ကိုဗစ်ကြောင့် ၂ လပိတ်ထားတဲ့ ဈေးဝယ်စင်တာများ ပြန်ဖွင့်ခွင့်ရသောအခါ

Sharing is caring!

မလေးရှားနိုင်ငံတွင် Covid-19 ကြောင့် ဈေးဝယ်စင်တာများကို မတ်လ ၁၈ ရက်နေ့ကတည်းက ပိတ်ထားခဲ့ရပြီး ၂ လနီးပါးအကြာ မေလ ၁၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုခဲ့ပါတယ်။

ဈေးဆိုင်အတော်များများက ပိတ်ထားခဲ့စဉ်ကာလက ထားရှိခဲ့တဲအတိုင်း ခြေရာလက်ရာ မပျက်ရှိနေခဲ့ပေမယ့် သားရေနဲ့လုပ်ထားသည့် ဖက်ရှင်ပစ္စည်းများ ရောင်းချရာ ဆိုင်တစ်ဆိုင်ကတော့ မြင်မကောင်းလောက်အောင် တစ်ဆိုင်လုံး ရွံစရာကောင်းနေတာကို ဆိုင်လာပြန်ဖွင့်တဲ့ အရောင်းဝန်ထမ်းတစ်ဦးက ထိတ်လန့်စွာ တွေ့လိုက်ရပါတယ်။

ဆိုင်ဟာ ပတ်ချာလည် မှန်ခန်းဖြစ်ပြီး ဆိုင်အပြင်ဘက်က ကြည့်ရုံနဲ့တင် အန်ချင်စိတ်ပေါက်သွားလောက်အောင် ရွံရှာဖွယ်ကောင်းနေပါတယ်။

ဆိုင်ထဲမှာ ခင်းကျင်းပြသထားတဲ့ သားရေကျောပိုးအိတ်၊ သားရေလက်ကိုင်အိတ်၊ သားရေရှုးဖိနပ် အတော်များများ မှိုတွေတက် ဆားတွေပေါက်ပြီး ရွံစရာကောင်းနေတာကို မြင်တွေ့ရပါတယ်။

ဒီပစ္စည်းတွေ အားလုံးနီးပါးဟာ Branded တန်ဖိုးကြီးပစ္စည်းတွေဖြစ်ပြီး ကျောပိုးအိတ်တစ်လုံးဆိုရင် မလေးရှားရင်းဂစ် ၆၇၉ (ကျပ် ၂ သိန်းကျော်) တန်ဖိုးရှိတာကို တွေ့ရပါတယ်။

အဆိုပါ ဓါတ်ပုံများ အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားခဲ့ပြီးနောက် ဒီဆိုင်ဟာ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်က ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။

ပစ္စည်းတွေကို ဈေးဝယ်သူတွေက ကိုင်ကြည့်ကြပြီးနောက် ဆိုင်ဝန်ထမ်းများက သေသေချာချာ သန့်ရှင်းရေးမလုပ်ထားတဲ့အချိန်မှာ ဈေးဝယ်စင်တာတွေ ရုတ်တရက် ပိတ်လိုက်ရတာကြောင့် လေအေးပေးစက်တွေပါ မမောင်းတော့တဲ့အတွက် သားရေပစ္စည်းတွေ လေဝင်လေထွက်မကောင်းတော့ပဲ အခုလို မှိုတွေပွင့်၊ ဆားတွေပေါက်ခဲ့ရတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုတာကို မြင်တွေ့ရပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် လူတွေရဲ့လက်ဟာ တစ်ချိန်လုံးသန့်မနေပဲ လက်ကနေတစ်ဆင့် ထိတွေ့ပြီးနောက် ကပ်ငြိပေါက်ပွားနိုင်တဲ့ ရောဂါပိုးတွေရဲ့ အန္တရာယ်က ဘယ်လောက်တောင်ကြီးမားတယ်ဆိုတာကို အကောင်းဆုံး သာဓကပြသလို ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် Covid-19 ရောဂါကာကွယ်ဖို့ လက်ကို ခဏ ခဏ ဆေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

PoPoLay

Zawgyi Version

မေလးရွားႏိုင္ငံတြင္ Covid-19 ေၾကာင့္ ေဈးဝယ္စင္တာမ်ားကို မတ္လ ၁၈ ရက္ေန႔ကတည္းက ပိတ္ထားခဲ့ရၿပီး ၂ လနီးပါးအၾကာ ေမလ ၁၀ ရက္ေန႔မွာ ျပန္လည္ဖြင့္လွစ္ဖို႔ ခြင့္ျပဳခဲ့ပါတယ္။

ေဈးဆိုင္အေတာ္မ်ားမ်ားက ပိတ္ထားခဲ့စဥ္ကာလက ထားရွိခဲ့တဲအတိုင္း ေျခရာလက္ရာ မပ်က္ရွိေနခဲ့ေပမယ့္ သားေရနဲ႔လုပ္ထားသည့္ ဖက္ရွင္ပစၥည္းမ်ား ေရာင္းခ်ရာ ဆိုင္တစ္ဆိုင္ကေတာ့ ျမင္မေကာင္းေလာက္ေအာင္ တစ္ဆိုင္လုံး ႐ြံစရာေကာင္းေနတာကို ဆိုင္လာျပန္ဖြင့္တဲ့ အေရာင္းဝန္ထမ္းတစ္ဦးက ထိတ္လန႔္စြာ ေတြ႕လိုက္ရပါတယ္။

ဆိုင္ဟာ ပတ္ခ်ာလည္ မွန္ခန္းျဖစ္ၿပီး ဆိုင္အျပင္ဘက္က ၾကည့္႐ုံနဲ႔တင္ အန္ခ်င္စိတ္ေပါက္သြားေလာက္ေအာင္ ႐ြံရွာဖြယ္ေကာင္းေနပါတယ္။

ဆိုင္ထဲမွာ ခင္းက်င္းျပသထားတဲ့ သားေရေက်ာပိုးအိတ္၊ သားေရလက္ကိုင္အိတ္၊ သားေရရႈးဖိနပ္ အေတာ္မ်ားမ်ား မႈိေတြတက္ ဆားေတြေပါက္ၿပီး ႐ြံစရာေကာင္းေနတာကို ျမင္ေတြ႕ရပါတယ္။

ဒီပစၥည္းေတြ အားလုံးနီးပါးဟာ Branded တန္ဖိုးႀကီးပစၥည္းေတြျဖစ္ၿပီး ေက်ာပိုးအိတ္တစ္လုံးဆိုရင္ မေလးရွားရင္းဂစ္ ၆၇၉ (က်ပ္ ၂ သိန္းေက်ာ္) တန္ဖိုးရွိတာကို ေတြ႕ရပါတယ္။

အဆိုပါ ဓါတ္ပုံမ်ား အြန္လိုင္းေပၚမွာ ျပန႔္ႏွံ႔သြားခဲ့ၿပီးေနာက္ ဒီဆိုင္ဟာ မေလးရွားႏိုင္ငံ ဆာဘားျပည္နယ္က ျဖစ္ေၾကာင္း ေျပာဆိုေနၾကပါတယ္။

ပစၥည္းေတြကို ေဈးဝယ္သူေတြက ကိုင္ၾကည့္ၾကၿပီးေနာက္ ဆိုင္ဝန္ထမ္းမ်ားက ေသေသခ်ာခ်ာ သန႔္ရွင္းေရးမလုပ္ထားတဲ့အခ်ိန္မွာ ေဈးဝယ္စင္တာေတြ ႐ုတ္တရက္ ပိတ္လိုက္ရတာေၾကာင့္ ေလေအးေပးစက္ေတြပါ မေမာင္းေတာ့တဲ့အတြက္ သားေရပစၥည္းေတြ ေလဝင္ေလထြက္မေကာင္းေတာ့ပဲ အခုလို မႈိေတြပြင့္၊ ဆားေတြေပါက္ခဲ့ရတာျဖစ္တယ္လို႔ ေဝဖန္ေျပာဆိုတာကို ျမင္ေတြ႕ရပါတယ္။

ဒါကိုၾကည့္ျခင္းအားျဖင့္ လူေတြရဲ႕လက္ဟာ တစ္ခ်ိန္လုံးသန႔္မေနပဲ လက္ကေနတစ္ဆင့္ ထိေတြ႕ၿပီးေနာက္ ကပ္ၿငိေပါက္ပြားႏိုင္တဲ့ ေရာဂါပိုးေတြရဲ႕ အႏၲရာယ္က ဘယ္ေလာက္ေတာင္ႀကီးမားတယ္ဆိုတာကို အေကာင္းဆုံး သာဓကျပသလို ျဖစ္သြားခဲ့ပါတယ္။ ဒါေၾကာင့္ Covid-19 ေရာဂါကာကြယ္ဖို႔ လက္ကို ခဏ ခဏ ေဆးၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

PoPoLay

Add a Comment

Your email address will not be published. Required fields are marked *