ကျုံးထဲ သေးပေါက်ချသူကို ဖမ်းဆီးရခြင်းအကြောင်း မြို့တော်ဝန် ရှင်းလင်း

Sharing is caring!

ဒီနေ့မနက် ၉နာရီကျော် လမ်း၈၀ ကျုံးဘေး ပလက်ဖောင်းမှာ ကျုံးအတွင်းအပေါ့စွန့်သူတစ်ဦးအားတွေ့ရှိဖမ်းဆီးခဲ့ပါတယ်။

အရေးပေါ်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လမ်း ၈၀x ၂၄ လမ်းထိပ် နဲ့ ၇၃လမ်း ၁၂လမ်းထိပ်မှာ အများသုံး သန့်စင်ခန်းများ ပြည်သူတွေအတွက်တည်ဆောက်ပြီးဖြစ်ပါတယ်။

ကျုံးရေက မြို့တော်ရေဖြန့်ဖြူးရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်လို့ စည်ပင်ရဲတပ်ဖွဲ့မှတရားလိုပြုလုပ်ကာ အမှတ် ၄ ရဲစခန်းတွင် ရဲအက် ၄၇ ဖြင့် ၁၁.၈.၂၀ ရက်နေ့အောင်မြေသာဇံတရားရုံးမှာတရားစွဲဆို အရေးယူသွားပါမယ်။

ကျုံးဘေးမှာ အခြေအနေမဲ့နေထိုင်သူတွေတွေ့လာရလို့ ဒီနေ့မနက်စောစောကပဲ သက်ဆိုင်ရာ စည်ပင်ဌာန ကိုရှင်းလင်းဖယ်ရှားဖို့ ညွှန်ကြားခဲ့ပါသေးတယ်။မြို့တော်အတွက် စည်ပင်ပါလို့ မန္တလေးမြို့တော်ဝန်က ၎င်း၏ facebook ၌ ရေးသားခဲ့သည်။

Credit- people voice

Add a Comment

Your email address will not be published. Required fields are marked *