မြန်မာနိုင်ငံသားအာလုံး အမှိုက်ကောက်ကြဖို့အတွက် နှိုးဆော်လိုက်တဲ့ ဖိလစ်ပိုင်မော်ဒယ် ဆီနွန်

Sharing is caring!

မြန်မာနိုင်ငံ နဲ့ မြန်မာလူမျိုးများအပေါ် ချစ်ခင်မြတ်နိုးတဲ့ ဖိလစ်ပိုင် မော်ဒယ် တစ်ဦးဖြစ်သူ ဆီနွန်ကတော့ မြန်မာ့မြေ နဲ့ မြန်မာလူမျိုးတွေရဲ့ဖော်ရွေကြင်နာမှုကို တန်ဖိုးထားသူ တစ်ယောက်ပါ။

သူဟာဆိုရင် မြန်မာနိုင်ငံက လိုအပ်တဲ့နေရာကိုလှူဒါန်းနေသူဖြစ်တဲ့ အပြင် ၊ နွမ်းပါးသူများ ၊ အိမ်ယာမဲ့များ ၊ မိဘမဲ့များကိုလည်း နိုင်သလောက်အားနဲ့ လှူဒါန်းကူညီနေသူဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ခရီးသွားတိုးတက်ဖို့အတွက်လည်း တစ်ဖက်တစ်လမ်းက ကူညီနေသူလည်းဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်တဲ့ ပုဂံနယ်မြေဟာ နိုင်ငံခြားသား ခရီးသွားများကို ဆွဲဆောင်နိုင်ဖို့နဲ့ သန့်

ရှင်းသပ်ရပ်စေဖို့အတွက် အမှိုက်ကင်းစင် နယ်မြေဖြစ်အောင် ဆီနွန်တစ်ယောက်ကတော့ မြန်မာနိုင်ငံသားတွေကို နိုးဆော်လိုက်ပါတယ်။

သူ့ရဲ့ လုပ်ရပ်လေးဟာ မြန်မာနိုင်ငံအတွက် တန်ဖိုးရှိလှပါတယ်နော်။ ဒါကြောင့် ပုဂံမှ မဟုတ်ဘူး မြန်မာတစ်နိုင်ငံလုံး အမှိုက်ကင်းစင်ကြဖို့ ၊ ပလက်စတစ် လျှော့သုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Zawgyi Version






Add a Comment

Your email address will not be published. Required fields are marked *