“သ”လိုင်စင်ဖြင့် အခြားမြို့မှာ”ခ”ဖြေဆိုခွင့် ရှိ/မရှိ သိချင်သူများအတွက်
|ယာဉ်မောင်းလိုင်စင်(၁၁)မျိုးရှိသည့်အနက်”သ” သင်မောင်းလိုင်စင်ကတော့ အခြားမြို့မှာ”ခ”ယာဉ်မောင်းလိုင်စင်ဖြေဆိုခွင့်မရှိပါဘူးမိမိပြုလုပ်ခဲ့တဲ့မြို့/နေရာ၌သာလျှင်ပြန်လည်လို့”ခ”ယာဉ်မောင်းလိုင်စင်ဖြေဆိုခွင့်ရှိပါတယ်နယ်ဝင် နယ်ထွက်မရပါဘူး။
ဥပမာ ရန်ကုန် အင်းစိန်မြို့မှာပြုလုပ်ခဲ့တဲ့”သ”လိုင်စင်ဟာ (၃)လပြည့်/ကျော်လို့ “ခ”ယာဉ်မောင်းလိုင်စင်ဖြေဆိုချင်တယ်ဆိုရင်”သ”လုပ်ခဲ့တဲ့ မူရင်းရုံးအင်းစိန်မှာပဲ ဖြေဆိုလို့ရပါတယ်ဒီလိုပါပဲ နေပြည်တော်မှာ”သ”လုပ်ခဲ့ရင်နေပြည်တော်မှာပဲ”ခ”ဖြေကျောက်ဆည်
မှာ”သ”လုပ်ခဲ့ရင်ကျောက်ဆည်မှာပဲ”ခ”ဖြေမိမိ”သ”လုပ်ခဲ့တဲ့ မူရင်းရုံးမှာပဲ”ခ”ဖြေရမှာပါ။
အခြားယာဉ်မောင်းလိုင်စင်တွေကတော့နယ်ဝင်နယ်ထွက်လဲရပါတယ်နယ်ဝင်လို့ ဘယ်မှာပဲ သက်တမ်းတိုးတိုးဘယ်မှာပဲဖြေဖြေရပါတယ်ခက်ဗျာ။
( ယာဉ်မောင်းလိုင်စင်(၁၁)မျိုးလုံးအတွက်ပြုလုပ်ပုံ၊ သက်တမ်းတိုးပုံ အားလုံးPost တင်ထားပေးထားပါတယ်ဗျ)
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
11.8.2020
Zawgyi Version
11.8.2020