ကိုဗစ်ကို ပေါ့ပျက်ပျက်ရောဂါထင်နေသူတွေကို ဒေါက်တာခင်ခင်ကြီး သတိပေး

Sharing is caring!

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်က ရောဂါပိုးတွေ့လူနာ ၁၈၈ ရှိပါပြီ စစ်တွေမှာ ရောဂါဖြစ်ပွားတဲ့မြို့နယ် ၁၁ ခုရှိသွားပါပြီ အားလုံးထဲမှာစစ်တွေက အများဆုံးပါ ၁၁၈ ရှိပြီး ၆၃ % ရှိနေပါတယ် ဖြစ်ပွားတဲ့သူ အသက်အရွယ်ဟာ ၁၅-၃၀ မှာ အများဆုံးပါ ၄၈ % ရှိပါတ

ယ်။ အမျိုးသမီးတွေ ပိုဖြစ်ပွားတာ တွေ့ရပြီး ၅၄ % ရှိပါတယ် ရောဂါလက္ခဏာ မရှိပဲ ရောဂါပိုးတွေ့ရှိရသူ ၇၉ % ရှိနေတဲ့အတွက် ၅ ယောက်မှာ ၄ ယောက် ဖြစ်ပါတယ်ဒါ့ကြောင့် လူတွေထဲမှာ ဘယ်သူက ပိုးရှိနိုင်လဲ မသိနိုင်တဲ့အတွက် အထူးအရေးကြီးပါတယ်။

ရောဂါလက္ခဏာအနေနဲ့ ဖျားတာနဲ့ အနံ့အရသာ မရတာကိုအများဆုံးတွေ့ရပါတယ် ရခိုက်မှာဖြစ်ပွားနေတဲ့ပိုးဟာ ဗီဇပြောင်းပိုး ဟုတ်မဟုတ် ဆေးသုတေသနဦးစီးဌာနမှာ စစ်ဆေးနေပါပြီ နောက်ရက်များမကြာမီ အဖြေသိရဖို့ရှိပါတယ်။ဗီဇပြောင်းပိုးဖြစ်ဖြစ် မူလပထမလ

က်ဟောင်းစစ်စစ် ဝူဟန်ကပိုးပဲဖြစ်ဖြစ် ကူးစက်တတ်တဲ့ ပုံစံဟာ အတူတူပါပဲ ပိုးသစ်ကတော့ ပိုကူးစက်မြန်ပါတယ်။ လက်ရှိအချိန်အထိ ရခိုင်မှာ ပြင်းထန်တဲ့ လက္ခဏာခံစားနေရသူ မရှိနေပါဘူးမြန်မာနိုင်ငံမှာလဲ နောက်ဆုံး ၆ ယောက်မြောက် သေဆုံးတာကလ

ည် း ၂၄-၄-၂၀၂၀ မှာဖြစ်လို့ သေဆုံးမှုမရှိတာ ၄ လကျော်ပါပြီ ပြင်းပြင်းထန်ထန် ဖြစ်ပွားသူ မရှိတာနဲ့ ဒီပိုးကို လျှော့တွက်လို့ မဖြစ်ပါဘူး လျှော့တွက်လို့မရတဲ့ထဲ ကိုဗစ်ပါပါတယ် ဒီတော့ကာ လုပ်သင့်လုပ်ထိုက်တာတွေ သေချာသာဆောင်ရွက်မယ်ဆိုရင် အကြာ

ကြီး မစောင့်ရပါဘူး နောက်နှစ်ပတ်မှာ အဖြေပေါ်နိုင်မှာပါအိမ်မှာသာနေပါMask တ်ပါ လက်ဆေးပါ လူအုပ်စုရှောင်ပါ တစ်ယောက်နဲ့တစ်ယောက် ၆ ပေခွာနေပါ ဖျား ချောင်းဆိုး အနံ့အရသာမရရင် သက်ဆိုင်ရာ ဖျားနာကုသနေရာတွင် ပြပါQ ကို ရှောင်မပြေးပါနဲ့

ကြည်ကြည်ဖြူဖြူပူးပေါင်းပါ ပြည်သူလူထုကလည်း Q ဝင်တဲ့သူကို အပြစ်တင်တာ အထူးအဆန်းလုပ်ကြည့်တာ ခွဲခြားဆက်ဆံတာ ဓာတ်ပုံတွေ လိုက်ရိုက်တာ မလုပ်ကြပါနဲ့နော် မိမိဆိုရင်ကောကြိုက်မလား ကိုယ်ချင်းစားပါ Q ဝင်မဲ့သူတွေကိုလည်း မေတ္တာရပ်ခံလို

တာက လိုအပ်လို့ Q ဝင်ဖို့ ပြောရခြင်းဖြစ်ပါတယ်။မိမိမှာသာ မသိလိုက်ပဲ ရောဂါပိုးရှိနေရင် မိသားစုကို ဒုက္ခတောထဲ ပို့သူတရားခံဖြစ်နိုက်တာမို့ မိမိဘဝ တသက်တာထဲက ၃ ပတ်အချိန်လေး ပေးကြပါ စိတ်ရှည်ပါ Q ဝင်တာနဲ့ပတ်သက်လို့ သိချင်ရင် ၂၀၁၉ ကို

ဆက်ပါ။ကျန်းမာရေးကထုတ်ပြန်ထားချက်များကိုလိုက်နာပါ။ ဒါမှသာ ကိုဗစ်ကြောင့် ရောဂါကူးစက်ဖြစ်ပွားခြင်း သေဆုံးခြင်းမှ ရှောင်လွှဲနိုင်မည်ဖြစ်ပါတယ်ဒီနေရာမှာ ကြုံတုန်းတစ်ခုမေတ္တာရပ်ခံလိုတာက ကိုဗစ်ဟာ ကူးစက်တာသာမြန်တာပါ ရောဂါအပြင်းစားကြီးကြီး

မဖြစ်လို့ ကြောက်စရာမလိုပါဆိုပြီး ပြည်သူလူထုကို အမှန်ကို အမှားကြားညှပ်ပြီး ရောဂါထိန်းချုပ်ကုသရေးမှာ မှားယွင်းတဲ့အသိ ယုံကြည်ချက်ဖြစ်အောင် လုပ်တဲ့ သူတွေကို အလွန်ပင်အံ့ဩမိပါတယ်လက်ရှိအချိန်အထိ ဗီဇပြောင်းပိုးဟာ ပြင်းအားများလာမှာလား လျော့

သွားမှာလားနဲ့ပတ်သက်ပြီး သေချာသိသာထင်ရှားတဲ့ သက်သေပြုချက်များ မရှိသေးပါ ရောဂါမကူးစက်အောင် ဂရုပြုနေထိုက်ဖို့အလွန်အရေးကြီးပါတယ် ကြောက်ရပါမယ် ကြောက်မှသာ မိမိကို မကူးစက်အောင် ပိုမိုသတိထား နေထိုင်မှာ ဖြစ်ပါတယ်ဥပမာ…မိမိမှာ ပိုး

တွေ့လူနာ ဖြစ်တယ်ဆိုကြပါစို့ သင်ဘယ်လောက်စိတ်ညစ်မလဲ စိတ်အားငယ်မယ် ဒေါသထွက်မယ် ကိုယ့်မှလာဖြစ်ရသလားပေါ့ ပြီးတော့ မိမိမိသားစုကို ကူးစက်မလား စိုးရိမ်မယ် တခြားသူတွေသာ ထပ်မံကူးစက်ခံရလျှင် မိမိကြောင့်ဆိုပြီး အပြစ်တင်ခံရမလားစိုးရိမ်

မိမယ် အလုပ်ပျက် အကိုင်ပျက်မယ် ဒီရောဂါသာ ကြောက်စရာမကောင်းရင် လူ ၈ သိန်းကျော် သေပါ့မလား စဉ်းစားပါ မိမိက ဘာသားနဲ့ထုထားတဲ့သူမို့လို့လဲ လူထဲကလူပဲလေပိုးတွေ့လူနာတစ်ယောက်တွေ့ပြီဆိုတာနဲ့ သူနဲ့ထိတွေ့ဆက်နွယ်နေတဲ့ ထိတွေ့သူ တွေ

လိုက်ရတာ အပြောလွယ်သလောက် မြေပြက်မှာ ခက်ခဲပါတယ် တချို့ဖုန်းဆက်တာ မကိုင်တာ ဖုန်းပိတ်ထားတာမျိုးလဲ ကြုံရပါတယ် တကယ့်ကို မလွယ်တဲ့အလုပ်တွေပါဟုတ်ပြီ ကုသပေးသူဘက်ကကြည့်ကြစို့ လူနာတွေ များလာရင် ဘယ်လောက်ထိ ဆရာဝန် ဆရ

ညမအင်အားတွေလိုမလဲ နေရာထိုင်ခင်းတွေ PPE စတဲ့အထောက်အကူပြုပစ္စည်းတွေ ဆေးဝါးတွေ အကယ်၍ နဂိုရောဂါအခံရှိသုဆို ၁+၁= ၃ ဖြစ်သွားနိုင်ပါတယ် နဂိုရှိရင်းစွဲရောဂါတွေပိုဆိုးမယ် ကိုဗစ်ချည်းသီးသန့်ဆိုရင်တောင် ပြန်ကောင်းလာရင် နှလုံးကောင်းစွ

ာ အလုပ်မလုပ်နိုင်တာမျိုး အဆုတ်ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက် အသက်ရှူမဝဖြစ်တာမျိုး ကစပြီး နောက်ဆက်တွဲအမွေအဖြစ်ရမဲ့ ရောဂါပေါင်းများစွာရှိပါတယ် ခြိမ်းခြောက်တယ်လို့ မထင်စေလိုပါ။သုတေသနပြုချက်များစွာရှိပါတယ် လက်ရှိအချိန်မှာလဲ

ရခိုင်မှာ ကိုဗစ်လူနာကို ပြုစုစောင့်ရှောက်ရင်းနဲ့ ပိုးကူးခံရသူ ကျန်းမာရေးဝန်ထမ်း မနည်းတော့ပါ ဆရာဝန် ၃ ယောက်ပါပါတယ် ဒီတော့ကာ ပေါ့သင့်သလား မပေါ့သင့်ဘူးလား ချင့်ချိန်နိုင်ပါတယ်နိုင်ငံတော်အစိုးရဘက်ကရော ရှိသမျှ အရင်းအမြစ်ထဲက ဒီရောဂါ

အတွက် ပုံအောမြှပ်နှံထားတာပါ ရှိလွန်းလို့မဟုတ်ပါ ဓာတ်ခွဲစမ်းသပ်မှုတစ်ခုတင် ၂ သိန်းခန့်ကုန်ကျစရိတ်ရှိတဲ့အချိန်မှာ လူနာတစ်ယောက်ကို ၁၃-၁၄ ကြိမ် ပိုးနှစ်ကြိမ် မတွေ့တဲ့ထိ ကုန်ကျစရိတ်တွက်ကြည့်ပါ ကြားထဲ ဆေးကုသစရိတ် ကျွေးမွေးစရိတ် သူတို့ကို

နေ့စဉ်ကြည့်လို့ ကုန်ကျတဲ့ PPE ဖိုးတွေ (ဒီနေရာမှာ ပိုက်ဆံရှိတိုင်း ဝယ်ဖို့မလွယ်ပါ သယ်ယူဖို့မလွယ်ပါလေ)Quarantine ပိုင်းကြည့်မလား ကျွေးမွေးစရိတ် ကတင်မနည်းမနောပါ အန္တရာယ်ကင်းပြီး အာဟာရပြည့်အောင် ကျွေးမွေးရတဲ့တာဝန် မသေးလှပါ ဒီ

ကြားထဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လို့ ကွကိုယ်သတ်သေတဲ့ကိစ္စရပ်တွေကလည်း ရှိနေတာ စိတ်မကောင်းစရာပါ။ ဒါ့ကြောင့်မို့ ပိုးတွေ့တာ မစိုးရိမ်ပါနဲ့ ဆိုတာ ပြောသင့်သလား မပြောသင့်သလား သိလောက်ပြီထင်ပါတယ်ဒါ့ကြောင့်မို့ မိမိရဲ့ ပေါ့ပျက်ပျက်စကားဟာ

အများပြီးထိခိုက်နိုင်တယ်ဆိုတာ သိစေချင်ပါတယ် တာဝန်ယုမှု တာဝန်ခံမှု အပြည့်ရှိရပါမယ် ခုချိန်မှာ အသက်တွေနဲ့ အရင်းအနှီးလုပ်ပြီး ကိုဗစ်နဲ့ သုနိုက်ကိုယ်နိုင်အပြိုင်ကျဲ တိုက်ပွဲဝင်နေရတဲ့အချိန်မှာ စကားဆိုတာ မမှားအောင် ဂရုစိုက်ရပါတယ် ရေရှည်ကို

ကြည့်ရပါတယ်ဒီအချိန်မှာ လူစွမ်းကောင်း စေတနာ့ဝန်ထမ်းတွေကလည်း အားပါးတရထွက်ပေါ်လာပါပြီ နှစ်ရက်အတွင်း ၁၈၆ ဦး စာရင်းပေးထားတာကို အားရစဖွယ်တွေ့ရမှာပါ တစ်ထောင့်တနေရာကနေ အစွမ်းပြလိုက်ပါ ပြည်သူအတွက် ကြိုးစားပေးပါကမ္ဘာကြီး

မှာ ခုစာရေးနေချိန် ၂၄.၃ သန်း ရောဂါကူးသပ်ခံနေရပြီး သေဆုံးသူ ၈ သိန်း ၃ သောင်းနီးပါး ရှိနေပြီမို့ တစက်ကလေးမှ မပေါ့ဆသင့်ပါကြောင်း မေတ္တာဖြင့် အသိပေး တိုက်တွန်းနှိုးဆော်လိုက်ရပါသည်ဆေးဝန်ထမ်းတွေကို စာနာသောအားဖြင့် စည်းကမ်းတွေ

လိုက်နာပြီး အတူပူးပေါင်းပါဝင်ပေးကြပါ။

Dr Khin Khin Gyi

Zawgyi Version

လက္ရွိအခ်ိန္မွာ ရခိုင္ျပည္နယ္က ေရာဂါပိုးေတြ႕လူနာ ၁၈၈ ရွိပါၿပီ စစ္ေတြမွာ ေရာဂါျဖစ္ပြားတဲ့ၿမိဳ႕နယ္ ၁၁ ခုရွိသြားပါၿပီ အားလုံးထဲမွာစစ္ေတြက အမ်ားဆုံးပါ ၁၁၈ ရွိၿပီး ၆၃ % ရွိေနပါတယ္ ျဖစ္ပြားတဲ့သူ အသက္အ႐ြယ္ဟာ ၁၅-၃၀ မွာ အမ်ားဆုံးပါ ၄၈ % ရွိပါတ

ယ္။ အမ်ိဳးသမီးေတြ ပိုျဖစ္ပြားတာ ေတြ႕ရၿပီး ၅၄ % ရွိပါတယ္ ေရာဂါလကၡဏာ မရွိပဲ ေရာဂါပိုးေတြ႕ရွိရသူ ၇၉ % ရွိေနတဲ့အတြက္ ၅ ေယာက္မွာ ၄ ေယာက္ ျဖစ္ပါတယ္ဒါ့ေၾကာင့္ လူေတြထဲမွာ ဘယ္သူက ပိုးရွိႏိုင္လဲ မသိႏိုင္တဲ့အတြက္ အထူးအေရးႀကီးပါတယ္။

ေရာဂါလကၡဏာအေနနဲ႔ ဖ်ားတာနဲ႔ အနံ႔အရသာ မရတာကိုအမ်ားဆုံးေတြ႕ရပါတယ္ ရခိုက္မွာျဖစ္ပြားေနတဲ့ပိုးဟာ ဗီဇေျပာင္းပိုး ဟုတ္မဟုတ္ ေဆးသုေတသနဦးစီးဌာနမွာ စစ္ေဆးေနပါၿပီ ေနာက္ရက္မ်ားမၾကာမီ အေျဖသိရဖို႔ရွိပါတယ္။ဗီဇေျပာင္းပိုးျဖစ္ျဖစ္ မူလပထမလ

က္ေဟာင္းစစ္စစ္ ဝူဟန္ကပိုးပဲျဖစ္ျဖစ္ ကူးစက္တတ္တဲ့ ပုံစံဟာ အတူတူပါပဲ ပိုးသစ္ကေတာ့ ပိုကူးစက္ျမန္ပါတယ္။ လက္ရွိအခ်ိန္အထိ ရခိုင္မွာ ျပင္းထန္တဲ့ လကၡဏာခံစားေနရသူ မရွိေနပါဘူးျမန္မာႏိုင္ငံမွာလဲ ေနာက္ဆုံး ၆ ေယာက္ေျမာက္ ေသဆုံးတာကလ

ည္ း ၂၄-၄-၂၀၂၀ မွာျဖစ္လို႔ ေသဆုံးမႈမရွိတာ ၄ လေက်ာ္ပါၿပီ ျပင္းျပင္းထန္ထန္ ျဖစ္ပြားသူ မရွိတာနဲ႔ ဒီပိုးကို ေလွ်ာ့တြက္လို႔ မျဖစ္ပါဘူး ေလွ်ာ့တြက္လို႔မရတဲ့ထဲ ကိုဗစ္ပါပါတယ္ ဒီေတာ့ကာ လုပ္သင့္လုပ္ထိုက္တာေတြ ေသခ်ာသာေဆာင္႐ြက္မယ္ဆိုရင္ အၾကာ

ႀကီး မေစာင့္ရပါဘူး ေနာက္ႏွစ္ပတ္မွာ အေျဖေပၚႏိုင္မွာပါအိမ္မွာသာေနပါMask တ္ပါ လက္ေဆးပါ လူအုပ္စုေရွာင္ပါ တစ္ေယာက္နဲ႔တစ္ေယာက္ ၆ ေပခြာေနပါ ဖ်ား ေခ်ာင္းဆိုး အနံ႔အရသာမရရင္ သက္ဆိုင္ရာ ဖ်ားနာကုသေနရာတြင္ ျပပါQ ကို ေရွာင္မေျပးပါနဲ႔

ၾကည္ၾကည္ျဖဴျဖဴပူးေပါင္းပါ ျပည္သူလူထုကလည္း Q ဝင္တဲ့သူကို အျပစ္တင္တာ အထူးအဆန္းလုပ္ၾကည့္တာ ခြဲျခားဆက္ဆံတာ ဓာတ္ပုံေတြ လိုက္႐ိုက္တာ မလုပ္ၾကပါနဲ႔ေနာ္ မိမိဆိုရင္ေကာႀကိဳက္မလား ကိုယ္ခ်င္းစားပါ Q ဝင္မဲ့သူေတြကိုလည္း ေမတၱာရပ္ခံလို

တာက လိုအပ္လို႔ Q ဝင္ဖို႔ ေျပာရျခင္းျဖစ္ပါတယ္။မိမိမွာသာ မသိလိုက္ပဲ ေရာဂါပိုးရွိေနရင္ မိသားစုကို ဒုကၡေတာထဲ ပို႔သူတရားခံျဖစ္ႏိုက္တာမို႔ မိမိဘဝ တသက္တာထဲက ၃ ပတ္အခ်ိန္ေလး ေပးၾကပါ စိတ္ရွည္ပါ Q ဝင္တာနဲ႔ပတ္သက္လို႔ သိခ်င္ရင္ ၂၀၁၉ ကို

ဆက္ပါ။က်န္းမာေရးကထုတ္ျပန္ထားခ်က္မ်ားကိုလိုက္နာပါ။ ဒါမွသာ ကိုဗစ္ေၾကာင့္ ေရာဂါကူးစက္ျဖစ္ပြားျခင္း ေသဆုံးျခင္းမွ ေရွာင္လႊဲႏိုင္မည္ျဖစ္ပါတယ္ဒီေနရာမွာ ႀကဳံတုန္းတစ္ခုေမတၱာရပ္ခံလိုတာက ကိုဗစ္ဟာ ကူးစက္တာသာျမန္တာပါ ေရာဂါအျပင္းစားႀကီးႀကီး

မျဖစ္လို႔ ေၾကာက္စရာမလိုပါဆိုၿပီး ျပည္သူလူထုကို အမွန္ကို အမွားၾကားညႇပ္ၿပီး ေရာဂါထိန္းခ်ဳပ္ကုသေရးမွာ မွားယြင္းတဲ့အသိ ယုံၾကည္ခ်က္ျဖစ္ေအာင္ လုပ္တဲ့ သူေတြကို အလြန္ပင္အံ့ဩမိပါတယ္လက္ရွိအခ်ိန္အထိ ဗီဇေျပာင္းပိုးဟာ ျပင္းအားမ်ားလာမွာလား ေလ်ာ့

သြားမွာလားနဲ႔ပတ္သက္ၿပီး ေသခ်ာသိသာထင္ရွားတဲ့ သက္ေသျပဳခ်က္မ်ား မရွိေသးပါ ေရာဂါမကူးစက္ေအာင္ ဂ႐ုျပဳေနထိုက္ဖို႔အလြန္အေရးႀကီးပါတယ္ ေၾကာက္ရပါမယ္ ေၾကာက္မွသာ မိမိကို မကူးစက္ေအာင္ ပိုမိုသတိထား ေနထိုင္မွာ ျဖစ္ပါတယ္ဥပမာ…မိမိမွာ ပိုး

ေတြ႕လူနာ ျဖစ္တယ္ဆိုၾကပါစို႔ သင္ဘယ္ေလာက္စိတ္ညစ္မလဲ စိတ္အားငယ္မယ္ ေဒါသထြက္မယ္ ကိုယ့္မွလာျဖစ္ရသလားေပါ့ ၿပီးေတာ့ မိမိမိသားစုကို ကူးစက္မလား စိုးရိမ္မယ္ တျခားသူေတြသာ ထပ္မံကူးစက္ခံရလွ်င္ မိမိေၾကာင့္ဆိုၿပီး အျပစ္တင္ခံရမလားစိုးရိမ္

မိမယ္ အလုပ္ပ်က္ အကိုင္ပ်က္မယ္ ဒီေရာဂါသာ ေၾကာက္စရာမေကာင္းရင္ လူ ၈ သိန္းေက်ာ္ ေသပါ့မလား စဥ္းစားပါ မိမိက ဘာသားနဲ႔ထုထားတဲ့သူမို႔လို႔လဲ လူထဲကလူပဲေလပိုးေတြ႕လူနာတစ္ေယာက္ေတြ႕ၿပီဆိုတာနဲ႔ သူနဲ႔ထိေတြ႕ဆက္ႏြယ္ေနတဲ့ ထိေတြ႕သူ ေတြ

လိုက္ရတာ အေျပာလြယ္သေလာက္ ေျမျပက္မွာ ခက္ခဲပါတယ္ တခ်ိဳ႕ဖုန္းဆက္တာ မကိုင္တာ ဖုန္းပိတ္ထားတာမ်ိဳးလဲ ႀကဳံရပါတယ္ တကယ့္ကို မလြယ္တဲ့အလုပ္ေတြပါဟုတ္ၿပီ ကုသေပးသူဘက္ကၾကည့္ၾကစို႔ လူနာေတြ မ်ားလာရင္ ဘယ္ေလာက္ထိ ဆရာဝန္ ဆရ

ညမအင္အားေတြလိုမလဲ ေနရာထိုင္ခင္းေတြ PPE စတဲ့အေထာက္အကူျပဳပစၥည္းေတြ ေဆးဝါးေတြ အကယ္၍ နဂိုေရာဂါအခံရွိသုဆို ၁+၁= ၃ ျဖစ္သြားႏိုင္ပါတယ္ နဂိုရွိရင္းစြဲေရာဂါေတြပိုဆိုးမယ္ ကိုဗစ္ခ်ည္းသီးသန႔္ဆိုရင္ေတာင္ ျပန္ေကာင္းလာရင္ ႏွလုံးေကာင္းစြ

ာ အလုပ္မလုပ္ႏိုင္တာမ်ိဳး အဆုတ္ေကာင္းေကာင္း အလုပ္မလုပ္ႏိုင္တဲ့အတြက္ အသက္ရႉမဝျဖစ္တာမ်ိဳး ကစၿပီး ေနာက္ဆက္တြဲအေမြအျဖစ္ရမဲ့ ေရာဂါေပါင္းမ်ားစြာရွိပါတယ္ ၿခိမ္းေျခာက္တယ္လို႔ မထင္ေစလိုပါ။သုေတသနျပဳခ်က္မ်ားစြာရွိပါတယ္ လက္ရွိအခ်ိန္မွာလဲ

ရခိုင္မွာ ကိုဗစ္လူနာကို ျပဳစုေစာင့္ေရွာက္ရင္းနဲ႔ ပိုးကူးခံရသူ က်န္းမာေရးဝန္ထမ္း မနည္းေတာ့ပါ ဆရာဝန္ ၃ ေယာက္ပါပါတယ္ ဒီေတာ့ကာ ေပါ့သင့္သလား မေပါ့သင့္ဘူးလား ခ်င့္ခ်ိန္ႏိုင္ပါတယ္ႏိုင္ငံေတာ္အစိုးရဘက္ကေရာ ရွိသမွ် အရင္းအျမစ္ထဲက ဒီေရာဂါ

အတြက္ ပုံေအာျမႇပ္ႏွံထားတာပါ ရွိလြန္းလို႔မဟုတ္ပါ ဓာတ္ခြဲစမ္းသပ္မႈတစ္ခုတင္ ၂ သိန္းခန႔္ကုန္က်စရိတ္ရွိတဲ့အခ်ိန္မွာ လူနာတစ္ေယာက္ကို ၁၃-၁၄ ႀကိမ္ ပိုးႏွစ္ႀကိမ္ မေတြ႕တဲ့ထိ ကုန္က်စရိတ္တြက္ၾကည့္ပါ ၾကားထဲ ေဆးကုသစရိတ္ ေကြၽးေမြးစရိတ္ သူတို႔ကို

ေန႔စဥ္ၾကည့္လို႔ ကုန္က်တဲ့ PPE ဖိုးေတြ (ဒီေနရာမွာ ပိုက္ဆံရွိတိုင္း ဝယ္ဖို႔မလြယ္ပါ သယ္ယူဖို႔မလြယ္ပါေလ)Quarantine ပိုင္းၾကည့္မလား ေကြၽးေမြးစရိတ္ ကတင္မနည္းမေနာပါ အႏၲရာယ္ကင္းၿပီး အာဟာရျပည့္ေအာင္ ေကြၽးေမြးရတဲ့တာဝန္ မေသးလွပါ ဒီ

ၾကားထဲ စိတ္ပိုင္းဆိုင္ရာ ထိခိုက္လို႔ ကြကိုယ္သတ္ေသတဲ့ကိစၥရပ္ေတြကလည္း ရွိေနတာ စိတ္မေကာင္းစရာပါ။ ဒါ့ေၾကာင့္မို႔ ပိုးေတြ႕တာ မစိုးရိမ္ပါနဲ႔ ဆိုတာ ေျပာသင့္သလား မေျပာသင့္သလား သိေလာက္ၿပီထင္ပါတယ္ဒါ့ေၾကာင့္မို႔ မိမိရဲ႕ ေပါ့ပ်က္ပ်က္စကားဟာ

အမ်ားၿပီးထိခိုက္ႏိုင္တယ္ဆိုတာ သိေစခ်င္ပါတယ္ တာဝန္ယုမႈ တာဝန္ခံမႈ အျပည့္ရွိရပါမယ္ ခုခ်ိန္မွာ အသက္ေတြနဲ႔ အရင္းအႏွီးလုပ္ၿပီး ကိုဗစ္နဲ႔ သုႏိုက္ကိုယ္ႏိုင္အၿပိဳင္က်ဲ တိုက္ပြဲဝင္ေနရတဲ့အခ်ိန္မွာ စကားဆိုတာ မမွားေအာင္ ဂ႐ုစိုက္ရပါတယ္ ေရရွည္ကို

ၾကည့္ရပါတယ္ဒီအခ်ိန္မွာ လူစြမ္းေကာင္း ေစတနာ့ဝန္ထမ္းေတြကလည္း အားပါးတရထြက္ေပၚလာပါၿပီ ႏွစ္ရက္အတြင္း ၁၈၆ ဦး စာရင္းေပးထားတာကို အားရစဖြယ္ေတြ႕ရမွာပါ တစ္ေထာင့္တေနရာကေန အစြမ္းျပလိုက္ပါ ျပည္သူအတြက္ ႀကိဳးစားေပးပါကမာၻႀကီး

မွာ ခုစာေရးေနခ်ိန္ ၂၄.၃ သန္း ေရာဂါကူးသပ္ခံေနရၿပီး ေသဆုံးသူ ၈ သိန္း ၃ ေသာင္းနီးပါး ရွိေနၿပီမို႔ တစက္ကေလးမွ မေပါ့ဆသင့္ပါေၾကာင္း ေမတၱာျဖင့္ အသိေပး တိုက္တြန္းႏႈိးေဆာ္လိုက္ရပါသည္ေဆးဝန္ထမ္းေတြကို စာနာေသာအားျဖင့္ စည္းကမ္းေတြ

လိုက္နာၿပီး အတူပူးေပါင္းပါဝင္ေပးၾကပါ။

Dr Khin Khin Gyi

Add a Comment

Your email address will not be published.