ကိုဗစ် ၁၉ ကာကွယ်ဆေးကို သမ္မတပူတင်ကိုယ်တိုင် စမ်းသပ်ထိုးနှံပြီး ကမ္ဘာကိုသက်သေပြပြီ..
Sharing is caring!
မော်စကိုမှ Gamelei စင်တာတွင် ကမ္ဘာ့ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဗုဒ္ဓဟူးနေ့တွင်မှတ်ပုံ တင်မည်ဟု ရုရှားဒုတိယကျန်းမာရေးဝန်ကြီး Oleg Gridnev က ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ တွင်ပြောသည်။ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးဦးစားပေးသွားမည်ဟုလည်းပြောသည်။နိုင်ငံတဝန်းလုံးတွင် ကာကွယ်ဆေးအမြောက်အမြားထုတ်လုပ်မည့်အစီအစဉ်ကို အောက်တိုဘာတွင်စတင်ရန် စီစဉ်ထားပြီး ကုန်ကျစရိတ်အား
လုံးကို အစိုးရက စိုက်ထုတ်သွားမည်ဟု ဌာနမှဒုဝန်ကြီးဖြစ်သူ Mikhail Murashko ကပြောသည်။မော်စကိုမှ Sechenov တက္ကသိုလ်တွင် ဇွန် ၁၈ ရက်က လူသားတွင်စမ်းသပ်ကုသမှုစတင်ခဲ့ပြီး စမ်းသပ်ခံသူ ၃၈ ယောက်ပါဝင်ခဲ့သည်။ဘေးကင်းလုံခြုံရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကိုအောင်မြင်ပြီး ပါဝင်ခဲ့သူအားလုံး ကူးစက်မှုခံနိုင်ရည်ရှိေ ကြာင်းတွေ့ရှိခဲ့သည်။သုတေသနနှင့်ထုတ်ဖော်ပုံတစ်ခုကို ရုရှားနိုင်ငံကအတည်ပြုနိုင်သည့်နှုန်းအပေါ်အနောက်နိုင်ငံများက အံ့သြခဲ့ကြေ
သာ်လည်း Sechenov မှထိပ်တန်းသိပ္ပံပညာရှင် Vadim Tarasov က ပြီးခဲ့သည့်နှစ် ၂၀ လုံးလုံး ဆေးသုတေသနနယ်ပယ်တွင်အသုံးချထားပြီး ဗိုင်းရပ်စ်များမည်သို့ကူးစက်ကြောင်းလေ့လာထားသဖြင့် ရုရှားနိုင်ငံက တာကြိုထွက်နိုင်ခဲ့ကြောင်းပြောသည်။ရုရှားနိုင်ငံတွင် ကူးစက်ခံရသူ ၈၉၇၅၉၉ ယောက်ရှိနေပြီး ကမ္ဘာ့ကူးစက်မှုအများဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယပြီးပါက စတုတ္ထနေရာတွင်ရှိနေပြီး သေဆုံးသူ ၁၅၁၃၁ ယောက်ရှိသဖြင့် သေဆုံး
သူအများဆုံးနိုင်ငံစာရင်းတွင် အဆင့် ၁၁ ၌ရပ်တည်နေသည်။
Ref : Russia has created world’s 1st Covid-19 vaccine, registration expected next week – Health Ministryေ
Zawgyi Version
Add a Comment
Your email address will not be published. Required fields are marked *