အကယ်ဒမီ ရန်အောင်ရဲ့ အကယ်ဒမီရုပ်ထုရွှေကြယ် ၄ ခု (ပေါင်း) ရွှေ ၈ ကျပ်သား အခိုးခံခဲ့ရ
|အကယ်ဒမီများရှင် မင်းသားကြီးရန်အောင်ကတော့ အနုပညာရှင်အချင်းချင်းကပါ လေးစားချစ်ခင်ခြင်းခံရတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ သူမတူအောင်ထူးချွန်သလို အဆိုပိုင်းမှာလည်း တကယ့်ကိုအရည်အချင်းရှိတဲ့ ရန်အောင်ကတော့ အနုပညာအလုပ်တွေကို အများအပြားလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။အသက် (၅၀)ကျော်အရွယ်ရှိပြီဖြစ်တဲ့ ရန်အောင်က လူငယ်တွေနဲ့အပြိုင် နုပျိုလန်းဆန်းနေတာလည်း ဖြစ်ပါ
တယ်။ယခုရက်ပိုင်းမှာတော့ မီဒီယာတွေ့ဆုံပွဲတစ်ခုမှာ ရန်အောင်က အကယ်ဒမီရွှေစင်ရုပ်တုများမှ ရွှေကြယ်များ အခိုးခံရပုံကို ပြောပြလာခဲ့တာပါရန်အောင်က ” အဲ့ဒီတုန်းက ၂၀၀၆ နောက်ဆုံးအကယ်ဒမီဆုမရခင်တုန်းကပေါ့ အကယ်ဒမီရုပ်တု ၄ ဆုရဲ့ ရွှေကြယ်တွေခိုးသွားတာ တစ်ခုကို ရွှေ ၂ ကျပ်သားနဲ့ အားလုံးပေါင်း ၈ ကျပ်သားပေါ့ အဓိကကတော့ ကျွန်တော်တန်ဖိုးထားရတဲ့ အကယ်ဒမီရုပ်တုရဲ့ ရွှေကြယ်တွေ ကိုအခိုးခံရလို့ ဒေါသထွက်ခဲ့တာပါ ဖြစ်
ပြီးပြီးချင်း စီအိုင်ဒီကအစလာပြီး သေချာစစ်ဆေးပေးပါတယ် နောက်ဆုံးပြန်ရတော့ ပုံပျက်နေပြီပေါ့ ၈ကျပ်သားလုံးပြန်ရပါတယ် တရားခံကိုတော့ ကျွန်တော်လည်းခုထိမသိဘူး ရဲကလည်း ပြန်ရပြီဆိုတော့ ကျေနပ်လိုက်ပါဆိုတာနဲ့မမေးတော့တာပါ ” လို့ပြောပြလာခဲ့တာဖြစ်ပါတယ်ရန်အောင်ကတော့ အကယ်ဒမီရွှေစင်ရုပ်တုမှ ရွှေကြယ်များအခိုးခံရပုံကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ တကယ့် အံ့ဩစရာဖြစ်ရပ်လေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရ
ပါတယ်နော်။
Shwe Yaung Myanmar
Zawgyi Version
ပါတယ်နော်။
Shwe Yaung Myanmar