ခရမ်းချဉ်သီး စိုက်သူတို့ရဲ့ မျက်ရည်တွေ
|ပရိသတ်တို့ရေ အခုချိန်ကာလမှာ ကပ်ရောဂါကြောင့် နိုင်ငံတိုင်းလိုလိုမှာ စီးပွားရေးတွေ ကျဆင်းနေသလို ကုန်သွယ်မှုတွေလည်း ရပ်တန့်နေကြပါတယ်နော်။
ဒါကြောင့် အခုလို ကုန်သွယ်မှု ရပ်တန့်ချိန်မှာတော့ အသီးအနှံတောင်သူတွေအတွက် ဒုက္ခရောက်ရပါတယ်။
ရှမ်းပြည်က ခရမ်းချဉ်တောင်သူတွေ ကျတဲ့ မျက်ရည် (ဒါမျိုးတွေ တွေ့ရမြင်ရတာ အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်။)
ရှမ်းပြည်နယ်တွင် ခရမ်းချဉ်သီးများ ဈေးနှုန်းမရှိတော့တာကြောင့် တစ်ခြံလုံးမှည့်နေတဲ့ ခရမ်းချဉ်သီးများကို ဒီအတိုင်းပစ်ထားနေရပြီး လိုချင်သူများရှိပါက လာရောက်ခူးယူနိုင်ကြောင်း သိရှိရပါတယ်။ရှမ်းတောင်တခွင် ခရမ်းချဉ်ပင် လိုချင်လာခူးကြ။
ခရမ်းချဉ်သီးထွက်ချိန်ဖြစ်ပြီး ဈေးတွေအလွန်အမင်းကျဆင်းနေလို့မခူးတဲ့ခြံတွေလည်း အမြောက်အမြား ရှိနေသလို တချို့ခြံတွေလည်း ခူးပြီး ဒီအတိုင်းပုံထားတာကို ညောင်ရွှေမြို့နယ်ထဲက ရှီးနယ် ကျေးရွာမှာ မြင်တွေ့ကြရတာပါ
ခူးပြီးပုံရတာကလည်း ရောင်းဖို့သွင်းဖို့မဟုတ်ပဲ အဲမြေနေရာမှာ တခြားအပင်စိုက်ဖို့ ရှင်းလင်းရေးလုပ်ရတာလို့ဆိုပါတယ်သူတို့အတွက် စိတ်မကောင်းစရာပါပဲနော်။
Credit
Credit