ကျွန်တော်သမီးအသက်ကို အမေစု ကယ်ခဲ့တယ်..

Sharing is caring!

ကြည်နူးပီတိဖြစ်ရပါသည်ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊(၂၄.၂.၂၀၂၀)ရက်နေ့၊ ကော့ကရိတ်မြို့တွင် ကျင်းပခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲ၌ ကျွန်တော်ဦးမောင်ဝင်းမှကျွန်တော်၏သမီးလေး မစန္ဒာဝင်း(ဒုနှစ်၊ ဘားအံတက္ကသိုလ်) ခံစားနေရသောနှလုံးရောဂါနှင့် ငွေကြေးမတတ်နိုင်သည့်အပေါ်ကုသရာတွင်ကူညီပေးနိုင်ပါရန်စာရေးသားပေးပို့ တင်ပြခဲ့ပါသည်။

အမေစုမှ စာကို ဖတ်ရှု့ပြီးကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်အား ကူညီဆောင်ရွက်ပေးရန် တာဝန်လွှဲပေးလိုက်ပါသည်။ ဦးဘိုဘိုဝေမောင်မှလည်း အစမှအဆုံး လိုအပ်သည်များကူညီဆောင်ရွက်ပေးပါသည်။ယခုလ ၁၃. ၈ .၂၀၂၀ ရက်နေ့တွင် ကျွန်တော်၏ သမီးအား ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနတွင် အောင်မြင်စွာခွဲစိတ်ကုသခဲ့ပြီးဖြစ်သည်။ယခုဓါတ်ပုံအရ သမီးလေးအောင်မြင်စွာခွဲစိတ်ပြီး ကျန်းကျန်းမာမာလန်းလန်းဆန်းဆန်း ဖြစ်

နေသည်ကိုတွေ့ရသည်အတွက်များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ဦးမောင်ဝင်း၊ ကော့ကရိတ်မြို့။သမီး အသက်ကိုကယ်တင်ပေးခဲ့တဲ့ အမေစု၊ငွေကြေးမတတ်နိုင်သည့်အပေါ်လိုလေသေးမရှိအောင် ကူညီပေးခဲ့တဲ့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် ဆရာဝန်များ၊သူနာပြုများအားလုံးကို အစဉ် ကျန်းမာချမ်းသာစေကြောင်းလက်ဆယ်ဖြာထိပ်မှာမိုး၍ သမီး မစန္ဒာဝင်းမှရိုကျိုးရှိခိုး

ကန်တော့ပါတယ်၊အမေစု ကျန်းမာပါစေ၊ အမေစုအောင်မြင်ပါစေ၊။
သမီး မစန္ဒာဝင်း

အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ဝင်းကြီးရပ်၊ ကော့ကရိတ်မြို့၊ ကရင်ပြည်နယ်၊

Zawgyi Version

ၾကည္ႏူးပီတိျဖစ္ရပါသည္ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕၊(၂၄.၂.၂၀၂၀)ရက္ေန႔၊ ေကာ့ကရိတ္ၿမိဳ႕တြင္ က်င္းပခဲ့ေသာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ အေမေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေဒသခံျပည္သူလူထုေတြ႕ဆုံပြဲ၌ ကြၽန္ေတာ္ဦးေမာင္ဝင္းမွကြၽန္ေတာ္၏သမီးေလး မစႏၵာဝင္း(ဒုႏွစ္၊ ဘားအံတကၠသိုလ္) ခံစားေနရေသာႏွလုံးေရာဂါႏွင့္ ေငြေၾကးမတတ္ႏိုင္သည့္အေပၚကုသရာတြင္ကူညီေပးႏိုင္ပါရန္စာေရးသားေပးပို႔ တင္ျပခဲ့ပါသည္။

အေမစုမွ စာကို ဖတ္ရႈ႕ၿပီးကရင္ျပည္နယ္လူမႈေရးဝန္ႀကီး ဦးဘိုဘိုေဝေမာင္အား ကူညီေဆာင္႐ြက္ေပးရန္ တာဝန္လႊဲေပးလိုက္ပါသည္။ ဦးဘိုဘိုေဝေမာင္မွလည္း အစမွအဆုံး လိုအပ္သည္မ်ားကူညီေဆာင္႐ြက္ေပးပါသည္။ယခုလ ၁၃. ၈ .၂၀၂၀ ရက္ေန႔တြင္ ကြၽန္ေတာ္၏ သမီးအား ရန္ကုန္ေဆး႐ုံႀကီးႏွလုံးေရာဂါဌာနတြင္ ေအာင္ျမင္စြာခြဲစိတ္ကုသခဲ့ၿပီးျဖစ္သည္။ယခုဓါတ္ပုံအရ သမီးေလးေအာင္ျမင္စြာခြဲစိတ္ၿပီး က်န္းက်န္းမာမာလန္းလန္းဆန္းဆန္း ျဖစ္

ေနသည္ကိုေတြ႕ရသည္အတြက္မ်ားစြာဝမ္းေျမာက္ဝမ္းသာျဖစ္ရပါသည္။ဦးေမာင္ဝင္း၊ ေကာ့ကရိတ္ၿမိဳ႕။သမီး အသက္ကိုကယ္တင္ေပးခဲ့တဲ့ အေမစု၊ေငြေၾကးမတတ္ႏိုင္သည့္အေပၚလိုေလေသးမရွိေအာင္ ကူညီေပးခဲ့တဲ့ ကရင္ျပည္နယ္လူမႈေရးဝန္ႀကီးဦးဘိုဘိုေဝေမာင္၊ရန္ကုန္ေဆး႐ုံႀကီးႏွလုံးေရာဂါဌာနမွ ခြဲစိတ္အထူးကုဆရာဝန္ႀကီးႏွင့္ ဆရာဝန္မ်ား၊သူနာျပဳမ်ားအားလုံးကို အစဥ္ က်န္းမာခ်မ္းသာေစေၾကာင္းလက္ဆယ္ျဖာထိပ္မွာမိုး၍ သမီး မစႏၵာဝင္းမွ႐ိုက်ိဳးရွိခိုး

ကန္ေတာ့ပါတယ္၊အေမစု က်န္းမာပါေစ၊ အေမစုေအာင္ျမင္ပါေစ၊။
သမီး မစႏၵာဝင္း

အမွတ္(၂)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္း၊ ဝင္းႀကီးရပ္၊ ေကာ့ကရိတ္ၿမိဳ႕၊ ကရင္ျပည္နယ္၊

Add a Comment

Your email address will not be published. Required fields are marked *