စစ်တွေ အခြေအနေ နောက်ဆုံးရ သတင်း

Sharing is caring!

စစ်တွေ အခြေအနေ နောက်ဆုံးရ သတင်းလေးကို အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ စိတ်အေးအေးထားပြီး အားလုံး ပူးပေါင်းဆောင်ရွက်ရင် ဒုတိယလှိုင်းကိုလည်း ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီမနက်မှာ ၁၆

ယောက် ထပ်တွေ့ပါတယ်။ ဒါဟာ စိုးရိမ်ရတဲ့ အနေအထားပါ။ ကူးနေတဲ့ပိုးက ၁၀ ယောက်မှာ ၆ ယောက်က G614 (၁၀ ဆမြန်တဲ့ မျိုးစိတ်အသစ်) ပါ။စစ်တွေမှာ GeneXpert စက် ၂ လုံးရှိနေ သလို Microbiologist တွေ

လဲ ရောက်နေပါပီ။ အများကြီးတော့ မစစ်နိုင်သေးပါဘူး။ လိုအပ်ရင် ရန်ကုန်ပို့ပီး စစ်ပါမယ်။

ဗဟိုက အထူးကျွမ်းကျင်သူ ဆရာကြီး ၃ ဦး ရခိုင်ကို ဆင်းပီး အနီးကပ် ကြီးကြပ်နေပါတယ်။ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေပါတယ်။ရန်ကုန်က သွားရောက် အားဖြည့်မယ့် ဆရာဝန်တွေက ၂၄ ရက်နေ့ကနေစပီး စတင်တာဝန်

ထမ်းဆောင်ကြမှာပါ။

Stay at Home နဲ့ မထိန်းနိုင်ရင် ဒုတိယအဆင့်အနေနဲ့ Lock Down ချဖို့ လူကြီးတွေ စဉ်းစားနေပါတယ်။ မြန်မာပြည်မှာ နေထိုင်ကြတဲ့ ပြည်ထောင်စုသားအားလုံး တက်ညီလက်ညီ ပါဝင်ကူညီကြပါ။ အငြင်းအခုံတွေ မလုပ်ပဲ အား

ပေးကြပါ။ အခုဖြစ်နေတာက ကျနော်တို့ တိုင်းပြည်ထဲက ဒေသတခုပဲ ဖြစ်လို့ စိတ်ဝမ်းမကွဲပဲ ပြည်ထောင်စုစိတ်ဓာတ်နဲ့ စည်းလုံးကြပါ။

ပြည်သူအားလုံး အပြင်သွားရင် Mask တပ်ပါ။ ခပ်ခွာခွာနေပါ။ လက်ဆေးပါ။ FB ပေါ်မှာပဲ ကြောက်ပြနေလို့ မရပါဘူး။ အပြင်မှာ တကယ်လိုက်နာမှ ရပါမယ်။ မလိုက်နာရင်တော့ အားလုံးဒုက္ခရောက်ကုန်ကြမှာပါ။ ဒုတိယလှိုင်းက

ပိုအရေးကြီးပါတယ်။ လက်ခုတ်တီးပေးတာထက် စည်းကမ်းအတိုင်း လိုက်နာနေထိုင်တာကို ဆရာဝန်တွေက ပိုကျေးဇူးတင်ပါတယ်။ အထူး ဂရုပြုနေထိုင်ကြပါ။ Nay Thway

Zawgyi Version

စစ္ေတြ အေျခအေန ေနာက္ဆုံးရ သတင္းေလးကို အားလုံးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။ စိတ္ေအးေအးထားၿပီး အားလုံး ပူးေပါင္းေဆာင္႐ြက္ရင္ ဒုတိယလႈိင္းကိုလည္း ေက်ာ္ျဖတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီမနက္မွာ ၁၆

ေယာက္ ထပ္ေတြ႕ပါတယ္။ ဒါဟာ စိုးရိမ္ရတဲ့ အေနအထားပါ။ ကူးေနတဲ့ပိုးက ၁၀ ေယာက္မွာ ၆ ေယာက္က G614 (၁၀ ဆျမန္တဲ့ မ်ိဳးစိတ္အသစ္) ပါ။စစ္ေတြမွာ GeneXpert စက္ ၂ လုံးရွိေန သလို Microbiologist ေတြ

လဲ ေရာက္ေနပါပီ။ အမ်ားႀကီးေတာ့ မစစ္ႏိုင္ေသးပါဘူး။ လိုအပ္ရင္ ရန္ကုန္ပို႔ပီး စစ္ပါမယ္။

ဗဟိုက အထူးကြၽမ္းက်င္သူ ဆရာႀကီး ၃ ဦး ရခိုင္ကို ဆင္းပီး အနီးကပ္ ႀကီးၾကပ္ေနပါတယ္။ အခ်ိန္နဲ႔ တေျပးညီ ေဆာင္႐ြက္ေနပါတယ္။ရန္ကုန္က သြားေရာက္ အားျဖည့္မယ့္ ဆရာဝန္ေတြက ၂၄ ရက္ေန႔ကေနစပီး စတင္တာဝန္

ထမ္းေဆာင္ၾကမွာပါ။

Stay at Home နဲ႔ မထိန္းႏိုင္ရင္ ဒုတိယအဆင့္အေနနဲ႔ Lock Down ခ်ဖို႔ လူႀကီးေတြ စဥ္းစားေနပါတယ္။ ျမန္မာျပည္မွာ ေနထိုင္ၾကတဲ့ ျပည္ေထာင္စုသားအားလုံး တက္ညီလက္ညီ ပါဝင္ကူညီၾကပါ။ အျငင္းအခုံေတြ မလုပ္ပဲ အား

ေပးၾကပါ။ အခုျဖစ္ေနတာက က်ေနာ္တို႔ တိုင္းျပည္ထဲက ေဒသတခုပဲ ျဖစ္လို႔ စိတ္ဝမ္းမကြဲပဲ ျပည္ေထာင္စုစိတ္ဓာတ္နဲ႔ စည္းလုံးၾကပါ။

ျပည္သူအားလုံး အျပင္သြားရင္ Mask တပ္ပါ။ ခပ္ခြာခြာေနပါ။ လက္ေဆးပါ။ FB ေပၚမွာပဲ ေၾကာက္ျပေနလို႔ မရပါဘူး။ အျပင္မွာ တကယ္လိုက္နာမွ ရပါမယ္။ မလိုက္နာရင္ေတာ့ အားလုံးဒုကၡေရာက္ကုန္ၾကမွာပါ။ ဒုတိယလႈိင္းက

ပိုအေရးႀကီးပါတယ္။ လက္ခုတ္တီးေပးတာထက္ စည္းကမ္းအတိုင္း လိုက္နာေနထိုင္တာကို ဆရာဝန္ေတြက ပိုေက်းဇူးတင္ပါတယ္။ အထူး ဂ႐ုျပဳေနထိုင္ၾကပါ။ Nay Thway

Add a Comment

Your email address will not be published. Required fields are marked *