ဖြူဖြူထွေးက ဝါရင့်သရုပ်ဆောင်တွေကို လှေကားထစ်လို အသုံးချနေတာလို့ ဒဲ့ပြောလိုက်တဲ့ သရုပ်ဆောင် မင်းခန့်ကျော်(ရုပ်သံ)

Sharing is caring!

  • အောက်တွင် ဗီဒီယိုဖိုင် ထည့်ထားပါသည်။

ဝါရင့် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ မင်းသား မင်းခန့်ကျော်ကတော့ ဖြူဖြူထွေးဟာ ဝါရင့်သရုပ်ဆောင်တွေကို သူခေါ်ရိုက်ပေးနေတာပါဆိုတဲ့ ပုံစံမျိုး ပြောဆိုတာကို မကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်။

အထူးသဖြင့် အနုပညာလောကမှာ နေရာတစ်ခုရအောင် မနည်းကြိုးပမ်းရတာဖြစ်ပြီးတော့ အနုပညာလောကထဲကို ခုံဖိနပ်စုတ်နဲ့ နောက်ဖေးပေါက်က ဝင်ခဲ့တာ မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။

အခု လက်ရှိမှာ ဖြူဖြူထွေးဟာ အရမ်းကိုအောင်မြင်တဲ့ ကြေငြာသရုပ်ဆောင်ဖြစ်ပြီးတော့ ကိုဗစ်ကာလမှာ ကြပ်တည်းနေတဲ့ ဇာတ်ပို့ ဇတ်ရံတွေကိုလည်း သူမနဲ့အတူ ပါဝင်ရိုက်ကူးပြီး စားဝတ်နေရေးပြေလည်အောင် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

သူခေါ်ရိုက်မှ ဒီလူတွေ အဆင်ပြေတယ် ၊ ဒီလူတွေကို သူက အလုပ်ပေးနေတာပါ ဆိုတဲ့ အင်တာဗျူးအဖြေတွေကိုတော့ သူ့အနေနဲ့ မနှစ်သက်ဘူးလို့ မင်းခန့်ကျော်က ဆိုပါတယ်။ တကယ်ဆိုရင် သူခေါ်ရိုက်သူတွေ အားလုံးက အနုပညာလောကမှာ နာမည်ရှိပြီးသား သူတွေသာ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ဟာ သူခေါ်ရိုက်လို့ အဆင်ပြေတာဆိုတာထက် သူ့ကို ဝိုင်းဝန်းပံ့ပိုးပေးနေကြတဲ့ အနုပညာရှင်တွေဖြစ်တယ်ဆိုတာကိုလည်း မင်းခန့်ကျော်က ပြတ်ပြတ်သားသား ထောက်ပြလိုက်ပါတယ်။

မင်းခန့်ကျော်ရဲ့ ပြောဆို ဝေဖန်မှု အားလုံးကိုတော့ သူ့ရဲ့ ရုပ်သံဖိုင်မှာ နားဆင်ကြည့်နိုင်ပါတယ်နော်။

  • ဗီဒီယိုဖိုင် ကြည့်ရန် နှိပ်ပါ

Add a Comment

Your email address will not be published. Required fields are marked *