မိန်းမရှုပ်တဲ့ သူ့ကို ဆုံးမဖို့ လူမိုက်တွေကို (၂၅) သိန်းနဲ့ငှားတဲ့ အမျိုးသမီးကို ရဲဖမ်းပြီ

Sharing is caring!

ကမာရွတ် ရွှေကွန်း ကွန်ဒိုအတွင်း လုယက် မှုသည် မိန်းမရှုပ်လို့ ပညာပေးရန် ခိုင်းစေချက်ကြောင့် ပြစ်မှုကျူးလွန်ခြင်းဖြစ် ကြောင်းပြစ်မှုကျူးလွန်သူများက ထွက်ဆိုတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ် ရွှေကွန်းကွန်ဒိုနေ အမျိုသား တစ်ဦးကို လူငယ် ၃ ဦးက ဖမ်းဆီးချုပ်နှောင်ပြီးကျပ် ၁၉ သိန်းကျော်တို့ လုယူထွက်ပြေးသွားတဲ့ အမှုဖြစ်ကာ ယင်းအမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိထားပြီလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းဆီးရမိသူများအား အသေးစိတ်စစ် ဆေးခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ မိ ကျောင်း ကန်အမှတ်(၁) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ရိပ်သာ(၅)လမ်း၊ အမှတ် (၇၇/၇၈)နေဒေါ်ခင်ခင်ဝင်း က ၎င်းနှင့် ပတ်သက် နေသည့်အမျိုးသားသည် အခြားအမျိုးသမီးများနှင့် ရှုပ်ပွေနေသဖြင့် မှတ်လောက်သားလောက်အောင် ဆုံးမပေးရန် မနီနီဝင်းနှင့် ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ တို့အား အကူအညီတောင်းခံခဲ့ကြောင်း၊ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)

ဖန်သီ က လှိုင်သာယာမြို့နေ နိုင်းနိုင်း(ခ)နဂါး (ခ)မင်းဟိန်းပါ (၃)ဦးကို ငွေကျပ်(၂၅) သိန်းဖြင့် ငှားရမ်းပြီး ပြစ်မှုအား ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်ခင်ခင်ဝင်းအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၎င်းမှာ ပြစ်မှုကျူးလွန်ပြီးနောက် နေအိမ်မှ တိမ်းရှောင်သွားတယ်လို့ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ဖြစ်စဉ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ကမာရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက် ရတနာမြိုင်လမ်း

ရွှေကွန်း ကွန်ဒို အမှတ် (၁၈/B2) ၌ သြဂုတ် လ ၁၀ ရက် ည (၂၀:၀၀)အချိန်ခန့်က ဦးကျော်မိုး (ကနေဒါနိုင် ငံသားခံယူထားသူ) အသက်(၄၈) နှစ်၊pp-no Ac 786745 ကိုင်ဆောင်သူနေအိမ် ၌ တစ်ဦးတည်းရှိနေစဉ် လွန်ခဲ့သော တစ်ပတ်ခန့်ကရင်းနှီးခဲ့သူ မနီနီဝင်း ဆိုသူလာရောက်ပြီး ခဏအကြာ မနီနီဝင်းက အခန်းသော့အားယူကာ တံခါးဖွင့်၍ ထွက်သွားပြီးနောက် အမည်မသိ လူငယ်(၃)ဦး နေအိမ် အတွင်းဝင်လာပြီး တရားလိုအား ဝိုင်း၍ချု

ပ်နှောင်သဖြင့် ပြန်လည်ခုခံရာ အဆိုပါ လူငယ်(၃)ဦး အသင့် ယူဆောင်လာသောဓားနှင့်ထိမိ၍တရားလိုယာဘက်ပေါင်နှင့် ယာဘက်လက်ဖဝါးတို့တွင် ပြတ်ရှဒဏ်ရာ(၁) ချက်စီရရှိခဲ့ကြောင်း၊ ထို့နောက် လူငယ်(၃)ဦးမှ တရားလို၏ ပါးစပ်နှင့် လက်နှစ်ဘက်အား တိတ်အဝါဖြင့်တုပ်နှောင်ကာ ခြေထောက်နှစ်ဘက်အား လက်ထိပ်တစ်စုံဖြင့် ခတ်ထားခဲ့ပြီး I-Phone X အနက်ရောင်ဖုန်း (၁)လုံး၊ I Pad 3 ငွေရောင်(၁)လုံး ၊ စုစုပေါင်း တန်ဖိုးငွေကျပ်၁၉ဝဝဝဝဝ

ကျပ်ခန့်တို့အား လုယူထွက်ပြေးသွား သောကြောင့် လူငယ်(၃)ဦးနှင့် မနီနီဝင်း တို့အားအရေးယူပေးရန် က မာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းမှု ဖြစ်ပါတယ်။လက်ရှိတွင် အမှုမှ ဖမ်းဆီးရမိသူ မနီနီဝင်း ပါ (၆) ဦးကို ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်လျက် ရှိပြီးထွက်ပြေးတိမ်းရှောင်နေသူ ဒေါ်ခင်ခင်ဝင်းအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်လို့ ဆိုပါတယ်။

Credit

ကမာ႐ြတ္ ေ႐ႊကြန္း ကြန္ဒိုအတြင္း လုယက္ မႈသည္ မိန္းမရႈပ္လို႔ ပညာေပးရန္ ခိုင္းေစခ်က္ေၾကာင့္ ျပစ္မႈက်ဴးလြန္ျခင္းျဖစ္ ေၾကာင္းျပစ္မႈက်ဴးလြန္သူမ်ားက ထြက္ဆိုတယ္လို႔ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။ၿပီးခဲ့သည့္ ရက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီးကမာ႐ြတ္ၿမိဳ႕နယ္ ေ႐ႊကြန္းကြန္ဒိုေန အမ်ိဳသား တစ္ဦးကို လူငယ္ ၃ ဦးက ဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီးက်ပ္ ၁၉ သိန္းေက်ာ္တို႔ လုယူထြက္ေျပးသြားတဲ့ အမႈျဖစ္ကာ ယင္းအမႈျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိထားၿပီလို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

ဖမ္းဆီးရမိသူမ်ားအား အေသးစိတ္စစ္ ေဆးခဲ့ရာ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ မိ ေက်ာင္း ကန္အမွတ္(၁) ရပ္ကြက္၊ ေဝဇယႏၲာလမ္းႏွင့္ ရိပ္သာ(၅)လမ္း၊ အမွတ္ (၇၇/၇၈)ေနေဒၚခင္ခင္ဝင္း က ၎ႏွင့္ ပတ္သက္ ေနသည့္အမ်ိဳးသားသည္ အျခားအမ်ိဳးသမီးမ်ားႏွင့္ ရႈပ္ေပြေနသျဖင့္ မွတ္ေလာက္သားေလာက္ေအာင္ ဆုံးမေပးရန္ မနီနီဝင္းႏွင့္ ဝင္းမင္းထြန္း(ခ)စြမ္းထက္(ခ)ဖန္သီ တို႔အား အကူအညီေတာင္းခံခဲ့ေၾကာင္း၊ဝင္းမင္းထြန္း(ခ)စြမ္းထက္(ခ)

ဖန္သီ က လႈိင္သာယာၿမိဳ႕ေန ႏိုင္းႏိုင္း(ခ)နဂါး (ခ)မင္းဟိန္းပါ (၃)ဦးကို ေငြက်ပ္(၂၅) သိန္းျဖင့္ ငွားရမ္းၿပီး ျပစ္မႈအား ပူးေပါင္းက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္းစစ္ေဆးေပၚေပါက္သျဖင့္ ေဒၚခင္ခင္ဝင္းအား ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ၎မွာ ျပစ္မႈက်ဴးလြန္ၿပီးေနာက္ ေနအိမ္မွ တိမ္းေရွာင္သြားတယ္လို႔ ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။ျဖစ္စဥ္မွာ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္၊ကမာ႐ြတ္ၿမိဳ႕နယ္ အမွတ္(၁)ရပ္ကြက္ ရတနာၿမိဳင္လမ္း

ေ႐ႊကြန္း ကြန္ဒို အမွတ္ (၁၈/B2) ၌ ၾသဂုတ္ လ ၁၀ ရက္ ည (၂၀:၀၀)အခ်ိန္ခန႔္က ဦးေက်ာ္မိုး (ကေနဒါႏိုင္ ငံသားခံယူထားသူ) အသက္(၄၈) ႏွစ္၊pp-no Ac 786745 ကိုင္ေဆာင္သူေနအိမ္ ၌ တစ္ဦးတည္းရွိေနစဥ္ လြန္ခဲ့ေသာ တစ္ပတ္ခန႔္ကရင္းႏွီးခဲ့သူ မနီနီဝင္း ဆိုသူလာေရာက္ၿပီး ခဏအၾကာ မနီနီဝင္းက အခန္းေသာ့အားယူကာ တံခါးဖြင့္၍ ထြက္သြားၿပီးေနာက္ အမည္မသိ လူငယ္(၃)ဦး ေနအိမ္ အတြင္းဝင္လာၿပီး တရားလိုအား ဝိုင္း၍ခ်ဳ

ပ္ေႏွာင္သျဖင့္ ျပန္လည္ခုခံရာ အဆိုပါ လူငယ္(၃)ဦး အသင့္ ယူေဆာင္လာေသာဓားႏွင့္ထိမိ၍တရားလိုယာဘက္ေပါင္ႏွင့္ ယာဘက္လက္ဖဝါးတို႔တြင္ ျပတ္ရွဒဏ္ရာ(၁) ခ်က္စီရရွိခဲ့ေၾကာင္း၊ ထို႔ေနာက္ လူငယ္(၃)ဦးမွ တရားလို၏ ပါးစပ္ႏွင့္ လက္ႏွစ္ဘက္အား တိတ္အဝါျဖင့္တုပ္ေႏွာင္ကာ ေျခေထာက္ႏွစ္ဘက္အား လက္ထိပ္တစ္စုံျဖင့္ ခတ္ထားခဲ့ၿပီး I-Phone X အနက္ေရာင္ဖုန္း (၁)လုံး၊ I Pad 3 ေငြေရာင္(၁)လုံး ၊ စုစုေပါင္း တန္ဖိုးေငြက်ပ္၁၉ဝဝဝဝဝ

က်ပ္ခန႔္တို႔အား လုယူထြက္ေျပးသြား ေသာေၾကာင့္ လူငယ္(၃)ဦးႏွင့္ မနီနီဝင္း တို႔အားအေရးယူေပးရန္ က မာ႐ြတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ တိုင္တန္းမႈ ျဖစ္ပါတယ္။လက္ရွိတြင္ အမႈမွ ဖမ္းဆီးရမိသူ မနီနီဝင္း ပါ (၆) ဦးကို ဥပေဒႏွင့္အညီ တရားစြဲတင္ပို႔ႏိုင္ေရးေဆာင္႐ြက္လ်က္ ရွိၿပီးထြက္ေျပးတိမ္းေရွာင္ေနသူ ေဒၚခင္ခင္ဝင္းအား ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိပါတယ္လို႔ ဆိုပါတယ္။

MyanmaPlatform

Add a Comment

Your email address will not be published. Required fields are marked *