ပိုးတွေ့တဲ့ သဘောၤသားက ရန်ကုန်အနှံ့ သွားလာခဲ့ဟု သိရ (သတိထားကြပါ)

Sharing is caring!

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မာဃ ၆ လမ်းတွင် နေထိုင်သော သင်္ဘောသားတစ်ဦးသည် သင်္ဘောတက်ရန် အပြင်ဆေးခန်းတွင် ဆေးစစ်ရင်း ကိုဗစ်ရောဂါ စိစစ် တွေ့ရှိရကာ မည်သို့ ကူးစက်ခံရသည်ကိုတော့ မသိရှိရသေးကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောလိုက်ပါတယ် …။အဆိုပါ ကိုဗစ်ရောဂါ စိစစ်တွေ့ရှိရသည့် သင်္ဘောသားကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင်

ထားပြီး သူနှင့်ထိတွေ့ခဲ့သူများကို လိုက်လံရှာဖွေလျက်ရှိကြောင်းနှင့် လတ်တလော အထက ၃ မှကျောင်းသားတစ်ဦးကို မေးမြန်းလျက်ရှိကြောင်း၊ အဆိုပါ ကိုဗစ်လူနာ သင်္ဘောသားသည် ရန်ကုန် နေရာအနှံ့ သွားလာထားသည်ဟု သိရှိရတယ်လို့ ဦးမိုးမြင့်က ဆိုပါတယ် …။“ဒါကတော့ မနေ့က တိုင်းကျန်းမာရေးကနေပြီးတော့ အပြင်သင်္ဘောသားပဲ…ပြန်ရောက်တာ ၂ နှစ်လောက်တော့ရှိနေပြီ။ ရန်ကုန်ကို ပြန်ရောက်လာတာ…ဒီနေ့ သင်္ဘောထွက်ရမှာပေါ့။ မနေ့

က ဆေးစစ်ချက်ရတော့ ကြည့်တော့ ဆေးစစ်ချက်မှာ Positive ဖြစ်နေတယ်ဆိုပြီးတော့ တိုင်းကျန်းမာကို အကြောင်းကြားတယ်…တိုင်းကျန်းမာကနေ မြို့နယ်ကို အကြောင်းကြားတော့ မြို့နယ်ကနေ ညဘက်ကြီး သွားခေါ်ရတာ…ည ၁၂ ခွဲ ၊ ၁ ချက်ပေါ့…မနေ့ညက တွေ့တာပါ…အပြင်ဆေးခန်းမှာ တွေ့တာ။အခု သူနဲ့ Close Contact တွေ ရှာနေပြီ။ အခုတောင်မှ တစ်ယောက်သွားတွေ့နေတယ်…သူ့အိမ်လာတဲ့ ထ- ၃ ကျောင်းသားတစ်ယောက်ကို အခု ကျနော်

တို့ ရုံးခန်းမှာ မေးနေပါတယ်…အုပ်ချုပ်ရေးမှူးရုံးခန်းမှာ…သူ့အိမ်ကိုလာသူပေါ့…သူနဲ့ပတ်သက်တဲ့ အချိတ်အဆက်တွေ ဘယ်လို အခြေအနေလဲဆိုတာ မေးမြန်းနေတာပါ” လို့ ဦးမိုးမြင့်က ရှင်းပြပါတယ် ။အဆိုပါ သင်္ဘောသားသည် ကိုဗစ်မဖြစ်ခင်ကာလကတည်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ် ။“သူကတော့ ၂ နှစ်ကျော်နေပြီ ပြန်ရောက်တာကဆိုတော့ သူသွားတာတွေက ရန်ကုန်တွင်းရော ဘာရော နှံ့နေပြီ…ကိုဗစ်မဖြစ်

ခင်က ၂ နှစ်ကျော်က တည်းက ရောက်နေတာကိုး…အခုအချိန်အထိ ဘယ်လို ကူးစက်လဲဆိုတာ မသိရသေးဘူး…အခုက မေးတုန်းမြန်းတုန်းပဲရှိသေးတယ်…ဝေဘာဂီကို ပို့လိုက်ပါပြီ”ဟု ဦးမိုးမြင့်က ရှင်းလင်း ပြောဆိုပါတယ် ။
လက်ရှိ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၅၇၄) ဦး ရှိနေပြီပဲ ဖြစ်ပါတယ် ။

Zawgyi Version

ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ မာဃ ၆ လမ္းတြင္ ေနထိုင္ေသာ သေဘၤာသားတစ္ဦးသည္ သေဘၤာတက္ရန္ အျပင္ေဆးခန္းတြင္ ေဆးစစ္ရင္း ကိုဗစ္ေရာဂါ စိစစ္ ေတြ႕ရွိရကာ မည္သို႔ ကူးစက္ခံရသည္ကိုေတာ့ မသိရွိရေသးေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္မွ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမိုးျမင့္က ေျပာလိုက္ပါတယ္ …။အဆိုပါ ကိုဗစ္ေရာဂါ စိစစ္ေတြ႕ရွိရသည့္ သေဘၤာသားကို ေဝဘာဂီေဆး႐ုံသို႔ ပို႔ေဆာင္

ထားၿပီး သူႏွင့္ထိေတြ႕ခဲ့သူမ်ားကို လိုက္လံရွာေဖြလ်က္ရွိေၾကာင္းႏွင့္ လတ္တေလာ အထက ၃ မွေက်ာင္းသားတစ္ဦးကို ေမးျမန္းလ်က္ရွိေၾကာင္း၊ အဆိုပါ ကိုဗစ္လူနာ သေဘၤာသားသည္ ရန္ကုန္ ေနရာအႏွံ႔ သြားလာထားသည္ဟု သိရွိရတယ္လို႔ ဦးမိုးျမင့္က ဆိုပါတယ္ …။“ဒါကေတာ့ မေန႔က တိုင္းက်န္းမာေရးကေနၿပီးေတာ့ အျပင္သေဘၤာသားပဲ…ျပန္ေရာက္တာ ၂ ႏွစ္ေလာက္ေတာ့ရွိေနၿပီ။ ရန္ကုန္ကို ျပန္ေရာက္လာတာ…ဒီေန႔ သေဘၤာထြက္ရမွာေပါ့။ မေန႔

က ေဆးစစ္ခ်က္ရေတာ့ ၾကည့္ေတာ့ ေဆးစစ္ခ်က္မွာ Positive ျဖစ္ေနတယ္ဆိုၿပီးေတာ့ တိုင္းက်န္းမာကို အေၾကာင္းၾကားတယ္…တိုင္းက်န္းမာကေန ၿမိဳ႕နယ္ကို အေၾကာင္းၾကားေတာ့ ၿမိဳ႕နယ္ကေန ညဘက္ႀကီး သြားေခၚရတာ…ည ၁၂ ခြဲ ၊ ၁ ခ်က္ေပါ့…မေန႔ညက ေတြ႕တာပါ…အျပင္ေဆးခန္းမွာ ေတြ႕တာ။အခု သူနဲ႔ Close Contact ေတြ ရွာေနၿပီ။ အခုေတာင္မွ တစ္ေယာက္သြားေတြ႕ေနတယ္…သူ႔အိမ္လာတဲ့ ထ- ၃ ေက်ာင္းသားတစ္ေယာက္ကို အခု က်ေနာ္

တို႔ ႐ုံးခန္းမွာ ေမးေနပါတယ္…အုပ္ခ်ဳပ္ေရးမႉး႐ုံးခန္းမွာ…သူ႔အိမ္ကိုလာသူေပါ့…သူနဲ႔ပတ္သက္တဲ့ အခ်ိတ္အဆက္ေတြ ဘယ္လို အေျခအေနလဲဆိုတာ ေမးျမန္းေနတာပါ” လို႔ ဦးမိုးျမင့္က ရွင္းျပပါတယ္ ။အဆိုပါ သေဘၤာသားသည္ ကိုဗစ္မျဖစ္ခင္ကာလကတည္းက ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိခဲ့ျခင္းျဖစ္တယ္လို႔လည္း သိရပါတယ္ ။“သူကေတာ့ ၂ ႏွစ္ေက်ာ္ေနၿပီ ျပန္ေရာက္တာကဆိုေတာ့ သူသြားတာေတြက ရန္ကုန္တြင္းေရာ ဘာေရာ ႏွံ႔ေနၿပီ…ကိုဗစ္မျဖစ္

ခင္က ၂ ႏွစ္ေက်ာ္က တည္းက ေရာက္ေနတာကိုး…အခုအခ်ိန္အထိ ဘယ္လို ကူးစက္လဲဆိုတာ မသိရေသးဘူး…အခုက ေမးတုန္းျမန္းတုန္းပဲရွိေသးတယ္…ေဝဘာဂီကို ပို႔လိုက္ပါၿပီ”ဟု ဦးမိုးျမင့္က ရွင္းလင္း ေျပာဆိုပါတယ္ ။
လက္ရွိ အခ်ိန္အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၅၇၄) ဦး ရွိေနၿပီပဲ ျဖစ္ပါတယ္ ။

Add a Comment

Your email address will not be published.