အပြင်ထွက်ရင် နှာခေါင်းစီးမတပ်သူများကို စတင်အရေးယူနေပါပြီ
|ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ပါးစပ်နဲ့ နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ နေအိမ်ပြင်ပမှာ သွားလာနေသူ ၄၄ဦးကို ဩ ဂုတ်လ ၂၅ရက်နေ့က ဒဏ်ရိုက်အရေးယူခြင်းများ ပြုလုပ်ခဲ့တယ်လို့ မြို့နယ်ပြန်/ဆက်ရဲ့ သတင် း
များအရ သိရပါတယ်။မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများပူးပေါင်းစစ်ဆေးရေးအဖွဲ့ က ပါးစပ်နှာခေါင်းစည်း(mask)မတပ်ဆင်ဘဲ သွားလာနေသူများအား ဒဏ်ရိုက်ခြင်းကို ဩဂုတ်
လ ၂၅ရက်နေ့မှစတင်ပြီး ဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က မြို့တွင်းနေရာများအတွင်း အဖွဲ့(၂)ဖွဲ့ဖြင့် ဆောင်ရွက်
လျက်ရှိခဲ့ရာ ပါးစပ်နဲ့ နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ လိုက်နာမှု မရှိသူ (၄၄)ဦးကို စစ်ဆေးတွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ထိုသူများအား ဒဏ်ငွေတစ်သောင်းပေးဆောင်စေကာ အပြင်သို့ ထွက်တိုင်း နှာခေါင်းစည်း Mask တပ်
ဆင်ပြီးမှ နေအိမ် ပြင်ပသို့ ထွက်ကြရန် အသိပညာပေးပြောကြားခဲ့ကာ maskတပ်ဆင်မှုမရှိကြောင်း ထပ်မံတွေ့ရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ယခုအချိန်
မှာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်နေပြည်သူများအား နေအိမ်ပြင်ပသို့ သွားရောက်မည်ဆိုပါက mask များ တပ်ဆင်ရန်နဲ့ မတပ်ဆင်ဘဲ သွားလာမှုများရှိပါက အရေးယူမှာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုထားတာလည်း
ဖြစ်ပါတယ်။
TMA
Credit – MyanmaPlatform