မိခင်ကိုယ်တိုင်လာအပ်တဲ့ ကလေးကို စိတ်မကောင်းစွာ လက်ခံပေးခဲ့တဲ့ ခိုင်နှင်းဝေ
Sharing is caring!
ခိုင်နှင်းဝေကတော့ ပရဟိတမင်းသမီးလို့ ပရိသတ်တွေခေါ်ဆိုရလောက်အောင် ပရဟိတအလုပ်တွေကို ဆက်တိုက်ဆောင်ရွက်နေသူတစ်ဦးပါ ဩဂုတ်လ (၂၂) ရက်နေ့မှာတော့ ရန်ကုန်၊ စွယ်တော် ဘုန်းတော်ကြီးသင် ပညာရေ း
ကျောင်း မှာသရုပ်ဆောင် ခိုင်နှင်းဝေ တစ်ယောက် သံဃာတော်များအား ဝါဆိုသင်္ကန်းကပ် နှင့် ဆွမ်းဆန်စိမ်းလောင်း အလှူ ကျင်းပခဲ့ပါတယ်။အလှူပွဲ ကျင်းပနေချိန်မှာ ကလေးမိခင် တစ်ဦးက ကျန်းမာရေး မကောင်းဘူး ဆိုတဲ့
အကြောင်း ပြချက်ဖြင့် မိခင် ကိုယ်တိုင် ကလေးကို ခိုင်နှင်းဝေ ထံ လာရောက် အပ်နှံ ပေးအပ်ခဲ့ပါတယ်။ကလေးငယ်ရဲ့ မိခင်ကတော့ ” ယောကျာ်းနဲ့လည်းကွဲသွားပြီး အခုကျန်းမာရေးကလည်းမကောင်းတော့ ကလေးကိုဘယ်လိုမှ
ပြန်မကြည့်နိုင်တော့လို့ပါ စာချုပ်စာတမ်းနဲ့တခါတည်းပေးခဲ့မှာပါ” လို့ပြောဆိုခဲ့ပြီး ခိုင်နှင်းဝေကလည်း”စောင့်ရှောက်ရမယ့် ကံပါလာတယ် ဆိုတော့ ဒုက္ခရောက်တဲ့ သူကို ကယ်ပေးမှာပါ။ စိတ်မကောင်းစွာ နဲ့ လက်ခံပေးရမှာပါ။ အခု
ခေတ်မှာ ကိုယ်မမွေးနိုင် ၊ မကျွေးနိုင်ရင် ကလေးမယူကြတာ ကောင်းပါတယ်” လို့ ပြောရင်းလက်ခံပေးခဲ့တာဖြစ်ပါတယ် ပရိသတ်ကြီးရေခိုင်နှင်းဝေကတော့ လက်ရှိဂေဟာမှာ ကလေး ၃၀ ကျော်ရှိနေပြီး တောင်ဒဂုံမှာတိုးချဲ့နေဆဲ
ကာ လဖြစ်ပေမယ့် ကလေးငယ်ကို သနားစိတ်ဝင်ခဲ့မိတာကြောင့် လက်ခံပေးဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါသေးတယ် ပရိသတ်ကြီးရေခိုင်နှင်းဝေရဲ့ သာဓု ခေါ်ဖွယ်ရာ လေးစားဖွယ်ကုသိုလ်တစ်ခုဖြစ်တာကြောင့် ပရိသတ်ကြီးသာဓုခေါ်
နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်နော်။
Credit
Zawgyi Version
Add a Comment
Your email address will not be published. Required fields are marked *