ကြိုက်သလောက် လည်ပင်ကြီး ဈေးမကြီးတဲ့ ဆေးနည်း ပေးပါမယ်

Sharing is caring!

လည်ပင်းကြီးရောဂါရှိသူအတွက် ဈေးမကြီးတဲ့ ဆေးနည်းတဖြည်းဖြည်း ကြီးလာတာ..၅နှစ်ရှိပြီဟုပြောပါသည်။မန္တလေးမြို့စိန်ပန်းရပ်မှဖြစ်ပါသည်။သူ့လည်ပင်းမှအဖုကိုပြပါသည်..။အင်္ဂလိပ်ဆေးလည်းနေ့စဉ်စားနေပါသည်။လက်လုပ် လက်စားဖြစ်၍.စစ်ကိုင်းသီတဂူဆေးရုံသို့သွားပြသည်..ပေးသည့်ဆေးကိုနေ့စဉ်တစ်ကြိမ်စားရသည်ဟုဆိုသည်။ဆေးကလည်းဈေးမကြီးပါ။စားခဲ့တာတစ်နှစ်ကျော် သိပ်လည်းမထူးခြားအနည်းငယ်ပိုကြီးလာသည်ထင်သည်ဟုဆိုသည်။

အဘယ့်ကြောင့်တိုင်းရင်းဆေးခန်းလာပြရသလဲ.မေးကြည့်သောအခါ..ဆရာ့ဆေးခန်းကဆေးနဲ့ပျောက်သွားတဲ့အဒေါ်ကြီးတစ်ယောက်နဲ့တွေ့ခဲ့လို့ဟုပြောသည်။ဆရာကလည်ပင်းကြီးမကုဖူးပါဟုပြောသည်။ပျောက်သူအဒေါ်ကြီးကကိုယ်တို င်ပြောသည်။ ဆရာပေးတဲ့ဆးမြစ်နဲ့ပျောက်သည်ဟုပြောပါတယ်…။စစ်ကိုင်းနယ်ဖက်မှဖြစ်သည်။ဒူးနာ၍မန္တလေးဘုန်းကြီးကျောင်းတစ်ကျောင်းတွင်တည်းကုရန်အမျိုးဘုန်းကြီးကခေါ်ကုပေးခြင်းဖြစ်သည်။

ဆရာ့ထံတွင်ကုသရင်းရောဂါမှာဒူးနာဖြစ်သော်လည်း..တောရွာများတွင်ဖြစ်လေ့ရှိပြီးကုသလေ့မရှိကြသော.လည်ပင်းကြီးဖြစ်နေသည်ကိုဆရာကတွေ့သဖြင့်..ပျောက်လိုပျောက်ငြားလိမ်းကြည့်ပါဟုဆေးမြစ်ကလေးပေးလိုက်ပါသည်။ ကျာ းမ နိုင်ဆေးမြစ်ဟုခေါ်ပါသည်။လည်ပင်းတွင်လိမ်းရာသက်သာပြီး အသက်ရှူကောင်းလာ သဖြင့်ရေရှည်နေ့စဉ်လိမ်းပါသည်။ရွှေစာရံဘုရားပွဲတွင်ဆရာပေးလိုက်သည့်ဆေးမြစ်မျိုးရောင်းသည်ကိုတွေ့သဖြင့်များများဝယ်ထားပြီးဆက်လိမ်းပါသည်။

အကုန်အစင်ပျောက်သွားပြီဟုမဆိုနိုင်သော်လည်း.သူ့လည်ပင်းမှာကြည့်ပျော်ရှုပျော်အနေအထားသို့ရောက်လာကြောင်းပြောပြ၍လာပြသည်ဟုပြောပါသည်။ထိုအဒေါ်ကြီးညှွန်၍ဆေးခန်းလာပြသည်ဟုပြောပါသည်။အိုင်အိုဒင်းဓာတ်ချို့တဲ့၍ဖြစ်သည် ဟုဆိုသောလည်ပင်းကြီးရောဂါမှာ..ပင်လယ်နှင့်ဝေးသောအရပ်ဒေသများတွင်အဖြစ်များပါသည်။ကျားမနိုင်သည်နွယ်ပင်ကြီးဖြစ်ပါသည်။ထက်ပိုင်းဖြတ်လိုက်သောအခါထိပ်တွင်.ကျားခြေရာကဲ့သို့ပုံပါသဖြင့်ကျားမနိုင်

ဆေးနွယ်မြစ်ဟုခေါ်ခြင်းဖြစ်သည်။ရွှေစာရံဘုရားပွဲတွင်တောထွက်တောင်ထွက်ဆေးပင်ဆေးမြစ်ရောင်းချသူများက..ရိုးရာဆေးအသုံးအဖြစ် မျက်စိနာလျှင်သွေးကွင်းနိုင်သည်။ဝက်ခြံဖုများပျောက်သည်။အပူဖုအကျိတ်များကြေသည်။အအေးဆေးမြစ်ဖြစ်သည်..အပူမလောင်ပါ။အရောင်ကျစေသည်.သက်တံ့နာကိုပင်နိုင်သည်။အပြင်ထွက်သည့်လိပ်ခေါင်းကိုပင်သွေးလိမ်းလျှင်ပျောက်သည်ဟုပြောရောင်းကြသည်ကိုတွေ့ရပါသည်။လည်ပင်းနာ.အသံဝင်ခြင်း။

ချောင်းဆိုး၍လေပြွန်ရောင်ခြင်းများအတွက်လည်းလိမ်းနိုင်ပါသည်။အနောက်တိုင်းဆေးနှင့်ပင်တစ်သက်လုံးဆေးစားရမည့်အိုင်အိုဒင်းချို့တဲ့လည်ပင်းကြီးရောဂါအတွက်.တန်ဘိုးမကြီးသောရိုးရာဆေးနည်းတိုဖြင့်.မပျောက်သည့်တိုင်.သက်သာပြီးကြည့်ပျော်ရှုပျော်ဖြစ်သွားသည်ဆိုလျှင်…တင်ပြရသည့်အတွက်ကုသိုလ်ရမည်ထင်ပါသည်။

Credit: ရဲမျိုးသူ

Zawgyi Version

လည္ပင္းႀကီးေရာဂါရွိသူအတြက္ ေဈးမႀကီးတဲ့ ေဆးနည္းတျဖည္းျဖည္း ႀကီးလာတာ..၅ႏွစ္ရွိၿပီဟုေျပာပါသည္။မႏၲေလးၿမိဳ႕စိန္ပန္းရပ္မွျဖစ္ပါသည္။သူ႔လည္ပင္းမွအဖုကိုျပပါသည္..။အဂၤလိပ္ေဆးလည္းေန႔စဥ္စားေနပါသည္။လက္လုပ္ လက္စားျဖစ္၍.စစ္ကိုင္းသီတဂူေဆး႐ုံသို႔သြားျပသည္..ေပးသည့္ေဆးကိုေန႔စဥ္တစ္ႀကိမ္စားရသည္ဟုဆိုသည္။ေဆးကလည္းေဈးမႀကီးပါ။စားခဲ့တာတစ္ႏွစ္ေက်ာ္ သိပ္လည္းမထူးျခားအနည္းငယ္ပိုႀကီးလာသည္ထင္သည္ဟုဆိုသည္။

အဘယ့္ေၾကာင့္တိုင္းရင္းေဆးခန္းလာျပရသလဲ.ေမးၾကည့္ေသာအခါ..ဆရာ့ေဆးခန္းကေဆးနဲ႔ေပ်ာက္သြားတဲ့အေဒၚႀကီးတစ္ေယာက္နဲ႔ေတြ႕ခဲ့လို႔ဟုေျပာသည္။ဆရာကလည္ပင္းႀကီးမကုဖူးပါဟုေျပာသည္။ေပ်ာက္သူအေဒၚႀကီးကကိုယ္တို င္ေျပာသည္။ ဆရာေပးတဲ့ဆးျမစ္နဲ႔ေပ်ာက္သည္ဟုေျပာပါတယ္…။စစ္ကိုင္းနယ္ဖက္မွျဖစ္သည္။ဒူးနာ၍မႏၲေလးဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းတြင္တည္းကုရန္အမ်ိဳးဘုန္းႀကီးကေခၚကုေပးျခင္းျဖစ္သည္။

ဆရာ့ထံတြင္ကုသရင္းေရာဂါမွာဒူးနာျဖစ္ေသာ္လည္း..ေတာ႐ြာမ်ားတြင္ျဖစ္ေလ့ရွိၿပီးကုသေလ့မရွိၾကေသာ.လည္ပင္းႀကီးျဖစ္ေနသည္ကိုဆရာကေတြ႕သျဖင့္..ေပ်ာက္လိုေပ်ာက္ျငားလိမ္းၾကည့္ပါဟုေဆးျမစ္ကေလးေပးလိုက္ပါသည္။ က်ာ းမ ႏိုင္ေဆးျမစ္ဟုေခၚပါသည္။လည္ပင္းတြင္လိမ္းရာသက္သာၿပီး အသက္ရႉေကာင္းလာ သျဖင့္ေရရွည္ေန႔စဥ္လိမ္းပါသည္။ေ႐ႊစာရံဘုရားပြဲတြင္ဆရာေပးလိုက္သည့္ေဆးျမစ္မ်ိဳးေရာင္းသည္ကိုေတြ႕သျဖင့္မ်ားမ်ားဝယ္ထားၿပီးဆက္လိမ္းပါသည္။

အကုန္အစင္ေပ်ာက္သြားၿပီဟုမဆိုႏိုင္ေသာ္လည္း.သူ႔လည္ပင္းမွာၾကည့္ေပ်ာ္ရႈေပ်ာ္အေနအထားသို႔ေရာက္လာေၾကာင္းေျပာျပ၍လာျပသည္ဟုေျပာပါသည္။ထိုအေဒၚႀကီးညႇြန္၍ေဆးခန္းလာျပသည္ဟုေျပာပါသည္။အိုင္အိုဒင္းဓာတ္ခ်ိဳ႕တဲ့၍ျဖစ္သည္ ဟုဆိုေသာလည္ပင္းႀကီးေရာဂါမွာ..ပင္လယ္ႏွင့္ေဝးေသာအရပ္ေဒသမ်ားတြင္အျဖစ္မ်ားပါသည္။က်ားမႏိုင္သည္ႏြယ္ပင္ႀကီးျဖစ္ပါသည္။ထက္ပိုင္းျဖတ္လိုက္ေသာအခါထိပ္တြင္.က်ားေျခရာကဲ့သို႔ပုံပါသျဖင့္က်ားမႏိုင္

ေဆးႏြယ္ျမစ္ဟုေခၚျခင္းျဖစ္သည္။ေ႐ႊစာရံဘုရားပြဲတြင္ေတာထြက္ေတာင္ထြက္ေဆးပင္ေဆးျမစ္ေရာင္းခ်သူမ်ားက..႐ိုးရာေဆးအသုံးအျဖစ္ မ်က္စိနာလွ်င္ေသြးကြင္းႏိုင္သည္။ဝက္ၿခံဖုမ်ားေပ်ာက္သည္။အပူဖုအက်ိတ္မ်ားေၾကသည္။အေအးေဆးျမစ္ျဖစ္သည္..အပူမေလာင္ပါ။အေရာင္က်ေစသည္.သက္တံ့နာကိုပင္ႏိုင္သည္။အျပင္ထြက္သည့္လိပ္ေခါင္းကိုပင္ေသြးလိမ္းလွ်င္ေပ်ာက္သည္ဟုေျပာေရာင္းၾကသည္ကိုေတြ႕ရပါသည္။လည္ပင္းနာ.အသံဝင္ျခင္း။

ေခ်ာင္းဆိုး၍ေလႁပြန္ေရာင္ျခင္းမ်ားအတြက္လည္းလိမ္းႏိုင္ပါသည္။အေနာက္တိုင္းေဆးႏွင့္ပင္တစ္သက္လုံးေဆးစားရမည့္အိုင္အိုဒင္းခ်ိဳ႕တဲ့လည္ပင္းႀကီးေရာဂါအတြက္.တန္ဘိုးမႀကီးေသာ႐ိုးရာေဆးနည္းတိုျဖင့္.မေပ်ာက္သည့္တိုင္.သက္သာၿပီးၾကည့္ေပ်ာ္ရႈေပ်ာ္ျဖစ္သြားသည္ဆိုလွ်င္…တင္ျပရသည့္အတြက္ကုသိုလ္ရမည္ထင္ပါသည္။

Credit: ရဲမ်ိဳးသူ

Add a Comment

Your email address will not be published. Required fields are marked *