နှာခေါင်းစည်း(Mask) များ ဈေးတင်ရောင်း မရောင်း မန္တလေးမှာ ရှောင်တခင်စစ်ဆေးနေပြီ

Sharing is caring!

မန္တလေးမြို့ရှိ လက်လီလက်ကားဆေးအရောင်းဆိုင်များတွင် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့် ဆေးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ၊ မရှိ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ

ရှောင်တခင် ဝင်ရောက်စစ်ဆေးယခုရက်ပိုင်းအတွင်း COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုတွေ များပြားလာသည့်အတွက် ဈေးကွက်အတွင်း နှာခေါင်းစည်း (mask)နှင့် Hand Gel များ ဝယ်လိုအားမြင့်တက်လျက်ရှိရာ အ ဆို

ပါပစ္စည်းများအားဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ၊ မရှိ သိရှိနိုင်စေရန် မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်လီလက်ကား ဆေးအရောင်းဆိုင်များသို့ သွားရောက်ပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများကို ဩ

ဂုတ်လ(၂၂)ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးများနှင့်စားသုံးကုန်

ပစ္စည်းများကို အရေးကြီးကုန်စည်(၃)မျိုးအဖြစ် ကြေညာထားပြီးဖြစ်ရာအဆိုပါပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများ ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ

အရ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ယခုလို ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုအတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ တွေ့ရှိပါက အနည်းဆုံးထောင်ဒဏ်(၆) လမှ အများ ဆုံးထောင်ဒဏ်(၃)နှစ်အထိ ချမှတ်

သွားမည့်အပြင် ငွေကျပ် (၅) သိန်းထက်မပိုသော ဒဏ်ငွေလည်း ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေး (မန္တလေး)

Zawgyi Version

မႏၲေလးၿမိဳ႕ရွိ လက္လီလက္ကားေဆးအေရာင္းဆိုင္မ်ားတြင္ COVID-19 ေရာဂါကာကြယ္ေရး အေထာက္အကူျပဳပစၥည္းႏွင့္ ေဆးမ်ားအား ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္းရွိ၊ မရွိ မႏၲေလးတိုင္းေဒသႀကီး စားသုံးသူေရးရာဦးစီးဌာနမွ

ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးယခုရက္ပိုင္းအတြင္း COVID-19 ေရာဂါ ျပည္တြင္းကူးစက္မႈေတြ မ်ားျပားလာသည့္အတြက္ ေဈးကြက္အတြင္း ႏွာေခါင္းစည္း (mask)ႏွင့္ Hand Gel မ်ား ဝယ္လိုအားျမင့္တက္လ်က္ရွိရာ အ ဆို

ပါပစၥည္းမ်ားအားေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္းရွိ၊ မရွိ သိရွိႏိုင္ေစရန္ မႏၲေလးတိုင္းေဒသႀကီး စားသုံးသူေရးရာဦးစီးဌာနမွ လက္လီလက္ကား ေဆးအေရာင္းဆိုင္မ်ားသို႔ သြားေရာက္ၿပီး ေရွာင္တခင္ဝင္ေရာက္စစ္ေဆးမႈမ်ားကို ဩ

ဂုတ္လ(၂၂)ရက္ေန႔က ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနျဖင့္ COVID-19ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား၊ ေဆးမ်ားႏွင့္စားသုံးကုန္

ပစၥည္းမ်ားကို အေရးႀကီးကုန္စည္(၃)မ်ိဳးအျဖစ္ ေၾကညာထားၿပီးျဖစ္ရာအဆိုပါပစၥည္းမ်ားအား ေဈးႏႈန္းျမႇင့္တင္ ေရာင္းခ်ျဖန႔္ျဖဴးျခင္း၊ ေဈးကစားရန္ရည္႐ြယ္၍ သိုေလွာင္ထားျခင္းမ်ား ရွိပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒ

အရ ေဖာ္ထုတ္အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္သည္။ယခုလို ေရွာင္တခင္ဝင္ေရာက္ စစ္ေဆးမႈအတြင္း ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်မႈမ်ား ေတြ႕ရွိပါက အနည္းဆုံးေထာင္ဒဏ္(၆) လမွ အမ်ား ဆုံးေထာင္ဒဏ္(၃)ႏွစ္အထိ ခ်မွတ္

သြားမည့္အျပင္ ေငြက်ပ္ (၅) သိန္းထက္မပိုေသာ ဒဏ္ေငြလည္း ခ်မွတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပန္ၾကားေရး (မႏၲေလး)

Add a Comment

Your email address will not be published. Required fields are marked *