သံဃာတော်များရဲ့ ပရိယတ္တိစာမေးပွဲမေးခွန်းလွှာမှာ ဖြူဖြူထွေးအကြောင်း ပါဝင်လာ

Sharing is caring!

ဖြူဖြူထွေးကတော့ ကျောင်းကပွဲဗီဒီယိုမှတဆင့် လူမှုကွန်ယက်စာမျက်နှာမှာ ကျော်ကြားလာပြီး တစ်နိုင်ငံလုံးက လူကြီးလူငယ်မရွေး အားပေးချစ်ခင်ကြတဲ့အထိ အောင်မြင်လာ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့ ရိုးသားတဲ့ဟန်ပန်

အမူအယာနဲ့ ပွင့်လင်းစွာပြောဆိုနေထိုင်တတ်မှုကလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ သူမရဲ့ အောင်မြင်မှု အပေါ်မှာ မာန်မာနထားရှိခြင်းမရှိပဲ သူမရဲ့ ပင်ကိုယ်ပကတိပုံစံလေး

အတိုင်း ပျော်ပျော်နေရင်း အလှူအတန်းတွေပြုလုပ်ပြီး ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ချစ်ခင်မှုတွေ ရရှိနေတဲ့ ဖြူဖြူထွေးက ဒီကနေ့မှာလည်း သံဃာတော်များရဲ့ ပရိယတ္တိစာမေးပွဲ

မေးခွန်းလွှာမှာ ပါဝင်ခဲ့တဲ့ သူမရဲ့နာမည်လေးကြောင့် ကြည်နူးခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုမေးခွန်းကတော့ ညောင်ရွှေမြို့၊ ကန်ကြီးပရိယတ္တိစာသင်တိုက်ရဲ့ အပတ်စဉ် လေ့ကျင့်ခန်းစာမေးပွဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး အဘိဓမ္မတ္ထသင်္ဂ

ဘာသာမှာ မေးခဲ့တာဖြစ်ကြောင်း အခုလိုပဲ တွေ့ရပါတယ်။ဖြူဖြူထွေးကတော့ ဘယ်လောက်တောင် လူချစ်လူခင်ပေါများလဲဆိုရင် သံဃာတော်များရဲ့ ပရိယတ္တိစာမေးပွဲ မေးခွန်းလွှာမှာပါတဲ့အထိကိုပါပဲ။ ပရိသတ်ကြီးလည်း မေးခွန်းလွှာ

မှာပါတဲ့ ဖြူဖြူထွေးရဲ့ နာမည်ကြောင့် အံ့သြနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *