ရေခဲချောင်းရောင်းပြီးကျောင်းထားတဲ့ အဖေအတွက် ၄ ဘာသာဂုဏ်ထူး ယူပေးခဲ့တဲ့ သမီးလေး
|နာမည်လေးက ထူးထူးဆန်းဆန်း ဒြာတဲ့လား….။ဖခင် – ဦးတင်ဝင်း၊ မိခင်- ဒေါ်ခင်သန်းဝေ တို့ရဲ့ သမီးငယ်လေးက အသက် (၁၆) နှစ်၊
မိသားစုလေးဟာလှိုင်သာယာ (၉) ရပ်ကွက်မှာ၊ မိသားစုလိုက် အဆောင်ငှားပြီးနေကြသတဲ့။မိခင်ဖြစ်သူက နံရိုးထိခိုက်မိထားတာမို့ အလုပ် မလုပ်နိုင်ဘဲ ဖခင်ဖြစ်သူကပဲ ရေခဲချောင်းရောင်းပြီးသမီးဖြစ်သူကိုလည်
း ကျောင်းထားလို့ မိသားစုရဲ့ စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ရရှာတဲ့ဘဝလေး။အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊လှိုင်သာယာကနေ တက္ကသိုလ်ဝင်တန်းခုံအမှတ် ဆသယ_၃၈၄ နဲ့၊ ၂၀၁၉/၂၀၂၀
ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာအင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဇီဝဗေဒဂုဏ်ထူးလေးဘာသာနဲ့အတူ သမီးလေးဖြစ်သူက နှစ်ချင်းပေါက်အောင်မြင်ခဲ့ပါတယ်။
နွမ်းပါးတဲ့ ကလေးငယ်လေးရဲ့ ကြိုးစားအောင်မြင်မှုအတွက် သွားရောက်ပြီး ဂုဏ်ပြုစကားဆိုစကားပြောကြည့်တဲ့အခါသူမရဲ့ ရည်မှန်းချက်က နာမကျန်းမှုတွေကို ကုသမှုပေးတဲ့ ဆရာဝန်ဘဝတဲ့။
အမှတ်စာရင်းထွက်တဲ့အခါ၊ ဆေးကျောင်းတက်ဖို့ အမှတ်မီတဲ့အခါမှာညီမလေးရဲ့ ပညာရေးအတွက်အကူအညီပေးနိုင်သူတွေနဲ့ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် … ဒြာရေ…။
(ကာယကံရှင်ရဲ့ ခွင့်ပြုချက်ဖြင့် ဓာတ်ပုံအားရိုက်ယူ ဖော်ပြအပ်ပါသည်)
Nine Nine
Zawgyi Version
နာမည္ေလးက ထူးထူးဆန္းဆန္း ျဒာတဲ့လား….။ဖခင္ – ဦးတင္ဝင္း၊ မိခင္- ေဒၚခင္သန္းေဝ တို႔ရဲ႕ သမီးငယ္ေလးက အသက္ (၁၆) ႏွစ္၊
မိသားစုေလးဟာလႈိင္သာယာ (၉) ရပ္ကြက္မွာ၊ မိသားစုလိုက္ အေဆာင္ငွားၿပီးေနၾကသတဲ့။မိခင္ျဖစ္သူက နံ႐ိုးထိခိုက္မိထားတာမို႔ အလုပ္ မလုပ္ႏိုင္ဘဲ ဖခင္ျဖစ္သူကပဲ ေရခဲေခ်ာင္းေရာင္းၿပီးသမီးျဖစ္သူကိုလည္
း ေက်ာင္းထားလို႔ မိသားစုရဲ႕ စားဝတ္ေနေရးအတြက္ ႀကိဳးစား႐ုန္းကန္ရရွာတဲ့ဘဝေလး။အမွတ္(၂)အေျခခံပညာအထက္တန္းေက်ာင္း၊လႈိင္သာယာကေန တကၠသိုလ္ဝင္တန္းခုံအမွတ္ ဆသယ_၃၈၄ နဲ႔၊ ၂၀၁၉/၂၀၂၀
ပညာသင္ႏွစ္တကၠသိုလ္ဝင္တန္းစာေမးပြဲမွာအဂၤလိပ္စာ၊ သခ်ၤာ၊ ႐ူပေဗဒ၊ ဇီဝေဗဒဂုဏ္ထူးေလးဘာသာနဲ႔အတူ သမီးေလးျဖစ္သူက ႏွစ္ခ်င္းေပါက္ေအာင္ျမင္ခဲ့ပါတယ္။
ႏြမ္းပါးတဲ့ ကေလးငယ္ေလးရဲ႕ ႀကိဳးစားေအာင္ျမင္မႈအတြက္ သြားေရာက္ၿပီး ဂုဏ္ျပဳစကားဆိုစကားေျပာၾကည့္တဲ့အခါသူမရဲ႕ ရည္မွန္းခ်က္က နာမက်န္းမႈေတြကို ကုသမႈေပးတဲ့ ဆရာဝန္ဘဝတဲ့။
အမွတ္စာရင္းထြက္တဲ့အခါ၊ ေဆးေက်ာင္းတက္ဖို႔ အမွတ္မီတဲ့အခါမွာညီမေလးရဲ႕ ပညာေရးအတြက္အကူအညီေပးႏိုင္သူေတြနဲ႔ ေတြ႕ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ … ျဒာေရ…။
(ကာယကံရွင္ရဲ႕ ခြင့္ျပဳခ်က္ျဖင့္ ဓာတ္ပုံအား႐ိုက္ယူ ေဖာ္ျပအပ္ပါသည္)
Nine Nine