ရိုးရိုးလေးဝတ်ပြီး သာသနာတော်အတွက် လိုအပ်တဲ့ နဝကံမငွေ သိန်းထောင်ချီလှူသွားတဲ့ မိသားစု

Sharing is caring!

သာသနာတော်အတွက်ရည်စူးပြီး ကျပ်သိန်းပေါင်း ထောင်ချီလှူသွားခဲ့တဲ့ စေတနာရှင်မိသားစုလေးပါ။အားကျမိပါတယ်…အားလုံးသာဓုခေါ်ဆိုနိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာ အလှူအတန်းမှာ နံပါတ်တစ်ရယ်လို့ ကမ္ဘာမှာ နာမည်ကျော်ပါတယ်။ခုလည်းပဲ ငွေသိန်းပေါင်းထောင်ပေါင်းများစွာကို အလှူရှင် မိသားစုတစ်စုက သာသနာတော်အတွက်လှူဒါန်းလိုက်ပါတယ်။

အဲတာကတော့… “စေတနာရှင် မိသားစု တစ်ခုက မြတ်စွာဘုရား၏ ဗုဒ္ဓသာသနာအဓွန့်ရှည်တည်တံ့စေဖို့အတွက် ရည်စူးပြီးတော့ သာသနာ့ပျိုးဥယျာဉ်ကျောင်းတော်ကြီးတည်ဆောက်ဖို့အတွက်နဝကမ္မဝတ္ထုငွေ ကျပ်သန်းပေါင်း (၆၅၀၀ ) ကိုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အခုလို လှူဒါန်းမှုအတွက် ပြုပြုသမျှကုသိုလ်တွေကိုလည်း ၇ ရက်သားသမီးနှင့်တကွ မိတ်ဆွေများကိုမျှဝေပါတယ်။” ဆိုပြီး လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

အဲတာကြောင့် ယခုလို သိန်းပေါင်းထောင်ပေါင်းများစွာကို လှူတန်းခဲ့တဲ့ စေတနာရှင်မိသားစုရဲ့ အလှူကိုပရိသတ်ကြီးတို့လည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ဖို့ ဒီစာလေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Source ; ဟံသုတကျော်

Zawgyi Version






Source ; ဟံသုတကျော်

Add a Comment

Your email address will not be published. Required fields are marked *