ဂီတလောက မရောက်ခင်က လမ်းဘေးမှာ သူ့ကိုပန်းရောင်းကျွေးတဲ့ ညီမလေးကို ကျေးဇူးဆပ်ချင်တဲ့ A4 ကျော်စွာ
|ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ ကြံရည်ရောင်းရင်း Free Style Rap တွေ ရွတ်နေသူ A4 ကျော်စွာကတော့ ယုန်လေးရဲ့ ကူညီမှုနဲ့ ဂီတလောကထဲကိုရောက်ရှိလာသူတစ်ဦးပါ ယုန်လေး ၊A4 ကျော်စွာ၊ မင်းဇက်တို့ သီဆိုထားတဲ့
ဝမ်းစာ သီချင်းလေးဟာဆိုရင်တော့ ကြည့်ရှုအားပေးသူ ငါးသန်းကျော်ခဲ့တဲ့အထိအောင်မြင်ခဲ့တဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ယနေ့မှာတော့ အဆိုတော် A4ကျော်စွာဟာ ပန်းရောင်းပြီးထမင်းကြွေးခဲ့တဲ့ကျေးဇူးရှင် ရောဂါကြောင့်
ဆေးရုံတတ်နေတာကြောင့် တတ်နိုင်သလောက် ပြန်ပေးဆပ်သွားမယ့်အကြောင်းကို “ကျေးဇူးရှင် ညီမလေး အသည်းရောင်အသားဝါရောဂါနဲ့ဆေးရုံတက်ရောက်နေပါတယ်။ ကျန်းမာရေးကောင်းချိန် ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ
ပန်းရောင်းပြီးထမင်းကြွေးခဲ့တဲ့ကျေးဇူးကို တတ်နိုင်သလောက် ပြန်ပေးဆပ်မယ်။ A4” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။A4 ကျော်စွာရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ကျေးဇူးသိတတ်မှုကိုချီးကျူးနေကြတာဖြစ်ပြီး
ကျော်စွာရဲ့ ကျေးဇူးရှင်ညီမလေး အဆင်ပြေစေဖို့ ဝိုင်းဝန်းဆုတောင်းပေးနေကြတာပါ ပရိသတ်ကြီးရေ လူမှုကွန်ယက်မှာ စိတ်ဝင်စားနေကြတာ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
Yin Khat Pan
Zawgyi Version
Yin Khat Pan