ထောင်ဒဏ်တစ်သက်တကျွန်းချနိုင်တဲ့ ပုဒ်မနဲ့ ဦးဌေးအောင်ကို ဖမ်းပြီ
|အင်တာနက်လူမှုကွန်ရက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို စော်ကားပြောဆိုတဲ့ ရန်ကုန်တိုင်းဗိုလ်တထောင်မြို့နယ်ရှိ Orchid Hotel ပိုင်ရှင် ဦးဌေးအောင်ကို ထောင်ဒဏ်တစ်သက်တကျွန်းအထိ ချနိုင်တဲ့ ဥပဒေ ပုဒ်မတွေနဲ့ ဖမ်းဆီးလိုက်ပါပြီ။
ဦးဌေးအောင်ကို ဒီနေ့ ညနေ ၄နာရီ၃၅မိနစ်အချိန်တွင် ပုဇွန်တောင်မြို့နယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ပြီး အရှေ့ပိုင်းခရိုင်တရားရုံး၌ ရမန်ယူထားကြောင်းသိရပါတယ်။
ပုဒ်မ၁၂၄ (က)သည် အစိုးရအဖွဲ့အရာရှိတစ်ဦးက တရားရုံးသို့ ဦးတိုက်လျှောက်ထား စွဲဆိုရသည့် ပုဒ်မဖြစ်ပြီး ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ၁၂၄(က) တွင် မည်သူမဆို နုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားသော နည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရတည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစား
အောင် သော်လည်းကောင်း ပြုလျင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျင်၊ ထိုသူကို ငွေဒဏ်နှင်တကွ တစ်သက်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် တစ်သက်ကျွန်းအောက်လျော့သည့်တစ်ကျွန်းဒဏ်ဖြစ်စေ၊ငွေဒဏ်နှင့်တကွ သုံးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ထိုသူကို ချမှတ်ရမည်ဟု ပြဌာန်းထားကြောင်းသိရှိရပါတယ်။
Zawgyi Version
အင္တာနက္လူမႈကြန္ရက္မွာ အတိုင္ပင္ခံပုဂၢိဳလ္ကို ေစာ္ကားေျပာဆိုတဲ့ ရန္ကုန္တိုင္းဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ Orchid Hotel ပိုင္ရွင္ ဦးေဌးေအာင္ကို ေထာင္ဒဏ္တစ္သက္တကြၽန္းအထိ ခ်ႏိုင္တဲ့ ဥပေဒ ပုဒ္မေတြနဲ႔ ဖမ္းဆီးလိုက္ပါၿပီ။
ဦးေဌးေအာင္ကို ဒီေန႔ ညေန ၄နာရီ၃၅မိနစ္အခ်ိန္တြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္၌ ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီးေတာ့ ပုဇြန္ေတာင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးက တရားလိုျပဳလုပ္၍ တရားစြဲဆိုခဲ့ၿပီး အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး၌ ရမန္ယူထားေၾကာင္းသိရပါတယ္။
ပုဒ္မ၁၂၄ (က)သည္ အစိုးရအဖြဲ႕အရာရွိတစ္ဦးက တရား႐ုံးသို႔ ဦးတိုက္ေလွ်ာက္ထား စြဲဆိုရသည့္ ပုဒ္မျဖစ္ၿပီး ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ၁၂၄(က) တြင္ မည္သူမဆို ႏုတ္ျဖင့္ျဖစ္ေစ၊စာျဖင့္ျဖစ္ေစ၊ အမွတ္အသားျဖင့္ျဖစ္ေစ၊ ထင္ရွားေသာ ပုံသ႑ာန္ျဖင့္ျဖစ္ေစ၊ အျခားေသာ နည္းျဖင့္ျဖစ္ေစ ျပည္ေထာင္စုအတြက္၊ သို႔တည္းမဟုတ္ ျပည္ေထာင္စုအဖြဲ႕ဝင္မ်ားအတြက္ ဥပေဒအရတည္ေထာင္ထားေသာ အစိုးရကို မုန္းထားေအာင္ေသာ္လည္းေကာင္း၊ မေလးစား
ေအာင္ ေသာ္လည္းေကာင္း ျပဳလ်င္၊ သို႔တည္းမဟုတ္ ထိုသို႔ျပဳရန္ အားထုတ္လ်င္ သို႔တည္းမဟုတ္ ေမတၱာပ်က္ေအာင္ လႈံ႕ေဆာ္လ်င္၊ သို႔တည္းမဟုတ္ ထိုသို႔လႈံ႕ေဆာ္ရန္ အားထုတ္လ်င္၊ ထိုသူကို ေငြဒဏ္ႏွင္တကြ တစ္သက္ကြၽန္းဒဏ္ျဖစ္ေစ၊ ေငြဒဏ္ႏွင့္ တစ္သက္ကြၽန္းေအာက္ေလ်ာ့သည့္တစ္ကြၽန္းဒဏ္ျဖစ္ေစ၊ေငြဒဏ္ႏွင့္တကြ သုံးႏွစ္အထိေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္သက္သက္ျဖစ္ေစ ထိုသူကို ခ်မွတ္ရမည္ဟု ျပဌာန္းထားေၾကာင္းသိရွိရပါတယ္။