စာဖြေဆုရတဲ့ ဝတ္တုငွေလေးနဲ့မယ်တော်ကြီးကို နားကပ်လေးဝယ်ဆင်ပေးခဲ့တဲ့ ဦးဇင်းလေး
Sharing is caring!
စာဖြေဆုရတဲ့ ငွေလေးနဲ့ မယ်တော်ကြီးကို နားကပ်ဝယ်ဆင်ပေးတဲ့ ဦးဇင်းလေး(ဒီလိုပို့မျိုးကိုမှ မရှယ်ရင် ဘယ်လိုပို့မျိုးကို ရှယ်မှာလဲ မိတ်ဆွေ)ဒီလိုပို့မျိုးကိုမှ မရှယ်ရင် ဘယ်လိုပို့မျိုးကို ရှယ်မှာလဲ မိတ်ဆွေ….စာဖြေဆုရတဲ့ ငွေလေးနဲ့ မယ်တော်ကြီးကို နားကပ်ဝယ်ဆင်ပေးတဲ့ ဦးဇင်းလေး..ဘယ်ပန်းချီရေးလို့ မမှီပါပဲ…တကယ့်ကို စိတ်ကြည်နူးစရာလေးပါပဲ..။ ဘယ်ပန်းချီရေးလို့ မမှီနိုင်တဲ့ ပုံလေးတွေပါပဲ..။ မြင်သူတိုင်းရဲ့ စိတ်ထဲမှာ ဦးဇင်းလေးတို့ သားအမိရဲ့
စိတ်ထဲမှာ ဘယ်လောက်အထိ ကြည်နူးပီတိ ဖြစ်နေလိုက်မလဲဆိုတာကို တွေးကြည့်နေကြပါလိမ်မယ်။ဦးဇင်းလေးရဲ့ ဘွဲ့အမည် ဦးသားပညာ ကျောက်ဆည် မွေးရပ်ဇာတိလို့ ယူဆရပါတယ်..။ သင်္ကြန်ကာလလေးမှာ အသင်းစာဖြေပွဲတစ်ခုကနေ ဆုရလို့ မယ်တော်ကြီးအတွက် နားကပ်လေးတစ်ရံဝယ်ပေးပြီး ကိုယ်တိုင်ကိုယ်ကျ ဆင်မြန်းပေးနေတာကို ကြည့်နူလွန်းလို့ မျှဝေပေးလိုက်ပါတယ်။အခုလိုဆုရဖို့အတွက် ဦးဇင်းလေး နေ့နေ့ညည ကြိုးစားခဲ့ရကြောင်းလည်း
ရေးသားထားပါတယ်..။ အမေကတော့ မျက်ရည်လေးတွေ ဝဲနေရှာတယ်တဲ့..။ ဒီည အမေ့ ခမျာ အိပ်တောင်ပျော်ပါ့မလားကွယ်တယ့်..။ဘယ် အိပ်ပျော်မလဲ ဦးဇင်းလေးရယ်..။ဦးဇင်းလေးရဲ့ အမေ ဦးဇင်းလေးရဲ့ သိတတ်မှုကို တစိမ့်စိမ့်တွေးပြီး ဝမ်းသာပီတိ အပြည့်ဖြစ်နေမယ့် အချိန်တွေက တစ်ရက် တစ်ည နဲ့ ဘယ်လုံလောက်ပါ့လဲ..။ဦးဇင်းလေး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး မယ်တော်ကြီးအပေါ် ဒီထက်ကျေးဇူးသိတတ်ပြီး သာသနာအကျိုးကိုလည်း
လွယ်ကူ ချောမွေ့စွာ ထမ်းရွက်နိုင်ပါစေ..။ဦးဇင်းလေးရဲ့ မယ်တော်ကြီးလည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး သက်တော်ရာကျော် ရှည်ပါစေလို့ အပန်းပြေ မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
သားပညာ{ကျောက်ဆည်} မူရင်းပို့
Zawgyi Version
Add a Comment
Your email address will not be published. Required fields are marked *