မှတ်ပုံတင်ပျောက်ရင် ငွေတစ်ကျပ်မှ မကုန်ပဲ တနေ့တည်း အပြီးပြန်လုပ်နိုင်သည့် နည်းလမ်း

Sharing is caring!

(၁) မှတ်ပုံတင်ပျောက်ပြီး ပြန်မရနိုင်ဘူးဆိုတာနဲ့ ဘာမှဆက်လုပ်မနေပါနဲ့။ တစ်နေရာကိုပဲသွားပါ။အဲဒါက ကိုယ်နေထိုင်ရာမြို့နယ်ရဲ့လဝကရုံးဖြစ်ပါတယ်။ညနေစောင်းနေလည်းရုံးမပိတ်သေးဘူးဆိုရင် အမြန်ဆုံးနည်းနဲ့သ ာသွားပါလေ။

(၂) လဝက ရုံးကိုရောက်တာနဲ့ မှတ်ပုံတင်ပျောက်တဲ့အကြောင်းအကျိုး အကြောင်းပြောပြီး သူတို့ပေးတဲ့ ဖောင်နှစ်စောင် (ထွေ ၄ ဖောင်လို့ခေါ်ပါတယ်) ကို ၅၀၀ ပေးပြီးဝယ်ခဲ့ပါ။ ကိုယ်နေထိုင်ရာမြို့နယ်နဲ့သက် ဆိုင် တဲ့ဝန်ထမ်း

ကကိုယ့်ကိုအသေးစိတ်လုပ်ပေးပါတယ်။

(၃) လဝကရုံးကပေးလိုက်တဲ့ဖောင်နှစ်စောင်မှာ တစ်စောင်က ဆွေစဉ်မျိုးဆက်ဇယား (အဘိုး၊ အဘွား အထိပဲပါပါတယ်) ဖြစ်ပြီးနောက်တစ်စောင်ကကိုယ်ရေးအချက်အလက်ဖြည့်စွက်ရတာဖြစ်ပါတယ် ။နှစ် စောင်တည်းမို့ အ

ရမ် းမများပါဘူး။ အဲဒါဖြည့်ပြီးရင်တော့ သန်းခေါင်စာရင်းနဲ့အတူ ရပ်ကွက်ရုံးကိုသွားပြီး ထောက်ခံချက်ယူရပါ တယ်။ ရပ်ကွက်ထောက်ခံစာယူသလိုပါပဲ။

(၄) နောက်တစ်နေ့မှာတော့ အလုပ်ကနေ ခွင့်ယူလိုက်ပါ။ မနက်ကတည်းကနေ မှတ်ပုံတင်ကိစ္ စလုပ်ပါလေတော့။အရင်ဆုံးရဲစခန်းထောက်ခံစာသွားယူပါ။ မနက် ၈ နာရီဆိုဖွင့်ပါပြီ။ထောက်ခံစာရပြီးတာနဲ့ လဝကရုံးကိုသွားပြီး စ

လုပ်နိုင်ပါပြီ။မနေ့ကဖြည့်တဲ့ဖောင်နှစ်စောင်၊ ရက်ကွက်ရုံးကထောက်ခံချက်တုံး ထုပေးလိုက်တာ၊ ဆိုင်မှာ မှတ်ပုံတင်အတွက်ဆိုပြီး ရိုက်ထားတဲ့ ဓါတ်ပုံ (၅) ပုံ၊ သန်းခေါင်စာရင်းမူရင်း မိတ္တူတို့ယူသွားရပါမယ်။

(၅) မနေ့ကတွေ့ခဲ့တဲ့လဝကဝန်ထမ်းမမသို့မဟုတ် ညီမလေး ဆီကိုသွားပါ။ကျွန်တော်၊ ကျွန်မတော့ အချက်အလက်တော့စုံလာပြီ ဘယ်ကနေစလုပ်ရမလဲခင်ဗျာလို့ပြောပြီး သူ့လမ်းညွှန်ချက်အတိုင်းသာ သွားပါလေ။

မနေ့ကဖောင်တွေအပြင် အခြားဖောင်တွေလည်းဝယ်ရဖြည့်ရ မိတ္တူကူးရ နဲ့အလုပ်တော့ နည်းနည်းရှုပ်ပါတယ်။အဆင့်လေးငါးဆင့်လောက်ရှိမှာပါ။ ဦးစီးနဲ့တွေ့ပြီးလက်မှတ်လည်းယူရပါတယ်။ ရုံးထဲတင်ဆိုတော့ ပြသနာမရှိပါဘူး။

(၆) နေ့တစ်ဝက်လောက် (နေ့လယ်ထမင်းစားချိန်ခန့်) မှာတော့အဆင့်တွေအားလုံးပြီးသွားပြီး မှတ်ပုံတင်လက်ဗွေနှိပ်တာတို့ဘာတို့လုပ်ပြီး မှတ်ပုံတင်အသစ်လေးနဲ့ အိမ်ကိုပြန်လာနိုင်ပါပြီ။

(၇) ပိုက်ဆံပေးရလားဆိုတော့ မပေးရဘူးခင်ဗျ။ ဖောင်ဖိုး ရာဂဏန်းလောက်ပဲပေးရတယ်။ကိုယ့်အခက် အခဲကိုအဆင်ပြေချောမွေ့အောင်လုပ်ပေးတဲ့ ကျေးဇူးရှင်ကိုတော့ ဂါရဝတရားလေးနည်းနည်းထားလိုက် ရင်အဆင်ပြေပါပြီ။

အရမ်းအဆင်ပြေလို့ မျှဝေလိုက်တာပါ။

Credit – မူရင်း

Zawgyi Version

(၁) မွတ္ပုံတင္ေပ်ာက္ၿပီး ျပန္မရႏိုင္ဘူးဆိုတာနဲ႔ ဘာမွဆက္လုပ္မေနပါနဲ႔။ တစ္ေနရာကိုပဲသြားပါ။အဲဒါက ကိုယ္ေနထိုင္ရာၿမိဳ႕နယ္ရဲ႕လဝက႐ုံးျဖစ္ပါတယ္။ညေနေစာင္းေနလည္း႐ုံးမပိတ္ေသးဘူးဆိုရင္ အျမန္ဆုံးနည္းနဲ႔သ ာသြားပါေလ။

(၂) လဝက ႐ုံးကိုေရာက္တာနဲ႔ မွတ္ပုံတင္ေပ်ာက္တဲ့အေၾကာင္းအက်ိဳး အေၾကာင္းေျပာၿပီး သူတို႔ေပးတဲ့ ေဖာင္ႏွစ္ေစာင္ (ေထြ ၄ ေဖာင္လို႔ေခၚပါတယ္) ကို ၅၀၀ ေပးၿပီးဝယ္ခဲ့ပါ။ ကိုယ္ေနထိုင္ရာၿမိဳ႕နယ္နဲ႔သက္ ဆိုင္ တဲ့ဝန္ထမ္း

ကကိုယ့္ကိုအေသးစိတ္လုပ္ေပးပါတယ္။

(၃) လဝက႐ုံးကေပးလိုက္တဲ့ေဖာင္ႏွစ္ေစာင္မွာ တစ္ေစာင္က ေဆြစဥ္မ်ိဳးဆက္ဇယား (အဘိုး၊ အဘြား အထိပဲပါပါတယ္) ျဖစ္ၿပီးေနာက္တစ္ေစာင္ကကိုယ္ေရးအခ်က္အလက္ျဖည့္စြက္ရတာျဖစ္ပါတယ္ ။ႏွစ္ ေစာင္တည္းမို႔ အ

ရမ္ းမမ်ားပါဘူး။ အဲဒါျဖည့္ၿပီးရင္ေတာ့ သန္းေခါင္စာရင္းနဲ႔အတူ ရပ္ကြက္႐ုံးကိုသြားၿပီး ေထာက္ခံခ်က္ယူရပါ တယ္။ ရပ္ကြက္ေထာက္ခံစာယူသလိုပါပဲ။

(၄) ေနာက္တစ္ေန႔မွာေတာ့ အလုပ္ကေန ခြင့္ယူလိုက္ပါ။ မနက္ကတည္းကေန မွတ္ပုံတင္ကိစ္ စလုပ္ပါေလေတာ့။အရင္ဆုံးရဲစခန္းေထာက္ခံစာသြားယူပါ။ မနက္ ၈ နာရီဆိုဖြင့္ပါၿပီ။ေထာက္ခံစာရၿပီးတာနဲ႔ လဝက႐ုံးကိုသြားၿပီး စ

လုပ္ႏိုင္ပါၿပီ။မေန႔ကျဖည့္တဲ့ေဖာင္ႏွစ္ေစာင္၊ ရက္ကြက္႐ုံးကေထာက္ခံခ်က္တုံး ထုေပးလိုက္တာ၊ ဆိုင္မွာ မွတ္ပုံတင္အတြက္ဆိုၿပီး ႐ိုက္ထားတဲ့ ဓါတ္ပုံ (၅) ပုံ၊ သန္းေခါင္စာရင္းမူရင္း မိတၱဴတို႔ယူသြားရပါမယ္။

(၅) မေန႔ကေတြ႕ခဲ့တဲ့လဝကဝန္ထမ္းမမသို႔မဟုတ္ ညီမေလး ဆီကိုသြားပါ။ကြၽန္ေတာ္၊ ကြၽန္မေတာ့ အခ်က္အလက္ေတာ့စုံလာၿပီ ဘယ္ကေနစလုပ္ရမလဲခင္ဗ်ာလို႔ေျပာၿပီး သူ႔လမ္းၫႊန္ခ်က္အတိုင္းသာ သြားပါေလ။

မေန႔ကေဖာင္ေတြအျပင္ အျခားေဖာင္ေတြလည္းဝယ္ရျဖည့္ရ မိတၱဴကူးရ နဲ႔အလုပ္ေတာ့ နည္းနည္းရႈပ္ပါတယ္။အဆင့္ေလးငါးဆင့္ေလာက္ရွိမွာပါ။ ဦးစီးနဲ႔ေတြ႕ၿပီးလက္မွတ္လည္းယူရပါတယ္။ ႐ုံးထဲတင္ဆိုေတာ့ ျပသနာမရွိပါဘူး။

(၆) ေန႔တစ္ဝက္ေလာက္ (ေန႔လယ္ထမင္းစားခ်ိန္ခန႔္) မွာေတာ့အဆင့္ေတြအားလုံးၿပီးသြားၿပီး မွတ္ပုံတင္လက္ေဗြႏွိပ္တာတို႔ဘာတို႔လုပ္ၿပီး မွတ္ပုံတင္အသစ္ေလးနဲ႔ အိမ္ကိုျပန္လာႏိုင္ပါၿပီ။

(၇) ပိုက္ဆံေပးရလားဆိုေတာ့ မေပးရဘူးခင္ဗ်။ ေဖာင္ဖိုး ရာဂဏန္းေလာက္ပဲေပးရတယ္။ကိုယ့္အခက္ အခဲကိုအဆင္ေျပေခ်ာေမြ႕ေအာင္လုပ္ေပးတဲ့ ေက်းဇူးရွင္ကိုေတာ့ ဂါရဝတရားေလးနည္းနည္းထားလိုက္ ရင္အဆင္ေျပပါၿပီ။

အရမ္းအဆင္ေျပလို႔ မွ်ေဝလိုက္တာပါ။

Credit – မူရင္း

Add a Comment

Your email address will not be published.