သားဖြစ်သူအတွက် အဖိုးမဖြတ်နိုင်တဲ့ ဖခင်ရဲ့ ဆုံးမစကား

Sharing is caring!

စာကိုမကျက်ပါနဲ့သား .စာကိုနားလည်အောင် ဖတ်ပါမှတ်ပါ။

လိုချင်တာတွေကို မဝယ်ပဲပိုက်ဆံကို ခြစ်ကုပ်စုပီးကပ်စေးမနဲပါနဲ့သားဒါပေမဲ့ အသုံးနဲ့ အဖြုန်းကိုခွဲခြားတတ်ပါစေ။

ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေအတင်းအဖျင်းတွေကိုဂရုမစိုက်ပါနဲ့သား .သားအကြောင်းကိုသားကိုယ်တိုင်ထက်ပိုပီးဘယ်သူမှ မသိနိုင်ပါ။

စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာleader ကောင်းတစ်ယောက်ဖြစ်လာမှာပါ။

စိတ်ဝင်စားတဲ့အလုပ်ကိုပဲရွေးလုပ်ပါ သား .သားစိတ်မဝင်စားတဲ့ အလုပ်ကိုဘယ်သူက ဘယ်လောက်ပဲတွန်းအားပေးနေပါစေအကျိုးသင့် အကြောင်းသင့်ပြောပီးပြတ်ပြတ်သားသားနဲ့ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ .။

လူတွေကို အားမနာပါနဲ့ သား .အားနာတယ်ဆိုတဲ့စိတ်ကသားကို ဘယ်တော့မှကောင်းကျိုးမပေးဘူးလူတွေကို တတ်နိုင်သလောက်မျှော်လင့်ချက် ကင်းကင်းနဲ့ ကူညီပါဒါပေမဲ့ သူတို့ဆီက ဘာမှပြန်ပီးမမျှော်လင့်ပါနဲ့။

ဘဝမှာ “မှား”သွားမှာကိုမကြောက်ပါနဲ့သား .လူတိုင်းမှားတတ်ကြပါတယ် .ဒါပေမဲ့မှားမှန်းသိရင်အမှန်ပြင်နိုင်အောင်တတ်နိုင်သလောက်ကြိုးစားကြည့်ပါ။

လူတစ်ယောက်နဲ့ စကားပြောတဲ့ခါသဘောထားချင်းမတိုက်ဆိုင်တာတွေ့ရင်ခံမငြင်းပါနဲ့ သား .သူတို့ပြောတာပဲနားထောင်ပေးလိုက်ပါ။

Manual Gearနဲ့ကားမောင်းတတ်အောင် သင်ပါ .ဘယ်ကားကိုမဆို မောင်းတတ်တဲ့ယောကျာ်းတစ်ယောက်ပာသိပ်ကို Style ကျတယ် သား။

ကျန်းမာရေးအတွက်ရောbody လှဖို့အတွက်ပါအားကစားလုပပြါ သား .ခန္ဓာကိုယ်တောင့်တင်းတဲ့ယောကျာ်းတစ်ယောက်ပာဘယ်နေရာသွားသွားလူတောသိပ်တိုးတယ် ငါ့သား။

ရန်ဖြစ်ရင် သူများကိုဘယ်တော့မှစမထိုးပါနဲ့သား .သူကလာစထိုးရင်တော့ ပြန်ထိုးခဲ့ပါယောကျာ်းသိက္ခာကျတယ်သား။

ခရီးများများထွက်ပါ သား .သွားတိုင်းလဲCamera တစ်လုံးယူဖို့မမေ့ပါနဲ့ရောက်ခဲ့တဲ့ ဒေသတိုင်းရဲ့အထင်ကရနေရာတွေကိုဓါတ်ပုံရိုက်ခဲ့ပီး …ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကိုmemory card ထဲမသိမ်းထားပဲ photo album လေး

တစ်အုပ်အမြဲထုတ်ပါ.အဲ့သည့်ဓါတ်ပုံတွေကိုသားပြန်ထုတ်ကြည့်မိတိုင်း”ငါဒီနေရာတွေကိုရောက်ခဲ့ပါလား” ဆိုတဲ့အတွေးကသိပ်ကြည်နူးစရာကောင်းတယ်။

ရည်းစားအများကြီးထားကြည့်ပါ သား .ဒါပေမဲ့ တစ်ယောက်ပီးမှတစ်ယောက်ထားပါ။

အိမ်ထောင်ပြုတဲ့အခါမိန်းမကောင်းရှာယူမယ်ဆိုတဲ့စိတ်ကြီးမမွေးပါနဲ့သား .ယောကျာ်းကောင်းတစ်ယောက်ဖြစ်အောင်သာကြိုးစားပါ .မိန်းမကောင်းတစ်ယောက်သားအတွက်အလိုလိုပေါ်လာပါလိမ့်မယ်။

အိမ်ထောင်ဖက်ကိုသားစိတ်တိုင်းကျသေသေချာချာရွေးချယ်ပါ .သားဘဝရဲ့ ၉၀% သောပျော်ရွှင်မှုကိုဒီမိန်းကလေးဆီကပဲ ရမှာပါ.။

စိတ်ထားဖြူစင်ပီးသဘောထားပြည့်ဝတဲ့ယောကျာ်းကောင်းတစ်ယောက်ဖြစ်ပါစေ။

Credit : မူရင်းရေးသားသူ

Peace&Rasta

Zawgyi Version



















Peace&Rasta

Add a Comment

Your email address will not be published. Required fields are marked *