အမေများအဖွဲ့ကို တစ်ဦးလျှင် ငွေ ၅ သောင်းနဲ့ အားဖြည့်စာတွေ ကန်တော့လိုက်တဲ့ အကယ်ဒမီလွင်မိုး
Sharing is caring!
ဝါရင့် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ အကယ်ဒမီလွင်မိုးကတော့ အနုပညာမှာပင် ထူးချွန်တာ မဟုတ်ပဲ သူတစ်ပါးကို ကူညီတတ်တာ ၊ ကျေးဇူးမမေ့တတ်တာတွေကြောင့်လည်း ပရိသတ်က အချစ်ပိုရတဲ့ အနုပညာသည်တစ်ယောက်ဖြစ်ပါတယ်နော်။
ပြီးခဲ့တဲ့ ရက်က အမေများနေ့မှာလည်း သရုပ်ဆောင် အကယ်ဒမီလွင်မိုးက ရုပ်ရှင်ကားတွေမှာ အမေအဖြစ် သရုပ်ဆောင်ကြတဲ့ အမေများအဖွဲ့ကို သူ့ရဲ့ချွေးနဲစာနဲ့ လှူဒါန်း ထောက်ပံ့မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်
ဒီအကြောင်းလေကိုလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ အခုလိုပဲ ဖော်ပြထားပါတယ်။
“အမေများနေ့ ရုပ်ရှင်ထဲက အမေများကို တစ်ဦးလျှင် ငွေကျပ်ငါးသောင် း၊ နွားနို့ ၊ ဘီစကစ် ၊ ကိတ်မုန့် ၊ လက်ဖက် စတာတွေကို လှူုဒါန်းပေးခဲ့ပါတယ်။”
အခုလို စေတနာကောင်းပြီးတော့ ဘဝမမေ့တတ်တဲ့ အကယ်ဒမီလွင်မိုးအတွက်လည်း ပရိသတ်တွေက ဂုဏ်ယူနေကြမှာပါ။
ဒါကြောင့် လွင်မိုးရဲ့ အလှူလေးကိုလည်း သာဓုခေါ်ပေးကြပါဦးနော်။
ZawGyi Version
Add a Comment
Your email address will not be published. Required fields are marked *