သီတဂူဆရာတော်ဘုရားကြီး မေတ္တာနဲ့ ပြည်တော်ပြန်လာကြမယ့် စာသင်သားရဟန်းများရဲ့ ကြည်နူးဖွယ်မြင်ကွင်း

Sharing is caring!

  • ဗီဒီယိုဖိုင်ကို အောက်မှာ ထည့်ပေးထားပါတယ်။

COVID_19 ရောဂါက ကမ္ဘာနိုင်ငံတော်တော်များများကို ဖြစ်ပွားနေတာပါ။ ဒီလိုအချိန်မှာ ဘယ်နိုင်ငံသားဖြစ်ပါစေ မိခင် နိုင်ငံဆီကို ပြန်ကြတာပါပဲ။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကိုတောင် မြန်မာနိုင်ငံက သွားပြန်ခေါ်လာခဲ့ပါသေးတယ်။

ထို့အတူပဲ အိန္ဒိယမှာလည်း ကူးစက်မှုတွေ ဖြစ်ပွားနေပါတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံက စာသင်သားရဟန်တွေလည်း များစွာရှိနေပါတယ်။

သူတို့အတွက် ဘယ်သူများ လာခေါ်မလဲလို့ ရဟန်းသိက္ခာနဲ့ မျှော်လင့်နေမှာအမှန်ပါပဲ။ အခုတော့ စာသင်သားရဟန်းတွေရဲ့ဆန္ဒတွေ ပြည့်ဝခဲ့ပါပြီ။

သူတို့ကို သီတဂူဆရာတော် ဘုရားကြီးက အားလုံးအတွက် အကုန်အကျခံပြီးတော့ မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို ပြန်လည် ကြွစေနိုင်ဖို့အတွက် စီစဉ်ပေးလို့ ရဟန်းအပေါင်းလည်း ဝမ်းသာနေကြပါတယ်။

ဒါကြောင့် သီတဂူ ဆရာတော်ကြီးရဲ့ မွန်မြတ်လှတဲ့ အလှူအတွက် တပည့်သာဝက အပေါင်းကိုလည်း သာဓုခေါ်ဆိုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။

  • ဗီဒီယိုဖိုင်ကို ကြည့်ရန် နှိပ်ပါ

Add a Comment

Your email address will not be published. Required fields are marked *