ခရီးသွားသူ အချင်းချင်း ရွှေ၊ငွေ၊ဖုန်းများ လစ်ပြေးသွားသူကို (၃ ) နာရီခန့်အတွင်း ဖမ်းဆီးလိုက်တဲ့ အမြန်လမ်းရဲတပ်ဖွဲ့
|၁၂.၈.၂၀၂၀ ရက်နေ့နံနက် ၀၅၄၅ အချိန်မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ယာဉ်မောင်း ဦးနန်းလွင်စိုးမောင်းနှင်သည့်တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည်ကိုကျော်ကျော်ဦး၊ (၃၇) နှစ်သည်လည်ပင်း၌ဆွဲထားသည့်သံကြိုးဆက် ရွှေကြုပ်တစ်ခုပါ(၂)ကျပ်သားဆွဲကြိုး (၁)ကုံးကာလတန်ဘိုး ကျပ် သိန်း(၂၀)၀၉ ၂၅၀၅၈၂၇၄၄ Sim Card ပါMI လက်ကိုင်ဖုန်းတစ်လုံးကာလတန်ဘိုး (၂)သိန်းကျပ်ငွေစက္ကူရောရာ (၅)သိန်းကျော်ခန့်ထည့်ထားသည့် အညိုရောင်ပိုက်ဆံအိတ် (၁)လုံး
Navi Force အမျိုးအစား(အနက်ရောင်)လက်ပတ်နာရီ (၁)လုံးကာလတန်ဘိုး (၄)သောင်းကျပ်ခန့်စုစုပေါင်း ၂၇၄၀၀၀ဝိ/- ခန့်ပျောက်ဆုံးခဲ့ကြောင်းနှင့်ယာဉ်ပေါ်တွင် ၎င်း၏ဘေးထိုင်ခုံ၌စီးနင်းလိုက်ပါလာသူခရီးသည်တစ်ဦးမှာလည်းမပါရှိတော့ကြောင်းသိရှိရသဖြင့်သာဂရအမြန်လမ်းမကြီးရဲစခန်းသို့သတင်းပို့တိုင်တန်းခဲ့သည့်အတွက်သာဂရအမြန်လမ်းမကြီးရဲစခန်း(ပ)၁၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)ဖြင့်အမှုဖွင့်လှစ် လက်ခံစစ်ဆေးခဲ့ပါသည်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး၏ကွပ်ကဲကြပ်မတ်မှုဖြင့်အမြန်လမ်းမကြီးတစ်လျှောက်ရဲစခန်း/ရဲကင်းများမှတပ်ဖွဲ့ဝင်များဖြင့်လမ်းမကြီးပေါ် ဝင်/ထွက်ပေါက်များတိုလ်းဂိတ်/မီနီတိုလ်းဂိတ်များပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းလမ်းမကြီးတစ်လျှောက်အသုံးပြုသွားလာလျက်ရှိသည့်
မော်တော်ယာဉ်များနှင့် ခရီးသွားများအားရှာဖွေစစ်ဆေးခြင်းများကိုအချိန်နှင့်တစ်ပြေးညီတစ်ပြိုင်နက်တည်းဆောင်ရွက်ခဲ့ရာသာဂရအမြန်လမ်းမကြီးရဲစခန်းမှူးရဲအုပ် ကျော်စွာလတ်နှင့်တာဝန်မှူး ရဲအုပ် ဝင်ကို ဦးစီးတပ်ဖွဲ့ဝင် (၁၀)ဦးသည်သက်သေများနှင့်အတူ
အမြန်လမ်းမကြီးမိုင်တိုင် (၁၇၃/၆)၌ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ်
နံနက် ၀၈၄၀ အချိန်မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ယာဉ်မောင်း ကိုသန့်ဇော်ဦးမောင်းနှင်လာသည့်တောင်ပြာတန်းခရီးသည်တင်ယာဉ်ပေါ်၌တင်အေး၊ (၆၄)နှစ်၊ (ဘ)ဦးစိုးအောင်၊ရွှေတောင်မြို့နေသူအားကိုကျော်ကျော်ဦးပျောက်ဆုံးခဲ့သည့်
သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့သဖြင့်ရဲလုပ်ငန်းများပြည့်စုံစွာဆောင်ရွက်လျက်အမှုခိုင်မာစွာတည်ဆောက်အချိန်မီတရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။
Creditအမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး
Zawgyi Version
၁၂.၈.၂၀၂၀ ရက္ေန႔နံနက္ ၀၅၄၅ အခ်ိန္မႏၲေလးဘက္မွ ရန္ကုန္ဘက္သို႔ယာဥ္ေမာင္း ဦးနန္းလြင္စိုးေမာင္းႏွင္သည့္တက္ေနလင္း ခရီးသည္တင္ယာဥ္ေပၚလိုက္ပါလာသူ ခရီးသည္ကိုေက်ာ္ေက်ာ္ဦး၊ (၃၇) ႏွစ္သည္လည္ပင္း၌ဆြဲထားသည့္သံႀကိဳးဆက္ ေ႐ႊၾကဳပ္တစ္ခုပါ(၂)က်ပ္သားဆြဲႀကိဳး (၁)ကုံးကာလတန္ဘိုး က်ပ္ သိန္း(၂၀)၀၉ ၂၅၀၅၈၂၇၄၄ Sim Card ပါMI လက္ကိုင္ဖုန္းတစ္လုံးကာလတန္ဘိုး (၂)သိန္းက်ပ္ေငြစကၠဴေရာရာ (၅)သိန္းေက်ာ္ခန႔္ထည့္ထားသည့္ အညိဳေရာင္ပိုက္ဆံအိတ္ (၁)လုံး
Navi Force အမ်ိဳးအစား(အနက္ေရာင္)လက္ပတ္နာရီ (၁)လုံးကာလတန္ဘိုး (၄)ေသာင္းက်ပ္ခန႔္စုစုေပါင္း ၂၇၄၀၀၀ဝိ/- ခန႔္ေပ်ာက္ဆုံးခဲ့ေၾကာင္းႏွင့္ယာဥ္ေပၚတြင္ ၎၏ေဘးထိုင္ခုံ၌စီးနင္းလိုက္ပါလာသူခရီးသည္တစ္ဦးမွာလည္းမပါရွိေတာ့ေၾကာင္းသိရွိရသျဖင့္သာဂရအျမန္လမ္းမႀကီးရဲစခန္းသို႔သတင္းပို႔တိုင္တန္းခဲ့သည့္အတြက္သာဂရအျမန္လမ္းမႀကီးရဲစခန္း(ပ)၁၃/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉(ႏႈိက္)ျဖင့္အမႈဖြင့္လွစ္ လက္ခံစစ္ေဆးခဲ့ပါသည္။
အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မႉး၏ကြပ္ကဲၾကပ္မတ္မႈျဖင့္အျမန္လမ္းမႀကီးတစ္ေလွ်ာက္ရဲစခန္း/ရဲကင္းမ်ားမွတပ္ဖြဲ႕ဝင္မ်ားျဖင့္လမ္းမႀကီးေပၚ ဝင္/ထြက္ေပါက္မ်ားတိုလ္းဂိတ္/မီနီတိုလ္းဂိတ္မ်ားပိတ္ဆို႔ရွာေဖြစစ္ေဆးျခင္းလမ္းမႀကီးတစ္ေလွ်ာက္အသုံးျပဳသြားလာလ်က္ရွိသည့္
ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ခရီးသြားမ်ားအားရွာေဖြစစ္ေဆးျခင္းမ်ားကိုအခ်ိန္ႏွင့္တစ္ေျပးညီတစ္ၿပိဳင္နက္တည္းေဆာင္႐ြက္ခဲ့ရာသာဂရအျမန္လမ္းမႀကီးရဲစခန္းမႉးရဲအုပ္ ေက်ာ္စြာလတ္ႏွင့္တာဝန္မႉး ရဲအုပ္ ဝင္ကို ဦးစီးတပ္ဖြဲ႕ဝင္ (၁၀)ဦးသည္သက္ေသမ်ားႏွင့္အတူ
အျမန္လမ္းမႀကီးမိုင္တိုင္ (၁၇၃/၆)၌ပိတ္ဆို႔ရွာေဖြစစ္ေဆးစဥ္
နံနက္ ၀၈၄၀ အခ်ိန္မႏၲေလးဘက္မွ ရန္ကုန္ဘက္သို႔ယာဥ္ေမာင္း ကိုသန႔္ေဇာ္ဦးေမာင္းႏွင္လာသည့္ေတာင္ျပာတန္းခရီးသည္တင္ယာဥ္ေပၚ၌တင္ေအး၊ (၆၄)ႏွစ္၊ (ဘ)ဦးစိုးေအာင္၊ေ႐ႊေတာင္ၿမိဳ႕ေနသူအားကိုေက်ာ္ေက်ာ္ဦးေပ်ာက္ဆုံးခဲ့သည့္
သက္ေသခံပစၥည္းမ်ားႏွင့္အတူဖမ္းဆီးရမိခဲ့သျဖင့္ရဲလုပ္ငန္းမ်ားျပည့္စုံစြာေဆာင္႐ြက္လ်က္အမႈခိုင္မာစြာတည္ေဆာက္အခ်ိန္မီတရားစြဲတင္ပို႔ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိပါသည္။
Creditအျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံး