သရုပ်ဆောင် စမိုင်းလ်ကို မျက်ရည်ကျစေခဲ့တဲ့ ကလေးနဲ့ မိခင်ပုံလေး

Sharing is caring!

တရုတ်နိုင်ငံကနေစတင်ပြီး တစ်ကမ္ဘာလုံး ကူးစက်ပျံ့ပွားခဲ့ရတဲ့ Covid – 19 ရောဂါပိုးကြီးက အခုချိန်ထိ မထိန်းချုပ်နိုင်သေးပါဘူး။ မြန်မာနိုင်ငံအတွင်းမှာလည်း Covid – 19 ဒုတိယလှိုင်း ပြန်လည်စတင်နေပြီဖြစ်ပြီး ရခိုင်ပြည်

နယ် အတွင်းက မြို့ကြီးတော်တော်များများမှာ တော်တော်လေး ကူးစက်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့သြဂုတ်လ (၂၆) ရက်နေ့ရဲ့ ကူးစက်ခံရသူအယောက် (၇၀) ထဲမှာ ရခိုင်ပြည်နယ်က (၂) လသား အရွယ် ကလေးငယ်တစ်ယေ

ာက်လည်း ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ထိုကလေးငယ်လေးအတွက် ပြည်သူတွေက စိတ်မကောင်းဖြစ်ကြသလို ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် စမိုင်းလ်ကလည်း Covid – 19 ရောဂါကူးစက်ခံရတဲ့ (၂)လသားအရွယ်ကလေးရဲ့ မိခင်

ကိုကြည့်ပြီး မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရတဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ စမိုင်းလ်က “မြင်လိုက်တာနဲ့မျက်ရည်မဆယ်နိုင်တဲ့ပုံလေး 😭😭 အမေတစ်ယောက်အနေနဲ့ ရင်ထဲဘယ်လောက်ခံစားနေရမလဲဆိုတာမိဘ

ချင်းကိုယ်ချင်းစာပါတယ်။ ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံးသက်သာပျောက်ကင်းကြပါစေ🙏🏼” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။စမိုင်းလ်ကတော့ သူမကိုယ်တိုင်လည်း ကလေးအမေတစ်ယောက်ဖြစ်လို့ မိခင်

ချင်း ကိုယ်ချင်းစာစိတ်အပြည့်နဲ့ စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အစစအရာရာ သတိရှိကြဖို့ တိုက်တွန်းပါရစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့

လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: စမိုင်းလ် Smile’s fb
Photo Credit
Bilie – Cele Connections

Zawgyi Version








Photo Credit

Add a Comment

Your email address will not be published. Required fields are marked *