တောင်ကြီးမှာ မိဘမဲ့ကလေးတွေအတွက် ဂေဟာအသစ်များ ဖွင့်မည့် ခိုင်နှင်းဝေ

Sharing is caring!

ခိုင်နှင်းဝေတစ်ယောက်ဟာ ကံကံ၏အကျိုးဆိုတဲ့စကားလေးအတိုင်းပဲ ရင်ခွင်မဲ့ကလေးငယ်တွေကို အကောင်းဆုံးပြုစုပျိုးထောင်ရင်းသူမရဲ့ပရဟိတအလုပ်လေးဟာလည်း ယုံကြည်သူ၊ လှူတန် းသူတွေများပြားလာခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်း

လောက်က မရှိခဏ ဆရာတော် ကြီးထံမှာ သားလေးခိုင်ရန်ဝေးမောင်ကိုကျွေးမွေးပြုစုဖို့အတွက် ပေးအပ်ထားခဲ့ပြီးနောက် ဆရာတော်ကြီးက ဂေဟာကိုထပ်မံကြွမြန်းလာခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ဒကာရင်းက နောက်ထပ်ရင်ခွင်မဲ့

ကလေးငယ်လေးတွေ ခိုလှုံဖို့အတွက် တောင်ကြီးမှာမြေနေရာတစ်ကွက်လှူတန်းမှာ ဖြစ်တဲ့အကြောင်းကိုလည်း ခိုင်နှင်းဝေက ဝမ်းသာအားရပြောပြခဲ့ပါသေးတယ်။ အနာဂတ်ရဲ့ ရင်ခွင်မဲ့ကလေးငယ်လေးတွေကို အမိုးအောက်မှာ လုံ

လုံခြုံခြုံနဲ့ ပြုစုနိုင်တော့မှာဖြစ်လို့မေမေခိုင်နှင်းဝေရဲ့ ပီတိကတော့ ပြောမပြတတ်အောင်ဝေနေခဲ့ပါတယ်။ဒီအကြောင်းလေးကို ” ဂေဟာသို့ မရှိခဏ ဆရာတော်ဘုရားကြီးကြွလာအပူဇော်ခံပြီး ဆရာတော် ဘုရား ရဲ့ သားတော်လွိုင်ခမ်း ဆင့်

မြင့်အိမ်ရာစီမံကိန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းရွက်မှ အလှူငွေ ဆယ်သိန်းနှင့် ။ဂေဟာမှ ဝန်ထမ်းများအတွက် မုန့်ဖိုး ၂ သိန်း ကျပ် လှူဒါန်းပေးပါတယ်ရှင် ကိုစိုင်းမှ တောင်ကြီးမြို့တွင်ကျမ ဂေဟာဆောက်လုပ်ရန်အတွက် မြေ

ဧကကျယ်နှင့် အဆောက်အဦး ဆောက်လုပ်လှူဒါန်းပေးမည်ဟု ကမ်းလှမ်းခဲ့ပါသောကြောင့် ။အနာဂတ် စွန့်ပစ်ခံကလေးများအတွက် ကျမဝမ်းသာခဲ့ရပါတယ်ရှင် ရန်ကုန် နှင့် တောင်ကြီး အပြင် အခြားမြို့ တိုင်းမှာ ဂေဟာတွေ ဖွင့်နိူ

င်၍ သာသနာပြုမည့် သားသမီးများ မွေးထုတ်ပေး နိုင်ပါစေလို့ ဆုတောင်းမိ ပါတယ်ရှင် ။မြေဧကအကျယ်နှင့် အဆောက်အဦး လှူဒါန်းပေးပါသော ဥက္ကဌ ဦးစိုင်းရွက် အား ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ဆိုပြီးပြောပြခဲ့ပါတယ်။
Credit

Add a Comment

Your email address will not be published.