ကိုဗစ် လူနာတွေ ကို ကုသရင်း သူပါ ကူးစက် ခံလိုက်ရတဲ့ ဆရာဝန်မလေး ငြိမ်းသီရိထိုက်
|မနေ့က သြဂုတ် (၂၅) ရက်ည ပိုးတွေ့လူနာအယောက် (၃၀)ထဲမှာ စစ်တွေ ပြည်သူ့ဆေးရုံက အမျိုးသမီးဆရာဝန်တစ်ဦးလည်း ပါဝင်တယ်လို့ စစ်တွေဆေးရုံ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားပါတယ်။ အဲ့ဒီဆရာဝန်ကို စစ်
တွေပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာကနေ ဆေးကုသပေးဖို့ လာရောက်ခေါ်ဆောင်သွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ (၅၀၄) ဦးရှိပြီး ပြန်လည်သက်သာလာသူ (၃၄၁)ဦး ရှိပါတယ်။ဆရာဝန်မလေးနဲ့
ပတ်သက်ပြီး နယ်ပယ်အသီးသီးက ဆုတောင်းစကားများကို တစုတစည်းထဲ ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ။ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာရဲမြင့်ကျော် ကတေ့ာ လူမှုကွန်ယက်မှာ ဒီလိုရေးသား ထားပါတယ်။“မျက်ရည် လည်မိတဲ့ ပုံကလေး ပါ။ ဘယ်
သူက ကိုယ့်သားသမီးကို ဒီလို အချိန် Frontline မှာ မြင်ချင်မလဲနော်။ သူတို့လေးတွေ ကာမပေးရင် တနိုင်ငံလုံး ဗုံးကွဲသလို ဖြစ်မှာ စိုးလို့ အကူးစက်ခံ ကာပေးနေကြရရှာတာ။ ကူညီနိုင်သလောက် ကူညီပါ။ ကျန်းမာရေးကို ထပ်ဝန်မပိပါစေနဲ့။ နှုတ်နဲ့ စာနဲ့ နှော
က်ယှက်နေသူတွေ အတွက်တော့ ပြောစရာ စကားလုံး မရှိပါဘူး။” (ဆေးတက္ကသိုလ် ၁ ရန်ကုန်ထွက် ကျွန်တော့် Ward မှာ အလုပ်သင်ဆင်းသွားတဲ့ ဆရာဝန်မလေးပါ။)ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ ဆရာဝန် မလေး ငြိမ်းသီရိထိုက် ရဲ့ ဖခင် ကိုယ်တိုင်ရေးတဲ့စာ
ကျွန်တော်တို့ ခေတ်ရဲ့ တာဝန်ကျေပွန်သူတဦး။ ဒေါက်တာငြိမ်းသီရိထိုက် (စစ်တွေ)ပြည်သူ့ဆေးရုံကြီး၊ Positive (+) ယနေ့(သူ့မရဲ့ခံယူချက်က ရှင်းတယ်။ False negative ဖြစ်မှာကိုအရမ်းကြောက်ပါတယ်။Carry ဖြစ်မှာစိုးလို့ပါတဲ့။ကုသု ရယ် လူနာရယ်။
စိတ်ရင်းစေတနာနဲ့ မေတ္တာထားလုပ်ဆောင်မှူတွေအတွက် သီးလေး မေတ္တာရောင်ပြန်ဟတ်ပါစေ။ သမီးရဲ့ အဖေဖြစ်ရတဲ့အတွက်လဲ ဂုဏ်ယူမိပါတယ်။မြောက်ဥက္ကလာဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန္တာဖြူ ရေးတဲ့ စာမြင်ကြည့်လေ ကိုယ့်သား၊သမီးဆို ဘယ်
ရင်နဲ့ခံစားကြမလဲ ကားပေါ်တက်သွားကြရမယ့် ကျန်းမာရေးဝန်ထမ်းတွေ ဘယ် အထိများလာအုံးမလဲချစ်စရာ ညီမလေးရေ Nyein Thiri ရေ တာဝန်ကျေတာထက် ပိုပါတယ်နော်။ ငါ့ညီမလေး နဲ့အတူ Positive ထွက်ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းများအားလုံး
ကောင်းမွန်စွာ ကျော်လွှားနိုင်မှာပါ။ အမြန်ဆုံး ကျန်းမာပါစေနော်။ ကိုယ်ထားခဲ့တဲ့ စေတနာတွေရောင်ပြန်ဟပ်လို့ ဤခန္ဓာတွေဝေဒနာဝေးပါစေ။Postive ပါတဲ့ အခုဘဲလာခေါ်သွားပါပြီ ဂုဏ်ယူပါတယ် စိတ်ကိုလုံးဝမလျှော့လိုက်ပါနဲ့ လူနာတွေကို အမြဲဂရုစိုက်တဲ့ဆရာ
ဝန်မလေး အခုကိုယ့်ကိုကိုယ် အထူးဂရုစိုက်ပါ။ စစ်တွေဆေးရုံကြီးကဆရာဝန်ပါ။
Credit – Ori