ထိုင်းနိုင်ငံက ဆောက်လုပ်ရေးတစ်ခုမှာ မြန်မာများ ပြုတ်ကျသေဆုံးမှုဖြစ်ပွား

Sharing is caring!

အခင်းဖြစ်ပွားတဲ့နေရာဟာ မြန်မာနိုင်ငံသား ဆောက်လုပ်ရေး လုပ်သားတွေ အများဆုံးလုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင် Saen Suk စံစွတ် မြို့ ခလောင်နမ်မင် နယ်မြေ အထပ်(၄၂)ထပ် Sukhumvit Road ဆူကွန်ဗစ်

လမ်းမ နဘေးက ဆောက်လက်စ ကွတ်ဒို တိုက်ခန်းအဆောက်အဦးကြီး ဖြစ်ပါတယ်။သြဂုတ်လ၁၆ ရက်နေ့ နေလည်၁၁ နာရီ ကအလုပ်ပိတ်ရက် အချိန်ပိုလုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၁၀ ဦးခန့် ရှိနေတဲ့ အထပ် (၇)

နေရာပေါ်ကိုပုံလောင်းပြီးသား အင်္ဂဒေ ဘောင် ကို ကရိမ်းကြိုးတွေနဲ့ မတင်နေတဲ့ အချိန် အလေးချိန်မနိုင်ဖြစ်ပြီး အင်္ဂဒေဘောင် ပြုတ်ကျခဲ့ရာမှာ အင်္ဂဒေပြားဘောင်ကို ထိမ်းပေးနေတဲ့ မြန်မာနိုင်ငံသား (လေး)ဦး ပါ မြေပြ င်ကို

လိမ့်ကျခဲ့တာပါ။မီတာ ၄၀ အမြင့် အထပ်၇ ကနေ ပြုတ်ကျသေဆုံးသူ မြန်မာနိုင်သား နှစ်ဦး နဲ့ တခြား ဒဏ်ရာရသွားသူ တွေမှာ နှစ်ဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း ကျန်အလုပ်သမား(၆) ဦးကတော့ ပွန်းပဲ ဒဏ်ရာအနည်းင ယ်

သာရခဲ့တာကို ချွန်ဘူရီ ခရိုင် မှုခင်စုံစမ်းစစ်ဆေးရေးရဲမှူး Colonel Suchart Charoensri ဆူချ ကျလန်စီကအတည်ပြုထုတ်ပြန်ခဲ့ကြောင်း ထိုင်းသတင်းတွေမှာရေးသားဖေါ်ပြထားပါတယ်။အခင်းဖြစ်ခဲ့တဲ့ နေရာမှာသေဆုံး သွားသူ

မြန်မာနိုင်ငံသား ဆောက်လုပ်ရေးအလုပ်သမားနှစ်ဦးကတော့ ကိုကံဆိုး( ၄၈နှစ်)နဲ့ ကိုခင်မောင် ၃၂နှစ် Mr. Gansu, 48, and Mr. Kim Mong, 32,ဖြစ်ကြောင်းသိရပါတယ်။ဒဏ်ရာရ မြန်မ ာနိုင်ငံသား တွေကိုတော့ ချွန်ဘူရီ

ခရိုင် ဘူရဖါ ဆေးရုံမှာ Burapha University Hospital. အရေးပေါ်ကုသပေးနေကြောင်း သိရပါတယ်။ယခုဖြစ်ရပ်နဲ့ ပါတ်သက်ပြီး အဆောက်အဦး ဆောက်လုပ်နေ တာကိုယာယီ ရပ်ဆိုင်းခဲ့ပြီး တာဝန်ရှိသူ ဆောက်လုပ်ရေး

အင်ဂျင် နီယာ တွေ ကိုလည်း ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။

Credit – SAW

Zawgyi Version

အခင္းျဖစ္ပြားတဲ့ေနရာဟာ ျမန္မာႏိုင္ငံသား ေဆာက္လုပ္ေရး လုပ္သားေတြ အမ်ားဆုံးလုပ္ကိုင္ေနတဲ့ ထိုင္းႏိုင္ငံ ခြၽန္ဘူရီ ခ႐ိုင္ Saen Suk စံစြတ္ ၿမိဳ႕ ခေလာင္နမ္မင္ နယ္ေျမ အထပ္(၄၂)ထပ္ Sukhumvit Road ဆူကြန္ဗစ္

လမ္းမ နေဘးက ေဆာက္လက္စ ကြတ္ဒို တိုက္ခန္းအေဆာက္အဦးႀကီး ျဖစ္ပါတယ္။ၾသဂုတ္လ၁၆ ရက္ေန႔ ေနလည္၁၁ နာရီ ကအလုပ္ပိတ္ရက္ အခ်ိန္ပိုလုပ္ကိုင္ေနၾကတဲ့ ျမန္မာအလုပ္သမား ၁၀ ဦးခန႔္ ရွိေနတဲ့ အထပ္ (၇)

ေနရာေပၚကိုပုံေလာင္းၿပီးသား အဂၤေဒ ေဘာင္ ကို ကရိမ္းႀကိဳးေတြနဲ႔ မတင္ေနတဲ့ အခ်ိန္ အေလးခ်ိန္မႏိုင္ျဖစ္ၿပီး အဂၤေဒေဘာင္ ျပဳတ္က်ခဲ့ရာမွာ အဂၤေဒျပားေဘာင္ကို ထိမ္းေပးေနတဲ့ ျမန္မာႏိုင္ငံသား (ေလး)ဦး ပါ ေျမျပ င္ကို

လိမ့္က်ခဲ့တာပါ။မီတာ ၄၀ အျမင့္ အထပ္၇ ကေန ျပဳတ္က်ေသဆုံးသူ ျမန္မာႏိုင္သား ႏွစ္ဦး နဲ႔ တျခား ဒဏ္ရာရသြားသူ ေတြမွာ ႏွစ္ဦးဟာ ဒဏ္ရာျပင္းထန္ေၾကာင္း က်န္အလုပ္သမား(၆) ဦးကေတာ့ ပြန္းပဲ ဒဏ္ရာအနည္းင ယ္

သာရခဲ့တာကို ခြၽန္ဘူရီ ခ႐ိုင္ မႈခင္စုံစမ္းစစ္ေဆးေရးရဲမႉး Colonel Suchart Charoensri ဆူခ် က်လန္စီကအတည္ျပဳထုတ္ျပန္ခဲ့ေၾကာင္း ထိုင္းသတင္းေတြမွာေရးသားေဖၚျပထားပါတယ္။အခင္းျဖစ္ခဲ့တဲ့ ေနရာမွာေသဆုံး သြားသူ

ျမန္မာႏိုင္ငံသား ေဆာက္လုပ္ေရးအလုပ္သမားႏွစ္ဦးကေတာ့ ကိုကံဆိုး( ၄၈ႏွစ္)နဲ႔ ကိုခင္ေမာင္ ၃၂ႏွစ္ Mr. Gansu, 48, and Mr. Kim Mong, 32,ျဖစ္ေၾကာင္းသိရပါတယ္။ဒဏ္ရာရ ျမန္မ ာႏိုင္ငံသား ေတြကိုေတာ့ ခြၽန္ဘူရီ

ခ႐ိုင္ ဘူရဖါ ေဆး႐ုံမွာ Burapha University Hospital. အေရးေပၚကုသေပးေနေၾကာင္း သိရပါတယ္။ယခုျဖစ္ရပ္နဲ႔ ပါတ္သက္ၿပီး အေဆာက္အဦး ေဆာက္လုပ္ေန တာကိုယာယီ ရပ္ဆိုင္းခဲ့ၿပီး တာဝန္ရွိသူ ေဆာက္လုပ္ေရး

အင္ဂ်င္ နီယာ ေတြ ကိုလည္း ရဲတပ္ဖြဲ႕က ဆက္လက္စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ လည္း သိရပါတယ္။

Credit – SAW

Add a Comment

Your email address will not be published. Required fields are marked *