ဆေးရုံမှာလိုနေတဲ့ ဆိုင်ကယ်တစ်ဦးကို ဆရာတော်အရှင်ဆေကိန္ဒ ထပ်လှူလိုက်ပြန်ပြီ
Sharing is caring!
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒဟာ ကိုဗစ်ကာကွယ်ရေးအတွက် လိုတာတွေကို အဘက်ဘက်ကနေစဉ်းစားပြီးလှူဒါန်းတဲ့ ဆရာတော်ကြီးပါ။
မီးစက်လိုလား…လူနာတင်ယာဉ်လိုလား…ဆန် ဆီ ဆား လား.စတဲ့ လိုလားချက်မှန်သမျှကို ဖြည့်ဆည်းကူညီပေးတဲ့ဆရာတော်ကြီး ဖြစ်ပါတယ်။
ခုလည်းပဲ ဆရာတော်ကြီးဟာ ဝေဘာဂီဆေးရုံမှာ လိုအပ်လျက်ရှိတဲ့ ဆိုင်ကယ်တစ်စီးကို စဉ်းစားပြီး လှူဒါန်းခဲ့ပြန်ပါတယ်။
ဒီအကြောင်းလေးကို လူမှုကွန်ရက်မှာ ခုလို ဖော်ပြထားပါတယ်။
“ဘုန်းဘုန်းကြီးအရှင်ဆေကိန္ဒမှ ယနေ့ ဝေဘာဂီဆေးရုံကြီးသို့ ဆိုင်ကယ်လှူဒါန်းဝေဘာဂီဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများ ဆေးရုံအဆောင်များ စာရွက်စာတမ်း နှင့်လိုအပ်သည့် ဆေးပစ္စည်းများသယ်ဆောင်ရန်၊ လုပ်ငန်းများလွယ်ကူစေရန် နှင့်အထောက်အပံ့ဖြစ်စေရန်အတွက် လိုအပ်နေသော အရာတစ်ခု လှူဒါန်းခွင့်ရခဲ့ပါတယ်..ဝမ်းသာကြည်နူးပိတီဖြစ်ရပါသည်။”
ဒါကြောင့် လိုအပ်ချက်တွေကို အဖက်ဖက်က စဉ်းစားပြီး ပြည့်စုံအောင်လှူဒါန်းတဲ့ ဆရာတော်ကြီးရဲ့စေတနာမေတ္တာတရားနဲ့ လှူတဲ့ အလှူကို သာဓုခေါ်ခဲ့ကြပါအုံးနော်။
ZawGyi Version
Add a Comment
Your email address will not be published.