သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နေပြီ အထူးသတိပြု

Sharing is caring!

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

ဩဂုတ် (၂၃)ရက် မနက်(၁၁)နာရီခွဲအချိန် တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာ ရဲ့ အထက် (၇၉၁)စင်တီမီတာ

ရောက်ရှိနေပြီလို့ ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ မြစ်ကမ်းဘေးနဲ့နီးတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင် ရောက်နေပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ကလည်း မြစ်

ချောင်းဘေး နေထိုင်သူတွေနဲ့ အနိမ့်ပိုင်း နေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။ ဒါ့အပြင် ရေဘေးကြိုတင် ကာကွယ် ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတယ်လို့သိရပါတယ်။

သတင်း/ဓာတ်ပုံ- စောရှားကချောင့်

Zawgyi Version

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕မွာ သံလြင္ျမစ္ေရဟာ စိုးရိမ္ေရမွတ္ကိုေက်ာ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။

ဩဂုတ္ (၂၃)ရက္ မနက္(၁၁)နာရီခြဲအခ်ိန္ တိုင္းတာခ်က္အရ စိုးရိမ္ေရအမွတ္ (၇၅၀)စင္တီမီတာ ရဲ႕ အထက္ (၇၉၁)စင္တီမီတာ

ေရာက္ရွိေနၿပီလို႔ ျပည္နယ္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။ လက္ရွိမွာေတာ့ ျမစ္ကမ္းေဘးနဲ႔နီးတဲ့ အနိမ့္ပိုင္းရပ္ကြက္ေတြကို ေရဝင္ ေရာက္ေနပါတယ္။ ကရင္ျပည္နယ္အစိုးရအဖြဲ႕ကလည္း ျမစ္

ေခ်ာင္းေဘး ေနထိုင္သူေတြနဲ႔ အနိမ့္ပိုင္း ေနထိုင္သူေတြ သတိျပဳေနထိုင္ၾကဖို႔ သတိေပးႏႈိးေဆာ္ထားပါတယ္။ ဒါ့အျပင္ ေရေဘးႀကိဳတင္ ကာကြယ္ ေရးလုပ္ငန္းေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔သိရပါတယ္။

သတင္း/ဓာတ္ပုံ- ေစာရွားကေခ်ာင့္

Add a Comment

Your email address will not be published. Required fields are marked *