ နဂိုကားဈေးနှုန်းမှာ ၁၀% ကနေ ၂၀% လောက်ထိကျပါမယ်.. ဒီလို နှုန်းထားလျှော့တာက CBU (အလုံးလိုက်သွင်းကား) တွေကိုပဲ သက် ရောက်တာပါ…SKD လို့ ခေါ်တဲ့ (ပြည်တွင်းမှာပြန်တပ်ဆင်တဲ့) ကားတွေအပေါ်မှာတော့ နည်းနည်းပဲ သက်ရောက်ပါမယ်.. SKD ကားတွေက နဂိုထဲက ကညနခွန် မဆောင်ရပဲ (နှစ်စဉ်ကြေး ၂ သိန်း (နယ်လိုင်စင်)၊ ရန်ကုန်လိုင်စင် (၄သိန်း)) ပဲ ဆောင်ရတာပါ.. ဆိုတော့ တစ်ဝက်တိတိကျတဲ့ ကညနခွန်ရဲ့ သက်ရောက်မှုကို မခံစားရဖူးပေါ့.. ဒါပေမယ့် နဂို ဆောင်ရတဲ့ ဆိပ်ကမ်းခွန် ၁၀% ကနေ ဝ% ဖြစ်သွားတဲ့အတွက်တော့ နောက်အသုတ်ကားတွေကို နည်းနည်းလျှော့ပေးမှာဖြစ်သလို.. အလုံးလိုက်သွင်းကားတွေနဲ့ ဈေးနှုန်း ယှဉ်ဖိုက်ရတော့မှာ ဖြစ်လို့ ဈေးနှုန်းတွေ ချိန်ညှိရပါလိမ့်မယ်.. (ဒီနေ့မှာပဲ SKD ကားရှိုးရွမ်းတွေ ဈေးနှုန်းစချကြပါပြီ)

နောက်လုပ်ငန်းသုံးထဲ ထည့်ထားတဲ့ ၁၁ ယောက်စီး ကားတွေဖြစ်တဲ့ Toyota Majesty တို့ Kia Carnival တို့တွေကလည်း နဂိုထဲက အခွန် (CT 3%, CD 5% နဲ့ ကညန 5%) ဆိုတော့ ထပ်မလျှော့လောက်တော့ပါဘူး..နယ်က ကားစီးသူတွေအတွက်က SKD ထက်စာရင် အခွန်ပိုလျော့သွားတဲ့ CBU ဖက်ကို ပြန်လှည့်လာပါလိမ့်မယ်… ဘာဖြစ်လို့လဲဆိုတော့ SKD ရဲ့ အားသာချက်တွေက ရန်ကုန်လိုင်စင်ရတာရယ်၊ warranty ပါတာရယ်လေ.. နယ်သမားအတွက်က ရန်ကုန်လိုင်စင်မက်စရာမရှိတာရယ်၊ နောက်ပိုင်းကားပြုပြင်ထိန်းသိမ်းရတာက ရန်ကုန်ထိလာရမှာရယ်ဆိုတော့ သိပ်မထူးဖူးရယ်..။

အရင်လက ထုတ်ပြန်ထားတဲ့ ပေါ်လစီကြောင့်လည်း CBU ကားဝယ်သူတွေမှာ အားသာချက်တစ်ခု ရှိပြန်ပါတယ်.. အရင်က စလစ်ဖိုးမကုန်ချင်လို့ ရန်ကုန်လိုင်စင်မယူပဲ နယ်လိုင်စင်ယူတဲ့အခါကျရင် သူများအမည်ပေါက်နဲ့ယူရတာတို့… သန်းခေါင်စာရင်ပြောင်းရတာတို့နဲ့ အလုပ်ရှုပ်ရပါတယ်…အခု တော့ ရန်ကုန်မှာစီးဖို့ ကားဝယ်မယ့်သူတွေအတွက် ရန်ကုန်လိုင်စင်မယူပဲ နယ်လိုင်စင်ယူတဲ့အခါကျရင် စလစ်ဖိုး သက်သာသွားသလို၊ နယ်လိုင်စင် (NPW, BGO) တို့ နဲ့ ယူပြီး အမည်ပေါက်ကို ကိုယ်နာမည်နဲ့ ရတဲ့ အတွက် အဆင်ပြေသွားပါတယ်.. (နောင်တစ်ချိန် ရန်ကုန်မြို့ဝင်ကြေးပေးဆိုတော့လည်း ပေးပေါ့ .. လောလောဆယ်တော့ သက်သာတယ်လေ..)

၂။ ကားဝယ်ရင်တော့ ဒီဇိုင်းနဲ့ ဈေးနှုန်းအပြင် Safety ကောင်းတာ၊ ပြင်ဆင်မှုလွယ်တာကိုလည်း မဖြစ်မနေထည့်သွင်းစဉ်းစားစေချင်ပါတယ်…။

– ကားသစ်တွေဆိုရင် NCAP (new car accessment program) မှာ စတား ၅ လုံးလောက် အောက်ထစ် ရတဲ့ ကားမျိုးကို ရွေးချယ်ပါ..။

– ခရီးဟိုနားဒီနားသွားတဲ့သူဆိုရင် cruise control ကိုမှ radar control ပါတဲ့ ကားမျိုးကို ဝယ်ပါ..။

(ပြီးခဲ့ရက်က ကျနော် ရန်ကုန်ကနေ သီပေါအထိကို Majesty နဲ့ ခရီးသွားတော့ Adaptive Cruise Control နဲ့ သွားတော့ လူတော်တော်သက်သာသလို၊ ဆီစားသက်သာတဲ့အပြင် safety ပါ ကောင်းပါတယ်..) (Adaptive Cruise Control ရဲ့ အလုပ်လုပ်ပုံက ကိုယ်မောင်းချင်တဲ့ အရှိန်(တစ်နာရီ မိုင်၆၀)နဲ့ ချိန်ထားလိုက်ပါတယ်… အဲလိုအချိန်မှာ ကွေ့တွေဘာတွေရောက်လို့ ရှေ့မှာကားတစ်စီးရှိရင် အဲကားရဲ့အရှိန်ကို radar က ဖမ်းယူတွက်ချက်ပြီး သူ့အရှိန်အတိုင်း ဖြစ်သွားပါတယ်.. ဘရိတ်ကို သူ့ဖာသာ ထိန်းညှိ၊ အရှိန်ကို ကွန်ပျူတာက ထိန်းချုပ်သွားပါတယ်.. အရှိန်နည်းနည်းတင်ချင်ရင်လည်း လက်ကခလုပ်နဲ့ တင်ရုံပါပဲ… မောင်းတဲ့သူက စတီယာရင်ထိန်းရုံပါပဲ..ညနေမှောင်ရီပျိုးမှာ မိုးသည်းသည်းထဲမှာ ရှေ့မြင်ကွင်းကို သိပ်မသဲကွဲပဲမောင်းရတဲ့အချိန်ဆို တော်တော်အသုံးဝင်ပါတယ်..)။

– နောက် Hill Start Assist လိုမျိုး ဖန်ရှင်တွေလည်းပါစေချင်ပါတယ်.. (ပြီးတဲ့ရက်က ဂုတ်တွင်းကုန်းတက်ကို တက်တဲ့အချိန်မှာ အဲဒီ function ကလည်း တော်တော်အသုံးဝင်ပါတယ်)

– ဘေးကားကျော်တက်တာမျိုးကို မြင်ကွင်းပျောက်တက်တာမျိုးကို သတိပေးတဲ့ (Blind Spot Assist) လိုမျိုးပါသင့်တယ်..။

– TSC, VSC, (Traction Control, Vehicle Stability Control) တွေကလည်း အရေးရယ်အကြောင်းရယ်ဆို စိတ်ချရတယ်.. (ကျောက်မဲသွားတဲ့လမ်းမှာ မိုးကလည်းသည်း၊ ရွံ့ခဲတွေက လမ်းမပေါ်ပြန့်ကြဲ၊ ကားဘီးက ရွံ့တွေနင်းမိပြီးကားဘီးမှာရွံ့တွေကပ်ပြီးရေထဲဖြတ်မောင်းချိန် စလစ်နည်းနည်းဖြစ်သွားတာ အဲဒီဖန်ရှင်တွေကပဲ ကားကိုထိန်းညှိပေးသွားတာ..)

– နောက် ကားပါကင်ထိုးချိန်မှာ အဆင်ပြေတဲ့ 360 ကင်မရာဖန်ရှင်လိုတွေ စသဖြင့်ပေါ့( နောက်တစ်ပိုစ့်မှာမှ အကျယ်ရေးပါဦးမယ်)။

၃။ ငွေဖြူ ရှိတဲ့သူတွေက နောက် ၂ လ လောက်နေ မှ ဝယ်တာ အသင့်တော်ဆုံးပါ… ငွေဖြူ မရှိသူကတော့ ဝင်ငွေခွန် ၃% အခွင့်အရေးရှိတုန်း တစ်စီးတော့ ဝင်ထားသင့်ပါတယ်… အဲဒီ ငွေဖြူကို တစ်သက်လုံး လှည့်သုံးရုံပါပဲ…။

၄။ ကားဈေးထပ်ကျဖို့က ဒေါ်လာဈေး ထပ်ကျမလား (လောလောဆယ် ဒေါ်လာဈေးကလေည်း ၁၅၀၀ ကျော်ကနေ ၁၃၇၀ ဝန်းကျင်ဖြစ်နေတယ်ဆိုတော့ သိပ်မကျလောက်တော့ဖူးလို့ ယူဆရပါတယ်)။

ဝန်ထမ်းပါမစ်ထွက်ရင်ရော – ထွက်ဖို့ သိပ်မသေချာတော့သလို… ထွက်ခဲ့ရင်လည်း… အစိုးရဝန်ထမ်း လုပ်သက် ၂၅ နှစ်ကျော်တွေပဲ အဆင်ပြေသွားမှာပါ… သူတို့ဆီက တစ်ဆင့်ပြန်ဝယ်ရင် အမြတ်ပေးရမှာနဲ့ ကန့်သတ်ချက်တွေနဲ့ဆိုတော့ အခုအခွန်လျှော့တာတွေနဲ့ဆို ကိုယ့်ဖာသာပဲ သွင်းကြတော့မှာပေါ့နော်…နားလည်သလောက်ရှင်းပြပေးတာပါ… လိုအပ်တာရှိလည်းထောက်ပြပေါ့…။

အောင်မိုးလွင် (UnitedExplorer)

Zawgyi Version

ကဲ ကားေဈးေတြေတာ့ က်ပါၿပီ

၁။ ဘယ္ေလာက္ က်မလဲ…။၂။ ဘယ္လိုကားမ်ိဳးေ႐ြးခ်ယ္ဝယ္သင့္သလဲ…။၃။ ဘယ္ေတာ့ေလာက္ ဝယ္သင့္သလဲ…။၄။ ေဈးထပ္က်ဖို႔ရွိေသးလား ဆိုတာ သုံသပ္ေပးထားပါတယ္။

၁။ အခြန္က်တာေတြက (ဆိပ္ကမ္းခြန္ ၁၀% နဲ႔ ကညနခြန္ တစ္ဝက္ေလွ်ာ့တာ) ဆိုေတာ့ နဂိုကားေဈးႏႈန္းမွာ ၁၀% ကေန ၂၀% ေလာက္ထိက်ပါမယ္.. ဒီလို ႏႈန္းထားေလွ်ာ့တာက CBU (အလုံးလိုက္သြင္းကား) ေတြကိုပဲ သက္ ေရာက္တာပါ…SKD လို႔ ေခၚတဲ့ (ျပည္တြင္းမွာျပန္တပ္ဆင္တဲ့) ကားေတြအေပၚမွာေတာ့ နည္းနည္းပဲ သက္ေရာက္ပါမယ္.. SKD ကားေတြက နဂိုထဲက ကညနခြန္ မေဆာင္ရပဲ (ႏွစ္စဥ္ေၾကး ၂ သိန္း (နယ္လိုင္စင္)၊ ရန္ကုန္လိုင္စင္ (၄သိန္း)) ပဲ ေဆာင္ရတာပါ.. ဆိုေတာ့ တစ္ဝက္တိတိက်တဲ့ ကညနခြန္ရဲ႕ သက္ေရာက္မႈကို မခံစားရဖူးေပါ့.. ဒါေပမယ့္ နဂို ေဆာင္ရတဲ့ ဆိပ္ကမ္းခြန္ ၁၀% ကေန ဝ% ျဖစ္သြားတဲ့အတြက္ေတာ့ ေနာက္အသုတ္ကားေတြကို နည္းနည္းေလွ်ာ့ေပးမွာျဖစ္သလို.. အလုံးလိုက္သြင္းကားေတြနဲ႔ ေဈးႏႈန္း ယွဥ္ဖိုက္ရေတာ့မွာ ျဖစ္လို႔ ေဈးႏႈန္းေတြ ခ်ိန္ညႇိရပါလိမ့္မယ္.. (ဒီေန႔မွာပဲ SKD ကားရႈိး႐ြမ္းေတြ ေဈးႏႈန္းစခ်ၾကပါၿပီ)

ေနာက္လုပ္ငန္းသုံးထဲ ထည့္ထားတဲ့ ၁၁ ေယာက္စီး ကားေတြျဖစ္တဲ့ Toyota Majesty တို႔ Kia Carnival တို႔ေတြကလည္း နဂိုထဲက အခြန္ (CT 3%, CD 5% နဲ႔ ကညန 5%) ဆိုေတာ့ ထပ္မေလွ်ာ့ေလာက္ေတာ့ပါဘူး..နယ္က ကားစီးသူေတြအတြက္က SKD ထက္စာရင္ အခြန္ပိုေလ်ာ့သြားတဲ့ CBU ဖက္ကို ျပန္လွည့္လာပါလိမ့္မယ္… ဘာျဖစ္လို႔လဲဆိုေတာ့ SKD ရဲ႕ အားသာခ်က္ေတြက ရန္ကုန္လိုင္စင္ရတာရယ္၊ warranty ပါတာရယ္ေလ.. နယ္သမားအတြက္က ရန္ကုန္လိုင္စင္မက္စရာမရွိတာရယ္၊ ေနာက္ပိုင္းကားျပဳျပင္ထိန္းသိမ္းရတာက ရန္ကုန္ထိလာရမွာရယ္ဆိုေတာ့ သိပ္မထူးဖူးရယ္..။

အရင္လက ထုတ္ျပန္ထားတဲ့ ေပၚလစီေၾကာင့္လည္း CBU ကားဝယ္သူေတြမွာ အားသာခ်က္တစ္ခု ရွိျပန္ပါတယ္.. အရင္က စလစ္ဖိုးမကုန္ခ်င္လို႔ ရန္ကုန္လိုင္စင္မယူပဲ နယ္လိုင္စင္ယူတဲ့အခါက်ရင္ သူမ်ားအမည္ေပါက္နဲ႔ယူရတာတို႔… သန္းေခါင္စာရင္ေျပာင္းရတာတို႔နဲ႔ အလုပ္ရႈပ္ရပါတယ္…အခု ေတာ့ ရန္ကုန္မွာစီးဖို႔ ကားဝယ္မယ့္သူေတြအတြက္ ရန္ကုန္လိုင္စင္မယူပဲ နယ္လိုင္စင္ယူတဲ့အခါက်ရင္ စလစ္ဖိုး သက္သာသြားသလို၊ နယ္လိုင္စင္ (NPW, BGO) တို႔ နဲ႔ ယူၿပီး အမည္ေပါက္ကို ကိုယ္နာမည္နဲ႔ ရတဲ့ အတြက္ အဆင္ေျပသြားပါတယ္.. (ေနာင္တစ္ခ်ိန္ ရန္ကုန္ၿမိဳ႕ဝင္ေၾကးေပးဆိုေတာ့လည္း ေပးေပါ့ .. ေလာေလာဆယ္ေတာ့ သက္သာတယ္ေလ..)

၂။ ကားဝယ္ရင္ေတာ့ ဒီဇိုင္းနဲ႔ ေဈးႏႈန္းအျပင္ Safety ေကာင္းတာ၊ ျပင္ဆင္မႈလြယ္တာကိုလည္း မျဖစ္မေနထည့္သြင္းစဥ္းစားေစခ်င္ပါတယ္…။

– ကားသစ္ေတြဆိုရင္ NCAP (new car accessment program) မွာ စတား ၅ လုံးေလာက္ ေအာက္ထစ္ ရတဲ့ ကားမ်ိဳးကို ေ႐ြးခ်ယ္ပါ..။

– ခရီးဟိုနားဒီနားသြားတဲ့သူဆိုရင္ cruise control ကိုမွ radar control ပါတဲ့ ကားမ်ိဳးကို ဝယ္ပါ..။

(ၿပီးခဲ့ရက္က က်ေနာ္ ရန္ကုန္ကေန သီေပါအထိကို Majesty နဲ႔ ခရီးသြားေတာ့ Adaptive Cruise Control နဲ႔ သြားေတာ့ လူေတာ္ေတာ္သက္သာသလို၊ ဆီစားသက္သာတဲ့အျပင္ safety ပါ ေကာင္းပါတယ္..) (Adaptive Cruise Control ရဲ႕ အလုပ္လုပ္ပုံက ကိုယ္ေမာင္းခ်င္တဲ့ အရွိန္(တစ္နာရီ မိုင္၆၀)နဲ႔ ခ်ိန္ထားလိုက္ပါတယ္… အဲလိုအခ်ိန္မွာ ေကြ႕ေတြဘာေတြေရာက္လို႔ ေရွ႕မွာကားတစ္စီးရွိရင္ အဲကားရဲ႕အရွိန္ကို radar က ဖမ္းယူတြက္ခ်က္ၿပီး သူ႔အရွိန္အတိုင္း ျဖစ္သြားပါတယ္.. ဘရိတ္ကို သူ႔ဖာသာ ထိန္းညႇိ၊ အရွိန္ကို ကြန္ပ်ဴတာက ထိန္းခ်ဳပ္သြားပါတယ္.. အရွိန္နည္းနည္းတင္ခ်င္ရင္လည္း လက္ကခလုပ္နဲ႔ တင္႐ုံပါပဲ… ေမာင္းတဲ့သူက စတီယာရင္ထိန္း႐ုံပါပဲ..ညေနေမွာင္ရီပ်ိဳးမွာ မိုးသည္းသည္းထဲမွာ ေရွ႕ျမင္ကြင္းကို သိပ္မသဲကြဲပဲေမာင္းရတဲ့အခ်ိန္ဆို ေတာ္ေတာ္အသုံးဝင္ပါတယ္..)။

– ေနာက္ Hill Start Assist လိုမ်ိဳး ဖန္ရွင္ေတြလည္းပါေစခ်င္ပါတယ္.. (ၿပီးတဲ့ရက္က ဂုတ္တြင္းကုန္းတက္ကို တက္တဲ့အခ်ိန္မွာ အဲဒီ function ကလည္း ေတာ္ေတာ္အသုံးဝင္ပါတယ္)

– ေဘးကားေက်ာ္တက္တာမ်ိဳးကို ျမင္ကြင္းေပ်ာက္တက္တာမ်ိဳးကို သတိေပးတဲ့ (Blind Spot Assist) လိုမ်ိဳးပါသင့္တယ္..။

– TSC, VSC, (Traction Control, Vehicle Stability Control) ေတြကလည္း အေရးရယ္အေၾကာင္းရယ္ဆို စိတ္ခ်ရတယ္.. (ေက်ာက္မဲသြားတဲ့လမ္းမွာ မိုးကလည္းသည္း၊ ႐ြံ႕ခဲေတြက လမ္းမေပၚျပန႔္ႀကဲ၊ ကားဘီးက ႐ြံ႕ေတြနင္းမိၿပီးကားဘီးမွာ႐ြံ႕ေတြကပ္ၿပီးေရထဲျဖတ္ေမာင္းခ်ိန္ စလစ္နည္းနည္းျဖစ္သြားတာ အဲဒီဖန္ရွင္ေတြကပဲ ကားကိုထိန္းညႇိေပးသြားတာ..)

– ေနာက္ ကားပါကင္ထိုးခ်ိန္မွာ အဆင္ေျပတဲ့ 360 ကင္မရာဖန္ရွင္လိုေတြ စသျဖင့္ေပါ့( ေနာက္တစ္ပိုစ့္မွာမွ အက်ယ္ေရးပါဦးမယ္)။

၃။ ေငြျဖဴ ရွိတဲ့သူေတြက ေနာက္ ၂ လ ေလာက္ေန မွ ဝယ္တာ အသင့္ေတာ္ဆုံးပါ… ေငြျဖဴ မရွိသူကေတာ့ ဝင္ေငြခြန္ ၃% အခြင့္အေရးရွိတုန္း တစ္စီးေတာ့ ဝင္ထားသင့္ပါတယ္… အဲဒီ ေငြျဖဴကို တစ္သက္လုံး လွည့္သုံး႐ုံပါပဲ…။

၄။ ကားေဈးထပ္က်ဖို႔က ေဒၚလာေဈး ထပ္က်မလား (ေလာေလာဆယ္ ေဒၚလာေဈးကေလည္း ၁၅၀၀ ေက်ာ္ကေန ၁၃၇၀ ဝန္းက်င္ျဖစ္ေနတယ္ဆိုေတာ့ သိပ္မက်ေလာက္ေတာ့ဖူးလို႔ ယူဆရပါတယ္)။

ဝန္ထမ္းပါမစ္ထြက္ရင္ေရာ – ထြက္ဖို႔ သိပ္မေသခ်ာေတာ့သလို… ထြက္ခဲ့ရင္လည္း… အစိုးရဝန္ထမ္း လုပ္သက္ ၂၅ ႏွစ္ေက်ာ္ေတြပဲ အဆင္ေျပသြားမွာပါ… သူတို႔ဆီက တစ္ဆင့္ျပန္ဝယ္ရင္ အျမတ္ေပးရမွာနဲ႔ ကန႔္သတ္ခ်က္ေတြနဲ႔ဆိုေတာ့ အခုအခြန္ေလွ်ာ့တာေတြနဲ႔ဆို ကိုယ့္ဖာသာပဲ သြင္းၾကေတာ့မွာေပါ့ေနာ္…နားလည္သေလာက္ရွင္းျပေပးတာပါ… လိုအပ္တာရွိလည္းေထာက္ျပေပါ့…။

ေအာင္မိုးလြင္ (UnitedExplorer)

Add a Comment

Your email address will not be published. Required fields are marked *