လုပ်ငန်းတွေ မအောင်မြင်တာထက် အဖေဆုံးသွားတာကို ပိုခံစားရတယ်ဆိုတဲ့ ထက်ထက်ရဲ့ အကို သရုပ်ဆောင် ထက်နိုင်အောင်
|ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ထက်နိုင်အောင်ကတော့ ထက်ထက်မိုးဦးရဲ့ အကိုတော်စပ်သူဖြစ်ပြီး အနုပညာလောကထဲကို ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိလာသူဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်ကျော် ကမှ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာသူပါ။ အနုပညာကို ရူးသွပ်သူဖြစ်ပြီး သရုပ်ဆောင်တဲ့အပိုင်းမှာလည်း အင်တိုက်အားတိုက် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။သြဂု တ်လ ၁၈ရက်နေ့က ဖခင်ဖြစ်သူ သေဆုံးခဲ့တာနဲ့ ပက်သက်ပြီး သူ့ရဲ့ ခံစားချက်ကို အခုလိုပဲ ရင်ဖွင့်ပြောကြားခဲ့ပါတယ်။ သရုပ်ဆောင် ထက်နိုင်အောင် ပြောခဲ့တာကတော့ ” စဖြစ်ဖြစ်ချင်း ကျွန်တော်တို့ မောင်နှမတတွေ မန္တလေး
မင်္ဂလာဆေးရုံမှာ တစ်လကျော် ကြာလိုက်တယ်။ သေသေချာချာလေးကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အဖေက နဂိုရောဂါ အခံကတော့ သွေးတိုးနည်းနည်းရှိတယ် သိပ်မသိသာဘူးပေါ့။ နှလုံးသွေးကြောပိတ်လို့ စက်ထည့်ထားတယ် ။ အဆုတ်ကလည်း မကောင်းဘူး။ ဆီးချိုကတော့ အရင်က မရှိဘူး အခု ဆေးရုံရောက်မှ တွေ့ရတယ်။ အစက မန္တလေးက ဆေးရုံမှာ တင်တော့ ကျွန်တော်က အလုပ်ကိစ္စရှိလို့ မိုးကုတ်ကို ခဏပြန်သွားတာ.. အဲ့ချိန် သူတို့က အဖေ့ကို ရန်ကုန်မှာ ဆေးရုံပြောင်းတင်လိုက်တယ်။ အဲ့ချိန်က တော်တော်သက်သာနေပြီ အားလုံးကလည်း အခုလို ဖြစ်မယ်လို့ မမျှော်လင့်ဘူး။ ပြန်ကောင်းမယ်ပဲ ထင်တာ။ မမျှော်လင့်ပဲ ဆုံးသွားတာပေါ့။
ကိုယ့်လက်ထဲမှာ ဆုံးရင် ဖြေသာမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကလည်း ပြောချင်တာ ပြောရမယ် အဖေကလည်း ပြောချင်တာ ပြောရမယ်။ တစ်သက်လုံး တူတူနေခဲ့တဲ့ အဖေဆိုတော့ ပြောချင်တာတွေ ရှိခဲ့မှာပဲ ကိုယ်ကလည်း ပြောပြချင်တာတွေ ရှိတယ်။ အခုလို မပြောလိုက်ရလို့ ယူကျုံးမရလည်း ဖြစ်ရတယ်။ ကိုယ့်အတွက် မဟုတ်ပါဘူး အဖေ့အတွက် ဘာနဲ့မှ အစားထိုးလို့မရအောင် ယူကျုံးမရဖြစ်ရတယ်။အမေက ၁၉၉၆ ခုနှစ်မှာ မြင်းခြံမှာ ရုတ်တရက် ရောဂါဖြစ်ပြီး ဆုံးပါးသွားခဲ့တာ။ ဆုံးသွားတော့ အမေ့တုန်းကလည်း ကျွန်တော် အသက်မမှီလိုက်ဘူး။ အမေဆုံးတော့ မြင်းခြံမှာ အရင်တုန်းက သင်္ချိုင်းအဟောင်းကြီး ရှိတယ်။ အဲ့မှာပဲ သင်္ဂြိုလ်လိုက်တယ်။ ၄ ရက် ၅ ရက်လောက်ကြာ
မှ အမေ့ရဲ့ မြေပုံလေးကို ကျွန်တော်ကိုယ်တိုင်တူးပြီး ဂူတည်ခဲ့ပေးတာ။ အခုတော့ မရှိတော့ဘူး အဲ့သင်္ချိုင်းက ပြောင်းသွားပြီ။ အမေ့ကိုလည်း အဖေ့ကို ချစ်သလို ချစ်တာပဲ နည်းနည်းမှ မလျော့ဘူး။ အဖေနဲ့ အမေ ကျေးဇူးကြောင့် ကျွန်တော် လူဖြစ်လာတာလေ။အဖေက ပန်းချီဆရာကြီး တစ်ယောက်ပါ ကျွန်တော်တို့ မိုးကုတ်မြို့မှာ အဖေ့ပန်းချီကားတွေက ရေတွက်လို့တောင် မရဘူး။ ပန်းချီမြတ်နိုင် ဆိုတဲ့ နာမည်နဲ့ ပန်းချီဆွဲခဲ့တာပါ။ ကျွန်တော် သိသလောက်ဆိုရင် အဖေက သီချင်းလည်း ရေးတယ်လို့ ပြောတယ်။ အဖေနဲ့ခင်တဲ့ အသက်ကြီးစာနယ်ဇင်းသမားတွေ ရှိတယ်။အဖေဆုံးသွားတဲ့အခါကျ ကျွန်တော့်မှာ အရာရာအားလုံးကို မျှော်လင့်ချက်မဲ့သွားခဲ့ပြီ။ အမှန်အတိုင်းပြောရရင် ဘာမှ
ကို မလိုချင်တော့တာ..ဘယ်သူ့ကိုမှလည်း ကောင်းသည် ဆိုးသည် မပြောချင်တော့ဘူး။ ဘာဆိုဘာမှလည်း မမက်မောတော့ဘူး။ ဘယ်သူနဲ့မှလည်း ခွန်းတုန့်ပြန်ပြီး မပြောချင်တော့ဘူး။ အဖေမှာထားတဲ့အတိုင်း သည်းခံခြင်း ခွင့်လွှ တ်ခြင်းနဲ့ပဲ နေဖို့ ကျွန်တော်ဆုံးဖြတ်ထားတယ်။ကျွန်တော်က အနုပညာနဲ့ပက်သက်ရင် ဇွဲလျှော့မှာ မဟုတ်ဘူး။ ၂၀၀၁ ခုနှစ်တုန်းက အနုပညာလောကကို ပထမအကြိမ်ဝင်ခဲ့တယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်က ဒုတိယအကြိမ်
ဝင်ခဲ့တယ်။ မအောင်မြင်ခဲ့ပေမဲ့ ထိုက်သလောက် ပရိတ်သတ်တွေ သိခဲ့တယ်။ အခုဖြစ်နေတဲ့ ကပ်ရောဂါကြောင့် အနုပညာလုပ်ငန်းရော စီးပွားရေးရော ပြောဆိုရိုက်ကူးထားတာတွေရော အကုန်ပျက်ဆီးသွားတဲ့ သဘောပေါ့။
အကုန်လုံး ပျက်စီးနေရတဲ့အချိန် ဘဝမှာ အချစ်ရဆုံးအဖေကလည်း ဆုံးပါးသွားတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ကုန်းကောက်စရာမရှိလောက်အောင် ကျနေတယ်။အခုချိန်မှာ အလုပ်ကိုလည်း ကြိုးစားနေတယ်။ ဘာသာရေးကိုလည်း တော်တော်လုပ်ဖြစ်တယ်။ အဲ့ ၂ ခုနဲ့ လမ်းကြောင်းမပျောက်သွားအောင် ကြိုးစားနေတာပါ။ ဇာတ်လမ်းတွဲတွေ သီချင်းဗီဒီယိုတွေ ရိုက်ကူးဖို့ လက်ခံထားတာတွေ ပြောဆိုထားတာတွေ ရှိတယ်။ ကိုဗစ်ဖြစ်တော့ ပျက်သွားတာ
.ကိုယ့်ဘာသာ ပိုက်ဆံထုတ်ပြီး ရိုက်ဖို့ စီစဉ်ထားတာတွေရော တစ်ချို့လည်း ရိုက်ပြီး မဖြန့်ဖြစ်တာတွေရော အများပြောတဲ့ ဗီဒီယိုဈေးကွက် ပျက်သွားတာတွေရော အကြောင်းမျိုးစုံနဲ့ အခုချိန်မှာတော့ အနုပညာကို ချက်ချင်းကြီး ချပြဖို့ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ဇွဲတော့ မလျှော့သေးဘူး။ ” ဆိုကာ ဖခင်ဆုံးပါးသွားခဲ့တဲ့အကြောင်းနဲ့ ပက်သက်ပြီး ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
Credit
Zawgyi Version
ပရိတ္သတ္ႀကီးေရ သ႐ုပ္ေဆာင္ ထက္ႏိုင္ေအာင္ကေတာ့ ထက္ထက္မိုးဦးရဲ႕ အကိုေတာ္စပ္သူျဖစ္ၿပီး အႏုပညာေလာကထဲကို ဒုတိယအႀကိမ္ ျပန္လည္ဝင္ေရာက္ခဲ့သူလည္း ျဖစ္ပါတယ္။ ၂၀၀၁ ခုႏွစ္ကတည္းက အႏုပညာေလာကထဲကို ေရာက္ရွိလာသူျဖစ္ၿပီး လြန္ခဲ့တဲ့ ၃ ႏွစ္ေက်ာ္ ကမွ ဒုတိယအႀကိမ္ ျပန္လည္ဝင္ေရာက္လာသူပါ။ အႏုပညာကို ႐ူးသြပ္သူျဖစ္ၿပီး သ႐ုပ္ေဆာင္တဲ့အပိုင္းမွာလည္း အင္တိုက္အားတိုက္ ႀကိဳးစားေနသူလည္း ျဖစ္ပါတယ္။ၾသဂု တ္လ ၁၈ရက္ေန႔က ဖခင္ျဖစ္သူ ေသဆုံးခဲ့တာနဲ႔ ပက္သက္ၿပီး သူ႔ရဲ႕ ခံစားခ်က္ကို အခုလိုပဲ ရင္ဖြင့္ေျပာၾကားခဲ့ပါတယ္။ သ႐ုပ္ေဆာင္ ထက္ႏိုင္ေအာင္ ေျပာခဲ့တာကေတာ့ ” စျဖစ္ျဖစ္ခ်င္း ကြၽန္ေတာ္တို႔ ေမာင္ႏွမတေတြ မႏၲေလး
မဂၤလာေဆး႐ုံမွာ တစ္လေက်ာ္ ၾကာလိုက္တယ္။ ေသေသခ်ာခ်ာေလးကို ျပဳစုေစာင့္ေရွာက္ခဲ့ပါတယ္။ အေဖက နဂိုေရာဂါ အခံကေတာ့ ေသြးတိုးနည္းနည္းရွိတယ္ သိပ္မသိသာဘူးေပါ့။ ႏွလုံးေသြးေၾကာပိတ္လို႔ စက္ထည့္ထားတယ္ ။ အဆုတ္ကလည္း မေကာင္းဘူး။ ဆီးခ်ိဳကေတာ့ အရင္က မရွိဘူး အခု ေဆး႐ုံေရာက္မွ ေတြ႕ရတယ္။ အစက မႏၲေလးက ေဆး႐ုံမွာ တင္ေတာ့ ကြၽန္ေတာ္က အလုပ္ကိစၥရွိလို႔ မိုးကုတ္ကို ခဏျပန္သြားတာ.. အဲ့ခ်ိန္ သူတို႔က အေဖ့ကို ရန္ကုန္မွာ ေဆး႐ုံေျပာင္းတင္လိုက္တယ္။ အဲ့ခ်ိန္က ေတာ္ေတာ္သက္သာေနၿပီ အားလုံးကလည္း အခုလို ျဖစ္မယ္လို႔ မေမွ်ာ္လင့္ဘူး။ ျပန္ေကာင္းမယ္ပဲ ထင္တာ။ မေမွ်ာ္လင့္ပဲ ဆုံးသြားတာေပါ့။
ကိုယ့္လက္ထဲမွာ ဆုံးရင္ ေျဖသာမယ္။ ဘာပဲျဖစ္ျဖစ္ ကိုယ္ကလည္း ေျပာခ်င္တာ ေျပာရမယ္ အေဖကလည္း ေျပာခ်င္တာ ေျပာရမယ္။ တစ္သက္လုံး တူတူေနခဲ့တဲ့ အေဖဆိုေတာ့ ေျပာခ်င္တာေတြ ရွိခဲ့မွာပဲ ကိုယ္ကလည္း ေျပာျပခ်င္တာေတြ ရွိတယ္။ အခုလို မေျပာလိုက္ရလို႔ ယူက်ဳံးမရလည္း ျဖစ္ရတယ္။ ကိုယ့္အတြက္ မဟုတ္ပါဘူး အေဖ့အတြက္ ဘာနဲ႔မွ အစားထိုးလို႔မရေအာင္ ယူက်ဳံးမရျဖစ္ရတယ္။အေမက ၁၉၉၆ ခုႏွစ္မွာ ျမင္းၿခံမွာ ႐ုတ္တရက္ ေရာဂါျဖစ္ၿပီး ဆုံးပါးသြားခဲ့တာ။ ဆုံးသြားေတာ့ အေမ့တုန္းကလည္း ကြၽန္ေတာ္ အသက္မမွီလိုက္ဘူး။ အေမဆုံးေတာ့ ျမင္းၿခံမွာ အရင္တုန္းက သခ်ႋဳင္းအေဟာင္းႀကီး ရွိတယ္။ အဲ့မွာပဲ သၿဂႋဳလ္လိုက္တယ္။ ၄ ရက္ ၅ ရက္ေလာက္ၾကာ
မွ အေမ့ရဲ႕ ေျမပုံေလးကို ကြၽန္ေတာ္ကိုယ္တိုင္တူးၿပီး ဂူတည္ခဲ့ေပးတာ။ အခုေတာ့ မရွိေတာ့ဘူး အဲ့သခ်ႋဳင္းက ေျပာင္းသြားၿပီ။ အေမ့ကိုလည္း အေဖ့ကို ခ်စ္သလို ခ်စ္တာပဲ နည္းနည္းမွ မေလ်ာ့ဘူး။ အေဖနဲ႔ အေမ ေက်းဇူးေၾကာင့္ ကြၽန္ေတာ္ လူျဖစ္လာတာေလ။အေဖက ပန္းခ်ီဆရာႀကီး တစ္ေယာက္ပါ ကြၽန္ေတာ္တို႔ မိုးကုတ္ၿမိဳ႕မွာ အေဖ့ပန္းခ်ီကားေတြက ေရတြက္လို႔ေတာင္ မရဘူး။ ပန္းခ်ီျမတ္ႏိုင္ ဆိုတဲ့ နာမည္နဲ႔ ပန္းခ်ီဆြဲခဲ့တာပါ။ ကြၽန္ေတာ္ သိသေလာက္ဆိုရင္ အေဖက သီခ်င္းလည္း ေရးတယ္လို႔ ေျပာတယ္။ အေဖနဲ႔ခင္တဲ့ အသက္ႀကီးစာနယ္ဇင္းသမားေတြ ရွိတယ္။အေဖဆုံးသြားတဲ့အခါက် ကြၽန္ေတာ့္မွာ အရာရာအားလုံးကို ေမွ်ာ္လင့္ခ်က္မဲ့သြားခဲ့ၿပီ။ အမွန္အတိုင္းေျပာရရင္ ဘာမွ
ကို မလိုခ်င္ေတာ့တာ..ဘယ္သူ႔ကိုမွလည္း ေကာင္းသည္ ဆိုးသည္ မေျပာခ်င္ေတာ့ဘူး။ ဘာဆိုဘာမွလည္း မမက္ေမာေတာ့ဘူး။ ဘယ္သူနဲ႔မွလည္း ခြန္းတုန႔္ျပန္ၿပီး မေျပာခ်င္ေတာ့ဘူး။ အေဖမွာထားတဲ့အတိုင္း သည္းခံျခင္း ခြင့္လႊ တ္ျခင္းနဲ႔ပဲ ေနဖို႔ ကြၽန္ေတာ္ဆုံးျဖတ္ထားတယ္။ကြၽန္ေတာ္က အႏုပညာနဲ႔ပက္သက္ရင္ ဇြဲေလွ်ာ့မွာ မဟုတ္ဘူး။ ၂၀၀၁ ခုႏွစ္တုန္းက အႏုပညာေလာကကို ပထမအႀကိမ္ဝင္ခဲ့တယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္ေက်ာ္ ၄ ႏွစ္က ဒုတိယအႀကိမ္
ဝင္ခဲ့တယ္။ မေအာင္ျမင္ခဲ့ေပမဲ့ ထိုက္သေလာက္ ပရိတ္သတ္ေတြ သိခဲ့တယ္။ အခုျဖစ္ေနတဲ့ ကပ္ေရာဂါေၾကာင့္ အႏုပညာလုပ္ငန္းေရာ စီးပြားေရးေရာ ေျပာဆို႐ိုက္ကူးထားတာေတြေရာ အကုန္ပ်က္ဆီးသြားတဲ့ သေဘာေပါ့။
အကုန္လုံး ပ်က္စီးေနရတဲ့အခ်ိန္ ဘဝမွာ အခ်စ္ရဆုံးအေဖကလည္း ဆုံးပါးသြားေတာ့ စိတ္ဓာတ္ပိုင္းဆိုင္ရာမွာေတာ့ ကုန္းေကာက္စရာမရွိေလာက္ေအာင္ က်ေနတယ္။အခုခ်ိန္မွာ အလုပ္ကိုလည္း ႀကိဳးစားေနတယ္။ ဘာသာေရးကိုလည္း ေတာ္ေတာ္လုပ္ျဖစ္တယ္။ အဲ့ ၂ ခုနဲ႔ လမ္းေၾကာင္းမေပ်ာက္သြားေအာင္ ႀကိဳးစားေနတာပါ။ ဇာတ္လမ္းတြဲေတြ သီခ်င္းဗီဒီယိုေတြ ႐ိုက္ကူးဖို႔ လက္ခံထားတာေတြ ေျပာဆိုထားတာေတြ ရွိတယ္။ ကိုဗစ္ျဖစ္ေတာ့ ပ်က္သြားတာ
.ကိုယ့္ဘာသာ ပိုက္ဆံထုတ္ၿပီး ႐ိုက္ဖို႔ စီစဥ္ထားတာေတြေရာ တစ္ခ်ိဳ႕လည္း ႐ိုက္ၿပီး မျဖန႔္ျဖစ္တာေတြေရာ အမ်ားေျပာတဲ့ ဗီဒီယိုေဈးကြက္ ပ်က္သြားတာေတြေရာ အေၾကာင္းမ်ိဳးစုံနဲ႔ အခုခ်ိန္မွာေတာ့ အႏုပညာကို ခ်က္ခ်င္းႀကီး ခ်ျပဖို႔ မျဖစ္ႏိုင္ေသးဘူး။ ဒါေပမဲ့ ဇြဲေတာ့ မေလွ်ာ့ေသးဘူး။ ” ဆိုကာ ဖခင္ဆုံးပါးသြားခဲ့တဲ့အေၾကာင္းနဲ႔ ပက္သက္ၿပီး ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။