ဖြူဖြူထွေး ရဲ့ လုပ်ရပ်တစ်ခုကြောင့် ဝေဖန်ရတဲ့အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် မင်းခန့်ကျော်
Sharing is caring!
ပရိသတ်ကြီးရေ ဖြူဖြူထွေး ကတော့ အားလုံး သိကြတဲ့အတိုင်း ပရိသတ်တွေပါမက အနုပညာရှင်တွေရဲ့ ချစ်ခင်လေးစားမှုကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ယခုလို ကိုဗစ်ကာ လမှာလည်း နောက်လိုက် အနုပညာရှင်များ
ကို ခေါ်ယူပြီး ကြော်ငြာရိုက်ကူးရေးတွေလည်း ပြုလုပ်နေပါတယ်။ အလှူအတန်းမှာလည်း ရက်ရက်ရောရောနဲ့ ပါဝင်ကူညီနေတယ်ဆိုတာလည်း ပရိသတ်ကြီးအားလုံး သိရှိလောက်မှာပါ။သရုပ်ဆောင်မင်းခန့်ကျော်ကတော့ ဗီဒီယိုဇာတ်
ကားတွေကို ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တစ်ဦးပါ ဖြူဖြူထွေးက သူမကို လာရောက်အပ်နှံတဲ့ ကြော်ငြာတွေကို သူမကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်သရုပ်ဆောင် ရိုက်ကူးတာပဲဖြစ်ပါတယ်။ဒီလိုရိုက်ကူးရာမှာ ဇာ
တ်ပို့သရုပ်ဆောင်တွေကို ခေါ်ယူအသုံးပြုတာနဲ့ပတ်သတ်ပြီး မင်းခန့်ကျော်ကပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ဇာတ်ပို့သရုပ်ဆောင်တွေနဲ့ ကြော်ငြာရိုက်ပြီး အနုပညာကြေး ထောက်ပံ့ကာ အစည် းရုံးကတ်နဲ့ အွန်လိုင်းပေါ် တင်တာကို မနှစ်
သက်လို့ ဝေဖန်ခဲ့တာဖြစ်တယ်လို့ ဖြစ်တယ်လို့ မင်းခန့်ကျော်က ဖွင့်ဟလာခဲ့တာပါ။မင်းခန့်ကျော်က ” အစည်းအရုံးအဖွဲ့ဝင်ကဒ်ပြားကြီးကို ဘာကိစ္စ သူ့ Facebook Account မှာတင်ရတာလဲ?? ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံ
းကလူတွေအားလုံးက ဒီလိုဖြစ်နေကြတာလားပေါ့။သူ့ရဲ့ပုံ သူနဲ့ဓာတ်ပုံတွဲရိုက်တာ ကျွန်တော်အဲ့ဒီအထိ နားလည်တယ် ဒီအစည်းအရုံးကဒ်ကြီးဆိုတာကို ချမပြသင့်ဘူး။ကျွန်တေ်ာတို့ရုပ်ရှင်အစည်း အရုံးဆိုတာကို လူတွေက အကုန်ဆဲဆို
နေကြတာပေါ့ အရှေ့မှာလည်း အများကြီးဖြစ်ပျက်ခဲ့တာဆိုတော့လေ ကျွန်တော်တို့ ရုပ်ရှင်လောကကလူတွေအကုန်လုံးကပဲဒီလို ဖြစ်နေတယ်ဆိုတာမျိုးကြီးဖြစ်နေတဲ့အတွက် အဲ့ဒါကို ဝေဖန်ခဲ့တာပါ။ကျွန်တော်စိတ်မကောင်းဘူး ” လို့
ဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ မင်းခန့်ကျော်က ဖြူဖြူထွေးကို သူဝေဖန်ရတဲ့ အကြောင်းအရင်းကို ဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်နော်။လူမှုကွန်ယက်မှာ အငြင်းပွားမှုတွေဖြစ်နေကြတာကြောင့်တင်ဆက်ပေးလိုက်ရပါတယ်။
Shwe Yaung Myanmar
Zawgyi Version
Shwe Yaung Myanmar
Add a Comment
Your email address will not be published. Required fields are marked *